[Zawgyi]

Leonardo DiCaprio နဲ႔ ေက်ာင္းေတာ္က ရန္စကို ထုတ္ေဖာ္လိုက္တဲ့ Mark Wahlberg

Mark Wahlberg ကေတာ့ သူနဲ႔ တြဲဖက္သရုပ္ေဆာင္ဖူးတဲ့ မင္းသား Leonardo DiCaprio နဲ႔ ေက်ာင္းေတာ္က ရန္စေတြကို အခုလို ဖြင့္ခ်ျပလိုက္ပါျပီ။ ဒီအျဖစ္အပ်က္ကုိေတာ့ UCLA Conference မွာ သူစကားေျပာရတုန္း ေဖာက္သည္ခ်ခဲ့တာ ျဖစ္ပါတယ္။

Mark Wahlberg and Leonardo DiCaprio

Mark Wahlberg and Leonardo DiCaprio

Mark Wahlberg နဲ႔ Leonardo တို႔ဟာ သူတို႔ တူတူရိုက္ကူးခဲ့တဲ့ ‘Basketball Diaries (1995)’ ဇာတ္ကားမွာ တစ္ေယာက္ကို တစ္ေယာက္ ဒီဇာတ္ကားမွာ ပါသင့္တယ္ မထင္ပါဘူးတဲ့။

The Basketball Diaries

The Basketball Diaries

ဒီအေၾကာင္းကို Mark Wahlberg က “သူကလည္း ကၽြန္ေတာ့္ကို ဒီကားမွာ မပါေစခ်င္သလို ကၽြန္ေတာ္ကလည္း သူ႔ကို ဒီဇာတ္ကားနဲ႔ သင့္ေတာ္တဲ့ လူလို႔ကို မထင္ပါဘူူး” လို႔ ေျပာျပခဲ့ပါတယ္။

Mark Wahlberg နဲ႔ Leonardo DiCaprio ငယ္စဥ္က

Mark Wahlberg နဲ႔ Leonardo DiCaprio ငယ္စဥ္က

ဒါေပမယ့္ သရုပ္ေဆာင္ေရြးခ်ယ္မႈအပိုင္းက ဒါရိုက္တာဟာ Leonardo DiCaprio ကို Wahlberg နဲ႔ တူတူ သရုပ္ေဆာင္ေရြးပြဲဝင္ဖုိ႔ ေခ်ာ့ေမာ့ႏုိင္ခဲ့ပါတယ္။ သူတို႔ ႏွစ္ေယာက္တူတူသရုပ္ေဆာင္ရတဲ့ အေၾကာင္းကိုေတာ့ “အစမ္းသရုပ္ေဆာင္တဲ့ေနရာကို စဝင္လာတုန္းက တစ္ေယာက္ကို တစ္ေယာက္ၾကည့္ျပီး ဒီေကာင္ဘာေကာင္လဲလို႔ ေတြးေနမိၾကတာ အမွန္ပါ။ ဒါေပမယ့္ ဇာတ္ဝင္ခန္းတစ္ခုကို အတူတူသရုပ္ေဆာင္ျပီးတဲ့အခါမွာေတာ့ ဒီဘဲက သရုပ္ေဆာင္တာ မိုက္လွခ်ည္လားဆိုျပီး ႏွစ္ေယာက္လံုးေတြးမိပါေတာ့တယ္” ဆိုျပီး Mark Wahlberg က သူတို႔ ေျပလည္မႈရသြားတဲ့ အေၾကာင္းကို ဖြင့္ေျပာခဲ့ပါတယ္။

Mark Wahlberg နဲ႔ Leonardo DiCaprio ငယ္စဥ္က

Mark Wahlberg နဲ႔ Leonardo DiCaprio ငယ္စဥ္က

ေနာက္ဆက္တြဲအေနနဲ႔ “ကၽြန္ေတာ္တို႔ ႏွစ္ေယာက္ဟာ တစ္ေယာက္ကို တစ္ေယာက္ေလးစားသမႈရွိရမယ္လို႔ သင္ယူခဲ့ၾကျပီး တကယ္လည္း ေလးစားမႈရွိသြားခဲ့ၾကပါတယ္” လို႔ ေျပလည္သြားတဲ့ အေၾကာင္းကိုပါ ဆက္ေျပာျပခဲ့ပါတယ္။

Mark Whalberg နဲ႔ Leonardo DiCaprio ရင္းရင္းႏွီးႏွီး

Mark Whalberg နဲ႔ Leonardo DiCaprio ရင္းရင္းႏွီးႏွီး

ဒီလို မသင့္မျမတ္ျဖစ္ေနရင္းနဲ႔ပဲ ဇာတ္ကားရုိက္ေနရင္း သူတို႔ႏွစ္ေယာက္ဟာ တကယ့္ သူငယ္ခ်င္းေကာင္းေတြ ျဖစ္သြားၾကပါတယ္။ ဘယ္ေလာက္ေတာင္ခ်စ္သြားၾကသလဲဆုိရင္ ရုပ္ရွင္ရိုက္ကူးမႈျပီးသြားတာေတာင္မွ အျပင္မွာ ဘတ္စကတ္ေဘာပြဲေတြ တူတူသြားၾကည့္တဲ့အထိ ရင္းႏွီးတဲ့ သူငယ္ခ်င္းေတြ ျဖစ္သြားၾကတာပါ။ Mark Wahlberg နဲ႔ Leonardo DiCaprio တို႔ ႏွစ္ေယာက္ဟာ ၂၀၀၆ ခုႏွစ္ရဲ႕ ထိပ္တန္းဇာတ္ကားျဖစ္တဲ့ ‘The Departed’ ဇာတ္ကားမွာ အတူူတူျပန္လည္သရုပ္ေဆာင္ခဲ့ၾကပါတယ္။

Yoe Lu (Akhayar)

www.akhayar.com

Source : news.com.au
[Unicode]

Leonardo DiCaprio နဲ့ ကျောင်းတော်က ရန်စကို ထုတ်ဖော်လိုက်တဲ့ Mark Wahlberg

Mark Wahlberg ကတော့ သူနဲ့ တွဲဖက်သရုပ်ဆောင်ဖူးတဲ့ မင်းသား Leonardo DiCaprio နဲ့ ကျောင်းတော်က ရန်စတွေကို အခုလို ဖွင့်ချပြလိုက်ပါပြီ။ ဒီအဖြစ်အပျက်ကိုတော့ UCLA Conference မှာ သူစကားပြောရတုန်း ဖောက်သည်ချခဲ့တာ ဖြစ်ပါတယ်။

Mark Wahlberg and Leonardo DiCaprio

Mark Wahlberg and Leonardo DiCaprio

Mark Wahlberg နဲ့ Leonardo တို့ဟာ သူတို့ တူတူရိုက်ကူးခဲ့တဲ့ ‘Basketball Diaries (1995)’ ဇာတ်ကားမှာ တစ်ယောက်ကို တစ်ယောက် ဒီဇာတ်ကားမှာ ပါသင့်တယ် မထင်ပါဘူးတဲ့။

The Basketball Diaries

The Basketball Diaries

ဒီအကြောင်းကို Mark Wahlberg က “သူကလည်း ကျွန်တော့်ကို ဒီကားမှာ မပါစေချင်သလို ကျွန်တော်ကလည်း သူ့ကို ဒီဇာတ်ကားနဲ့ သင့်တော်တဲ့ လူလို့ကို မထင်ပါဘူူး” လို့ ပြောပြခဲ့ပါတယ်။

Mark Wahlberg နဲ့ Leonardo DiCaprio ငယ်စဉ်က

Mark Wahlberg နဲ့ Leonardo DiCaprio ငယ်စဉ်က

ဒါပေမယ့် သရုပ်ဆောင်ရွေးချယ်မှုအပိုင်းက ဒါရိုက်တာဟာ Leonardo DiCaprio ကို Wahlberg နဲ့ တူတူ သရုပ်ဆောင်ရွေးပွဲဝင်ဖို့ ချော့မော့နိုင်ခဲ့ပါတယ်။ သူတို့ နှစ်ယောက်တူတူသရုပ်ဆောင်ရတဲ့ အကြောင်းကိုတော့ “အစမ်းသရုပ်ဆောင်တဲ့နေရာကို စဝင်လာတုန်းက တစ်ယောက်ကို တစ်ယောက်ကြည့်ပြီး ဒီကောင်ဘာကောင်လဲလို့ တွေးနေမိကြတာ အမှန်ပါ။ ဒါပေမယ့် ဇာတ်ဝင်ခန်းတစ်ခုကို အတူတူသရုပ်ဆောင်ပြီးတဲ့အခါမှာတော့ ဒီဘဲက သရုပ်ဆောင်တာ မိုက်လှချည်လားဆိုပြီး နှစ်ယောက်လုံးတွေးမိပါတော့တယ်” ဆိုပြီး Mark Wahlberg က သူတို့ ပြေလည်မှုရသွားတဲ့ အကြောင်းကို ဖွင့်ပြောခဲ့ပါတယ်။

Mark Wahlberg နဲ့ Leonardo DiCaprio ငယ်စဉ်က

Mark Wahlberg နဲ့ Leonardo DiCaprio ငယ်စဉ်က

နောက်ဆက်တွဲအနေနဲ့ “ကျွန်တော်တို့ နှစ်ယောက်ဟာ တစ်ယောက်ကို တစ်ယောက်လေးစားသမှုရှိရမယ်လို့ သင်ယူခဲ့ကြပြီး တကယ်လည်း လေးစားမှုရှိသွားခဲ့ကြပါတယ်” လို့ ပြေလည်သွားတဲ့ အကြောင်းကိုပါ ဆက်ပြောပြခဲ့ပါတယ်။

Mark Whalberg နဲ့ Leonardo DiCaprio ရင်းရင်းနှီးနှီး

Mark Whalberg နဲ့ Leonardo DiCaprio ရင်းရင်းနှီးနှီး

ဒီလို မသင့်မမြတ်ဖြစ်နေရင်းနဲ့ပဲ ဇာတ်ကားရိုက်နေရင်း သူတို့နှစ်ယောက်ဟာ တကယ့် သူငယ်ချင်းကောင်းတွေ ဖြစ်သွားကြပါတယ်။ ဘယ်လောက်တောင်ချစ်သွားကြသလဲဆိုရင် ရုပ်ရှင်ရိုက်ကူးမှုပြီးသွားတာတောင်မှ အပြင်မှာ ဘတ်စကတ်ဘောပွဲတွေ တူတူသွားကြည့်တဲ့အထိ ရင်းနှီးတဲ့ သူငယ်ချင်းတွေ ဖြစ်သွားကြတာပါ။ Mark Wahlberg နဲ့ Leonardo DiCaprio တို့ နှစ်ယောက်ဟာ ၂၀၀၆ ခုနှစ်ရဲ့ ထိပ်တန်းဇာတ်ကားဖြစ်တဲ့ ‘The Departed’ ဇာတ်ကားမှာ အတူူတူပြန်လည်သရုပ်ဆောင်ခဲ့ကြပါတယ်။

Yoe Lu (Akhayar)

www.akhayar.com

Source : news.com.au