[Zawgyi]

ခ်စ္သူမ်ားေန႔က ဖေလာ္ရီဒါမွာ ေက်ာင္းတြင္းပစ္ခတ္မႈတစ္ခုျဖစ္ျပန္လို႔ လူ ၁၇ ဦး အသက္ဆံုးရႈံးရ

အေမရိကန္ႏုိင္ငံ၊ ဖေလာ္ရီဒါ၊ Parkland က Marjory Stoneman Douglas အထက္တန္းေက်ာင္းမွာ ပစ္ခတ္မႈတစ္ခုျဖစ္ပြားခဲ့တဲ့အတြက္ လူ ၁၇ ဦး ေသဆံုးခဲ့ရျပီး လူအမ်ားအျပား ထိခုိက္ဒဏ္ရာရရွိခဲ့ရပါတယ္။ ဒီျဖစ္ရပ္ဟာ အခ်စ္ေတြနဲ႔ ထံုမႊန္းေနတဲ့ Valentine’s Day မွာ ေၾကကြဲဖြယ္ရာ ေသြးစြန္းတဲ့ အျဖစ္အပ်က္ၾကီးပါပဲ။

အနည္းဆံုး လူ ၁၆ ဦးေလာက္ကို ဒဏ္ရာရရွိတာ ေတြ႔ရွိခဲ့ရျပီး ၂ ဦးကေတာ့ ေနာက္ပိုင္းမွာ ေသဆံုးသြားခဲ့ပါတယ္။ က်န္တဲ့ ၅ ဦးကေတာ့ အသက္ေသေစေလာက္တဲ့ ျပင္းျပင္းထန္ထန္ဒဏ္ရာရထားတယ္လို႔ ေဆးရံုေတြက ဆိုပါတယ္။

ဒီျဖစ္ရပ္အတြက္ သံသယရွိသူအေနနဲ႔ ဖမ္းဆီးထားတဲ့သူကေတာ့ အသက္ ၁၉ ႏွစ္သာရွိေသးတဲ့ Nikolas Cruz ျဖစ္ပါတယ္။ သူဟာ Douglas အထက္တန္းေက်ာင္းက ေက်ာင္းသားေဟာင္းတစ္ေယာက္လည္း ျဖစ္ျပီး စည္းကမ္းမလိုက္နာမႈေတြေၾကာင့္ ေက်ာင္းထုတ္ခံခဲ့ရသူလည္း ျဖစ္ပါတယ္။

ဒီလို ျဖစ္ရပ္ျဖစ္တဲ့အတြက္ ေက်ာင္းတာဝန္ရွိသူေတြ၊ မိဘေတြ၊ ဖေလာ္ရီဒါနယ္သားေတြ၊ အာဏာပိုင္ေတြကအစေၾကကြဲေနရျပီး ဒီလို အျဖစ္ဆိုးေတြ ထပ္ထပ္မျဖစ္ေအာင္ တားဆီးရမယ္လို႔ ေျပာေနၾကပါတယ္။

ပစ္ခတ္ခံခဲ့ရတဲ့သူေတြမွာ ဆယ္ေက်ာ္သက္နဲ႔ လူလတ္ပိုင္းအရြယ္ေတြက အမ်ားဆံုးျဖစ္ျပီး အနည္းဆံုး လူ ၁၂ ဦးေလာက္က ေက်ာင္းအေဆာက္အအံုအတြင္း ပစ္ခတ္ခံခဲ့ရတာ ျဖစ္ပါတယ္။ ေသဆံုးခဲ့သူေတြကို အတည္ျပဳျပီးခဲ့ေပမယ့္ မိဘအုပ္ထိန္းသူေတြဆီ အေၾကာင္းၾကာတာ မျပီးမခ်င္းနာမည္ထုတ္ျပန္မွာ မဟုတ္ပါဘူး။

ဒီျဖစ္ရပ္ဆိုးၾကီးျဖစ္ပြားခဲ့တဲ့အခ်ိန္က ေန႔လည္ ၂နာရီခြဲေလာက္မွာ ျဖစ္ျပီး အတန္းခ်ိန္မလႊတ္ခင္ေလး ကပ္ျဖစ္ခဲ့တာ ျဖစ္ပါတယ္။ ပစ္ခတ္သူ Cruz ကိုေတာ့ AR-15 rifle နဲ႔ က်ည္ဆန္အမ်ားအျပားနဲ႔အတူဖမ္းဆီးရမိခဲ့ပါတယ္။

Marjory Stoneman Douglas အထက္တန္းေက်ာင္းမွာ တက္ေရာက္သင္ၾကားေနတဲ့ ေက်ာင္းသားေပါင္း ၃၀၀၀ ေလာက္ရွိျပီး ဒီျဖစ္ရပ္ေၾကာင့္ ဒီတစ္ပတ္စာသင္ခ်ိန္အတန္းေတြအားလံုးကို ဖ်က္သိမ္းထားတယ္လို႔ သိရပါတယ္။ Cruz ဘာလို႔ ဒီလိုပစ္ခတ္ရတယ္ဆိုတဲ့ ေနာက္ခံအေၾကာင္းရင္းကိုေတာ့ စံုစမ္းတုန္းပဲ ျဖစ္ပါတယ္ခင္ဗ်ာ။

ရိုးလူ (အခရာ)

www.akhayar.com

Ref : Vox
[Unicode]

ချစ်သူများနေ့က ဖလော်ရီဒါမှာ ကျောင်းတွင်းပစ်ခတ်မှုတစ်ခုဖြစ်ပြန်လို့ လူ ၁၇ ဦး အသက်ဆုံးရှုံးရ

အမေရိကန်နိုင်ငံ၊ ဖလော်ရီဒါ၊ Parkland က Marjory Stoneman Douglas အထက်တန်းကျောင်းမှာ ပစ်ခတ်မှုတစ်ခုဖြစ်ပွားခဲ့တဲ့အတွက် လူ ၁၇ ဦး သေဆုံးခဲ့ရပြီး လူအများအပြား ထိခိုက်ဒဏ်ရာရရှိခဲ့ရပါတယ်။ ဒီဖြစ်ရပ်ဟာ အချစ်တွေနဲ့ ထုံမွှန်းနေတဲ့ Valentine’s Day မှာ ကြေကွဲဖွယ်ရာ သွေးစွန်းတဲ့ အဖြစ်အပျက်ကြီးပါပဲ။

အနည်းဆုံး လူ ၁၆ ဦးလောက်ကို ဒဏ်ရာရရှိတာ တွေ့ရှိခဲ့ရပြီး ၂ ဦးကတော့ နောက်ပိုင်းမှာ သေဆုံးသွားခဲ့ပါတယ်။ ကျန်တဲ့ ၅ ဦးကတော့ အသက်သေစေလောက်တဲ့ ပြင်းပြင်းထန်ထန်ဒဏ်ရာရထားတယ်လို့ ဆေးရုံတွေက ဆိုပါတယ်။

ဒီဖြစ်ရပ်အတွက် သံသယရှိသူအနေနဲ့ ဖမ်းဆီးထားတဲ့သူကတော့ အသက် ၁၉ နှစ်သာရှိသေးတဲ့ Nikolas Cruz ဖြစ်ပါတယ်။ သူဟာ Douglas အထက်တန်းကျောင်းက ကျောင်းသားဟောင်းတစ်ယောက်လည်း ဖြစ်ပြီး စည်းကမ်းမလိုက်နာမှုတွေကြောင့် ကျောင်းထုတ်ခံခဲ့ရသူလည်း ဖြစ်ပါတယ်။

ဒီလို ဖြစ်ရပ်ဖြစ်တဲ့အတွက် ကျောင်းတာဝန်ရှိသူတွေ၊ မိဘတွေ၊ ဖလော်ရီဒါနယ်သားတွေ၊ အာဏာပိုင်တွေကအစကြေကွဲနေရပြီး ဒီလို အဖြစ်ဆိုးတွေ ထပ်ထပ်မဖြစ်အောင် တားဆီးရမယ်လို့ ပြောနေကြပါတယ်။

ပစ်ခတ်ခံခဲ့ရတဲ့သူတွေမှာ ဆယ်ကျော်သက်နဲ့ လူလတ်ပိုင်းအရွယ်တွေက အများဆုံးဖြစ်ပြီး အနည်းဆုံး လူ ၁၂ ဦးလောက်က ကျောင်းအဆောက်အအုံအတွင်း ပစ်ခတ်ခံခဲ့ရတာ ဖြစ်ပါတယ်။ သေဆုံးခဲ့သူတွေကို အတည်ပြုပြီးခဲ့ပေမယ့် မိဘအုပ်ထိန်းသူတွေဆီ အကြောင်းကြာတာ မပြီးမချင်းနာမည်ထုတ်ပြန်မှာ မဟုတ်ပါဘူး။

ဒီဖြစ်ရပ်ဆိုးကြီးဖြစ်ပွားခဲ့တဲ့အချိန်က နေ့လည် ၂နာရီခွဲလောက်မှာ ဖြစ်ပြီး အတန်းချိန်မလွှတ်ခင်လေး ကပ်ဖြစ်ခဲ့တာ ဖြစ်ပါတယ်။ ပစ်ခတ်သူ Cruz ကိုတော့ AR-15 rifle နဲ့ ကျည်ဆန်အများအပြားနဲ့အတူဖမ်းဆီးရမိခဲ့ပါတယ်။

Marjory Stoneman Douglas အထက်တန်းကျောင်းမှာ တက်ရောက်သင်ကြားနေတဲ့ ကျောင်းသားပေါင်း ၃၀၀၀ လောက်ရှိပြီး ဒီဖြစ်ရပ်ကြောင့် ဒီတစ်ပတ်စာသင်ချိန်အတန်းတွေအားလုံးကို ဖျက်သိမ်းထားတယ်လို့ သိရပါတယ်။ Cruz ဘာလို့ ဒီလိုပစ်ခတ်ရတယ်ဆိုတဲ့ နောက်ခံအကြောင်းရင်းကိုတော့ စုံစမ်းတုန်းပဲ ဖြစ်ပါတယ်ခင်ဗျာ။

ရိုးလူ (အခရာ)

www.akhayar.com

Ref : Vox