Yahoo ဟာ Altaba Inc လို့အမည်ပြောင်းပြီး ကုမ္ပဏီကို Verizon Communications Inc ထံ အပြီးသတ် ရောင်းချသွားဖို့အတွက် နီးစပ်နေပြီဖြစ်တယ်လို့ တနင်္လာနေ့တုန်းက ထုတ်ဖော်ခဲ့ပါတယ်။ အဲ့ဒီအပြင် CEO ဖြစ်သူ Marissa Mayer နဲ့ co-founder ဖြစ်တဲ့ David Filo တို့ဟာလည်း ဒါရိုက်တာ ရာထူးတွေကနေ အသီးသီးနှုတ်ထွက်တော့မှာ ဖြစ်ကြောင်း သိရပါတယ်။

Yahoo အနေနဲ့ တယ်လီကွန်းကုမ္ပဏီကြီးထံကို ရောင်းချဖို့ ဒေါ်လာ ၄.၈ဘီလီယံနဲ့ သဘောတူညီမှု ရရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် တကယ်တမ်းတော့ ဒီထက်အနည်းငယ်ရှုပ်ထွေးပါတယ်။ ကုမ္ပဏီအနေနဲ့ ရောင်းချလိုက်တဲ့အထဲမှာ  Yahoo အသုံးပြုသူတွေရဲ့ Web Business တွေနဲ့ Yahoo Mail နဲ့ Sports တွေ မပါဝင်ဘူးလို့ သိရပါတယ်။

အဲ့ဒီအပြင် နှုတ်ထွက်မဲ့အထဲမှာ ဒါရိုက်တာ ခြောက်ဦးအထိပါဝင်ပြီး Jane Shaw, Eddy Hartenstein နဲ့ Richard Hill တို့လည်း ပါဝင်ပါတယ်။

Ms. Mayer ဟာ Yahoo ကို CEO အဖြစ်နဲ့ ပြီးခဲတဲ့ ၂၀၁၂ခုနှစ်တုန်းက Google ကနေ ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး နောက်ပိုင်းမှာ Verizon မှာ အစိတ်အပိုင်းတစ်ရပ်အနေနဲ့ ပါဝင်နိုင်သေးတယ်လို့ WSJ က ခန့်မှန်းထားပါတယ်။

Yahoo ဟာ အဦးဆုံး အကောင့်ပေါင်း သန်းထောင်ချီအဖောက်ခံခဲ့ရကြောင်း ထုတ်ဖော်ခဲ့ပြီး ပြီးခဲ့တဲ့ လပိုင်းတုန်းကလည်း နောက်ထပ် အကောင့်ပေါင်းများစွာ ထပ်အဖောက်ခံထားရတယ်လို့ ထုတ်ဖော် သိရှိခဲ့ရမှုတွေက ကုမ္ပဏီကို ကြီးမားတဲ့ ထိုးနက်မှုတွေဖြစ်သွားခဲ့ပါတယ်။

Ref: Wall Street Journal, CNet