[Zawgyi]



Mario-Gomez

Mario-Gomez



REF: Deutsche Welle
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

ဂျာမနီအသင်းကနေ အနားယူခဲ့တဲ့ မာရီယို ဂိုးမက်ဇ် Mario Gomez

ဂျာမနီအသင်းရဲ့ တိုက်စစ်မှုး မာရီယို ဂိုးမက်ဇ် Mario Gomez ဟာ နိုင်ငံလက်ရွေးစင်ကစားသမားဘ၀ ကနေ အနားယူခဲ့ပြီပဲဖြစ်ပါတယ်။ မာရီယို ဂိုးမက်ဇ် Mario Gomez ဟာ (၂၀၁၈)ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာ နိုင်ငံလက်ရွေးစင်ကစားသမားဘဝကနေအနားယူခဲ့တဲ့ ဒုတိယမြောက် ဂျာမနီကစားသမားလည်းဖြစ်လာခဲ့ ပါတယ်။

Mario-Gomez

Mario-Gomez

မာရီယို ဂိုးမက်ဇ် Mario Gomez ဟာ ဂျာမနီအသင်းမှာ (၂၀၀၇)ခုနှစ်ကစတင်ရွေးချယ်ခြင်းခံခဲ့ရပြီး (၂၀၁၈)ခုနှစ်အရောက်အသက်(၃၃)နှစ်အရွယ်မှာတော့ နိုင်ငံလက်ရွေးစင်ကစားသမားဘ၀ ကနေ အနားယူခဲ့တာပဲဖြစ်ပါတယ်။ မာရီယို ဂိုးမက်ဇ် Mario Gomez ဟာ ဂျာမနီအသင်းအတွက်ပွဲပေါင်း(၇၈)ပွဲကစားခဲ့ပြီး သွင်းဂိုး(၃၁)ဂိုးသွင်းယူခဲ့ကာ ဂျာမနီအသင်းနဲ့အတူ (၂၀၁၀) ကမ္ဘာ့ဖလားပြိုင်ပွဲမှာ တတိယဆု ၊ ယူရို (၂၀၀၈) ပြိုင်ပွဲမှာ ဒုတိယဆုတွေကိုရရှိခဲ့ပါတယ်။ မာရီယို ဂိုးမက်ဇ် Mario Gomez လို ဝါရင့်အထောင်တိုက်စစ်မှုးတစ်ဦး အနားယူသွားခြင်းဟာ အထောင်တိုက်စစ်နေရာ အားနည်းနေပြီး ခက်ခဲမှုတွေကြုံတွေ့နေရတဲ့ ဂျာမနီအသင်းအတွက်တော့ထိုးနှက်တစ်ခုပဲဖြစ် ပါတယ်။

မာရီယို ဂိုးမက်ဇ် Mario Gomez က ” ကျွန်တော့်ရဲ့ နိုင်ငံလက်ရွေးစင်ကစားသမားဘဝဟာ အမြဲမလွယ်ကူခဲ့ပါဘူး အမြဲလည်းမအောင်မြင်ခဲ့ပါဘူး ဒါပေမဲ့ လှပခဲ့ပါတယ် ” လို့ သူ့ရဲ့ Facebook စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

REF: Deutsche Welle
Photo: Mirror , Premier League – TheFantasyFootball
Ko Kyue(Akhayar)
www.akhayar.com