[Zawgyi]

ကေနဒါႏုိင္ငံမွာ ေဆးေျခာက္ကုိ တရားဝင္သုံးခြင့္ေပးလုိက္ၿပီ

ကေနဒါႏုိင္ငံမွာ ေဆးေျခာက္ကုိ တရားဝင္သုံးစြဲခြင့္ အက္ဥပေဒ Bill C-45 (Cannabis Act) ကုိ အထက္လႊတ္ေတာ္က ဇြန္လ (၁၉) ရက္ေန႔မွာ အတည္ျပဳေပးခဲ့ပါတယ္။ ဒါ့ေၾကာင့္ ေဆးေျခာက္ကုိ လက္ဝယ္ကုိင္ေဆာင္ခြင့္၊ သုံးစြဲခြင့္နဲ႔ အရြယ္ေရာက္ၿပီးသူတုိင္းကုိ ေရာင္းခ်ခြင့္ေတြဟာ ေအာက္တုိဘာလ (၁၇) ရက္ေန႔မွာ တရားဝင္ျဖစ္လာေတာ့မွာပါ။ ေဆးေျခာက္ကုိ တရားဝင္သုံးစြဲခြင့္ျပဳလုိက္တာ ကေနဒါႏုိင္ငံက ပထမဆုံးေတာ့ မဟုတ္ပါဘူး။ ဥရုေဂြးႏုိင္ငံက ေဆးေျခာက္သုံးစြဲခြင့္ကုိ ၂ဝ၁၃ခုႏွစ္ ဒီဇင္ဘာလကတည္းက တရားဝင္ခြင့္ျပဳၿပီးသားပါ။

 

အေမရိကန္ႏုိင္ငံမွာဆုိရင္လည္း ကယ္လီဖုိနီးယားျပည္နယ္ (California) ၊ မန္ဆာခ်ဴးဆက္ျပည္နယ္ (Massachusetts) ၊ နီဗားဒါးျပည္နယ္ (Nevada) နဲ႔ ဝါရွင္တန္ျပည္နယ္ (Washington) အပါအဝင္ ျပည္နယ္ (၉) ခုမွာ ေဆးေျခာက္ကုိ စိတ္အပန္ေျဖစရာ ပစၥည္းအျဖစ္ တရားဝင္ခြင့္ျပဳထားပါတယ္။

ဒါ့အျပင္ တျခားျပည္နယ္ (၂၉) ခုမွာလည္း ဆရာဝန္ရဲ႕ေထာက္ခံခ်က္ပါရင္ ေဆးေျခာက္ကုိ ေဆးဝါးပစၥည္းအျဖစ္ တရားဝင္သုံးခြင့္ေပးထားပါတယ္။ ကေနဒါႏုိင္ငံမွာ ေဆးေျခာက္ကုိ တရားဝင္ေရာင္းခ်လုိရင္ေတာ့ ေရာင္းခ်ခြင့္မွတ္ပုံတင္လုပ္ရမွာျဖစ္ၿပီး အသက္ (၁၈) ႏွစ္ေအာက္ ကေလးငယ္ေတြကုိေတာ့ တားျမစ္ထားပါတယ္။

“ကေနဒါႏုိင္ငံမွာ ေဆးေျခာက္သုံးစြဲခြင့္ကုိ ဥပေဒအရ တားျမစ္ထားတယ္။ ဒါေပမယ့္ တကယ္တမ္းေတာ့ အလုပ္မျဖစ္ပါဘူး။ ေဆးေျခာက္ေလးနည္းနည္းကုိ လက္မွာ ေတြ႕လုိက္တာနဲ႔ လူငယ္ေတြ ေထာင္က်ကုန္တာပဲ။ (လူသားအရင္းအျမစ္ေတြ ဆုံးရႈံးရတယ္) ၿပီးေတာ့ အသက္မျပည့္ေသးတဲ့ လူငယ္ေတြလည္း သုံးၾကတာပဲ။ အခုလုိ တရားဝင္သုံးခြင့္ေပးလုိက္တာက ကေလးငယ္ေတြ မူးယစ္ေဆးဝါးသုံးစြဲမႈကုိ ထိထိေရာက္ေရာက္တားျမစ္ႏုိင္ေအာင္လုိ႔ပါ” လုိ႔ ဝန္ႀကီးခ်ဳပ္ Justin Trudeau က ဆုိသြားပါတယ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

ကနေဒါနိုင်ငံမှာ ဆေးခြောက်ကို တရားဝင်သုံးခွင့်ပေးလိုက်ပြီ

ကနေဒါနိုင်ငံမှာ ဆေးခြောက်ကို တရားဝင်သုံးစွဲခွင့် အက်ဥပဒေ Bill C-45 (Cannabis Act) ကို အထက်လွှတ်တော်က ဇွန်လ (၁၉) ရက်နေ့မှာ အတည်ပြုပေးခဲ့ပါတယ်။ ဒါ့ကြောင့် ဆေးခြောက်ကို လက်ဝယ်ကိုင်ဆောင်ခွင့်၊ သုံးစွဲခွင့်နဲ့ အရွယ်ရောက်ပြီးသူတိုင်းကို ရောင်းချခွင့်တွေဟာ အောက်တိုဘာလ (၁၇) ရက်နေ့မှာ တရားဝင်ဖြစ်လာတော့မှာပါ။ ဆေးခြောက်ကို တရားဝင်သုံးစွဲခွင့်ပြုလိုက်တာ ကနေဒါနိုင်ငံက ပထမဆုံးတော့ မဟုတ်ပါဘူး။ ဥရုဂွေးနိုင်ငံက ဆေးခြောက်သုံးစွဲခွင့်ကို ၂ဝ၁၃ခုနှစ် ဒီဇင်ဘာလကတည်းက တရားဝင်ခွင့်ပြုပြီးသားပါ။

 

အမေရိကန်နိုင်ငံမှာဆိုရင်လည်း ကယ်လီဖိုနီးယားပြည်နယ် (California) ၊ မန်ဆာချူးဆက်ပြည်နယ် (Massachusetts) ၊ နီဗားဒါးပြည်နယ် (Nevada) နဲ့ ဝါရှင်တန်ပြည်နယ် (Washington) အပါအဝင် ပြည်နယ် (၉) ခုမှာ ဆေးခြောက်ကို စိတ်အပန်ဖြေစရာ ပစ္စည်းအဖြစ် တရားဝင်ခွင့်ပြုထားပါတယ်။

ဒါ့အပြင် တခြားပြည်နယ် (၂၉) ခုမှာလည်း ဆရာဝန်ရဲ့ထောက်ခံချက်ပါရင် ဆေးခြောက်ကို ဆေးဝါးပစ္စည်းအဖြစ် တရားဝင်သုံးခွင့်ပေးထားပါတယ်။ ကနေဒါနိုင်ငံမှာ ဆေးခြောက်ကို တရားဝင်ရောင်းချလိုရင်တော့ ရောင်းချခွင့်မှတ်ပုံတင်လုပ်ရမှာဖြစ်ပြီး အသက် (၁၈) နှစ်အောက် ကလေးငယ်တွေကိုတော့ တားမြစ်ထားပါတယ်။

“ကနေဒါနိုင်ငံမှာ ဆေးခြောက်သုံးစွဲခွင့်ကို ဥပဒေအရ တားမြစ်ထားတယ်။ ဒါပေမယ့် တကယ်တမ်းတော့ အလုပ်မဖြစ်ပါဘူး။ ဆေးခြောက်လေးနည်းနည်းကို လက်မှာ တွေ့လိုက်တာနဲ့ လူငယ်တွေ ထောင်ကျကုန်တာပဲ။ (လူသားအရင်းအမြစ်တွေ ဆုံးရှုံးရတယ်) ပြီးတော့ အသက်မပြည့်သေးတဲ့ လူငယ်တွေလည်း သုံးကြတာပဲ။ အခုလို တရားဝင်သုံးခွင့်ပေးလိုက်တာက ကလေးငယ်တွေ မူးယစ်ဆေးဝါးသုံးစွဲမှုကို ထိထိရောက်ရောက်တားမြစ်နိုင်အောင်လို့ပါ” လို့ ဝန်ကြီးချုပ် Justin Trudeau က ဆိုသွားပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com