[Zawgyi]

အေပါင္းလကၡဏာ ေဆာင္ဖုိ႔ရွိေနတဲ့ မာရီယာႏုိ Mariano နဲ႔ ရီးယဲလ္တို႔ရဲ႕ ေပါင္းစည္းမႈ

မက္ဒရစ္ေျမကုိ (၁၄)လၾကာ ခဲြခြါခဲ့ရၿပီးေနာက္မွာေတာ့ မာရီယာႏုိ Mariano ဟာ သူ႔ လူငယ္ကစားသမားဘ၀ စတင္ရာ ဘာေနဗ်ဴးကြင္းႀကီးကုိ တစ္ေက်ာ႔ျပန္ေျခခ်ခဲ့ပါၿပီ။ ၂၀၁၇ ခုႏွစ္မွာ ရီးယဲလ္အသင္းရဲ႕ ရင္ခြင္ကုိ ခဏတာ ခဲြခြါခဲ့ၿပီး (၁)ရာသီအၾကာမွာပဲ အသင္းေဟာင္းဆီ (၅)ႏွစ္စာခ်ဳပ္နဲ႔ ျပန္ေရာက္လာခဲ့တာပါ။ ရီးယဲလ္အသင္းဟာ လုိင္ယြန္အသင္းဆီ မာရီယာႏုိကုိ ယူ႐ုိ(၈)သန္းနဲ႔ ေရာင္းခ်ခဲ့ၿပီး အခု သူ႔အတြက္ ဆုေၾကးအပါအ၀င္ ယူ႐ုိ(၂၃)သန္းအထိ ေပးေခ်ရမွာျဖစ္ေပမယ့္ မာရီယာႏုိရဲ႕ လက္ရွိေျခစြမ္း၊ အသက္အရြယ္အရ အေကာင္းဆုံးအေနအထား ေရာက္ရွိေနလုိ႔ လက္ရွိေစး်ကြက္အတြင္း သူ႔လုိ ကစားမ်ိဳးကုိ ေခၚမယ္ဆုိရင္ ေငြေတြ အမ်ားႀကီးေပးရမွာျဖစ္တဲ့အတြက္ ဒီပမာဏက တန္တယ္လုိ႔ေတာင္ ေျပာရမယ္။

mariano-diaz-Lyon

mariano-diaz-Lyon

ရီးယဲလ္အသင္းကလည္း တစ္ခ်ိန္ခ်ိန္က်ရင္ မာရီယာႏုိဟာ ေဘာလုံးစင္ျမင့္ထက္မွာ ေတာက္ပလာမယ့္သူလုိ႔ သတိျပဳမိတာေၾကာင့္ လုိင္ယြန္အသင္းဆီ ေရာင္းကတည္းက သူတို႔ ျပန္ေခၚမယ္ဆုိရင္ လုိင္ယြန္အသငး္က ေရာင္းရမယ္ဆုိတဲ့ Buy-Back Clause ကုိပါ တစ္ခါတည္း ထည့္သြင္းခဲ့တာပါ။ လုိင္ယြန္အသငး္မွာ ကစားခဲ့တဲ့ တစ္ရာသီေက်ာ္ကာလအတြင္း (၂၁)ဂုိးအထိ သြင္းယူခဲ့တဲ့ သူ႔ကုိ လုိင္ယြန္အသင္းက လက္မလႊတ္လုိေပမယ့္လည္း စာခ်ဳပ္စညး္မ်ဥ္းအရ ေအာင့္သက္သက္နဲ႔ ေရာင္းခ်ခဲ့ရတာျဖစ္ပါတယ္။

Mariano-Diaz-Stlye-Of-Play

Mariano-Diaz-Stlye-Of-Play

လူငယ္ကစားသမားဘ၀ကုိ အက္စ္ပန္ညိဳ၊ Premià ၊ Sánchez Llibre ၊ Badalona စတဲ့ အသင္းေတြမွာ ျဖတ္သန္းခဲ့ၿပီး ၂၀၁၁ ခုႏွစ္မွာ ရီးယဲလ္အကယ္ဒမီကုိ စေရာက္ခဲ့တယ္။ မက္ဒရစ္ၿမိဳ႕နဲ႔ ဆန္႔က်င္ဘက္လုိျဖစ္ေနတဲ့ ကတ္တလန္ေဒသ၊ ဘာစီလုိနာမွာ ေမြးဖြားခဲ့သူ မာရီယာႏုိအတြက္ အရာအားလုံးက စိန္ေခၚမႈေတြ အျပည့္နဲ႔ပါ။ သူ႔ကုိ ရီးယဲလ္စီနီယာအသင္းဆီ ေရာက္ေအာင္ လမ္းဖြင့္ေပးခဲ့သူကေတာ့ နည္းျပေဟာင္း ဇီဒန္း Zidane ပါပဲ။ ၂၀၁၆-၁၇ ရာသီမွာ ရီးယဲလ္အသင္းႀကီးအတြက္ ၿပိဳင္ပဲြစုံ (၁၄)ပဲြကစား၊ (၅)ဂုိး သြင္းယူခဲ့ၿပီး မာရီယာႏုိက သူ႔ရဲ႕အစြမ္းကုိ ျပသခဲ့တယ္။ ဒါေၾကာင့္လည္း ရီးယဲလ္အသင္းနည္းျပသစ္ လုိပယ္တက္ဂီ Lopetegui က မာရီယာႏုိကုိ ျပန္ေခၚဖုိ႔ ေတာင္းဆုိခဲ့တာလည္းျဖစ္ပါတယ္။

Real-Madrid-Transfer

Real-Madrid-Transfer

ဒီရာသီမွာ ရီးယဲလ္အသငး္ဟာ အဓိက တိုက္စစ္ကစားသမား စီေရာ္နယ္လ္ဒုိ Cristiano Ronaldo ကုိ ဂ်ဴဗင္တပ္စ္အသင္းဆီ ေရာင္းခ်ခဲ့ၿပီး နာမည္ေက်ာ္ကစားသမား တစ္ဦးမွ ျပန္မေခၚဘဲ လူငယ္ကစားသမားေတြကုိသာ ဦးစားေခၚယူထားတယ္။ လုိပယ္တက္ဂီဟာ နညး္ျပေဟာင္း ဇီဒန္းလုိပဲ နာမည္ႀကီးေတြထက္ လူငယ္ၾကယ္ပြင့္ေတြနဲ႔သာ အသင္းကုိ တည္ေဆာက္မယ့္အေနအထားရွိေနၿပီး အခုအခ်ိန္မွာလည္း လူငယ္ေတာ္ေတာ္မ်ားမ်ား ေခၚယူခဲ့ပါတယ္။ ဇီဒန္းနဲ႔ စီေရာ္နယ္လ္ဒုိေခတ္လြန္ ရီးယဲလ္အသင္း လာလီဂါမွာ ရလဒ္ေကာင္းေတြ ရယူေနၿပီး အမွတ္ေပးဇယားထိပ္ဆုံးေနရာကေန ဦးေဆာင္ေနတယ္။ ဒါေပမဲ့ ရီးယဲလ္အသင္း ရင္ဆုိင္ရမယ့္ စိန္ေခၚမႈေတြ၊ သံသယမ်က္လုံးေတြနဲ႔ ေစာင့္ၾကည့္ခံရတာေတြကုိ ဆုဖလားေအာင္ျမင္မႈေတြနဲ႔ ေခ်ဖ်က္ဖု႔ိ လုိအပ္ေနဆဲပါ။ အဲဒီေအာင္ျမင္မႈေတြ ရရွိေအာင္ မာရီယာႏုိအပါအ၀င္ ရီးယဲလ္အသင္းရဲ႕ လူငယ္ကစားသမားေတြက စြမ္းေဆာင္ႏုိင္မလားဆုိတာ . . . .

REF:Marca,Sky Sports
Photo:Goal.com,Twitter,Evening Standard
Naing Linn(Akhayar)
www.akhayar.com

[Unicode]

အပေါင်းလက္ခဏာ ဆောင်ဖို့ရှိနေတဲ့ မာရီယာနို Mariano နဲ့ ရီးယဲလ်တို့ရဲ့ ပေါင်းစည်းမှု

မက်ဒရစ်မြေကို (၁၄)လကြာ ခွဲခွါခဲ့ရပြီးနောက်မှာတော့ မာရီယာနို Mariano ဟာ သူ့ လူငယ်ကစားသမားဘ၀ စတင်ရာ ဘာနေဗျူးကွင်းကြီးကို တစ်ကျော့ပြန်ခြေချခဲ့ပါပြီ။ ၂၀၁၇ ခုနှစ်မှာ ရီးယဲလ်အသင်းရဲ့ ရင်ခွင်ကို ခဏတာ ခွဲခွါခဲ့ပြီး (၁)ရာသီအကြာမှာပဲ အသင်းဟောင်းဆီ (၅)နှစ်စာချုပ်နဲ့ ပြန်ရောက်လာခဲ့တာပါ။ ရီးယဲလ်အသင်းဟာ လိုင်ယွန်အသင်းဆီ မာရီယာနိုကို ယူရို(၈)သန်းနဲ့ ရောင်းချခဲ့ပြီး အခု သူ့အတွက် ဆုကြေးအပါအဝင် ယူရို(၂၃)သန်းအထိ ပေးချေရမှာဖြစ်ပေမယ့် မာရီယာနိုရဲ့ လက်ရှိခြေစွမ်း၊ အသက်အရွယ်အရ အကောင်းဆုံးအနေအထား ရောက်ရှိနေလို့ လက်ရှိစေးျကွက်အတွင်း သူ့လို ကစားမျိုးကို ခေါ်မယ်ဆိုရင် ငွေတွေ အများကြီးပေးရမှာဖြစ်တဲ့အတွက် ဒီပမာဏက တန်တယ်လို့တောင် ပြောရမယ်။

mariano-diaz-Lyon

mariano-diaz-Lyon

ရီးယဲလ်အသင်းကလည်း တစ်ချိန်ချိန်ကျရင် မာရီယာနိုဟာ ဘောလုံးစင်မြင့်ထက်မှာ တောက်ပလာမယ့်သူလို့ သတိပြုမိတာကြောင့် လိုင်ယွန်အသင်းဆီ ရောင်းကတည်းက သူတို့ ပြန်ခေါ်မယ်ဆိုရင် လိုင်ယွန်အသင်းက ရောင်းရမယ်ဆိုတဲ့ Buy-Back Clause ကိုပါ တစ်ခါတည်း ထည့်သွင်းခဲ့တာပါ။ လိုင်ယွန်အသင်းမှာ ကစားခဲ့တဲ့ တစ်ရာသီကျော်ကာလအတွင်း (၂၁)ဂိုးအထိ သွင်းယူခဲ့တဲ့ သူ့ကို လိုင်ယွန်အသင်းက လက်မလွှတ်လိုပေမယ့်လည်း စာချုပ်စည်းမျဉ်းအရ အောင့်သက်သက်နဲ့ ရောင်းချခဲ့ရတာဖြစ်ပါတယ်။

Mariano-Diaz-Stlye-Of-Play

Mariano-Diaz-Stlye-Of-Play

လူငယ်ကစားသမားဘဝကို အက်စ်ပန်ညို၊ Premià ၊ Sánchez Llibre ၊ Badalona စတဲ့ အသင်းတွေမှာ ဖြတ်သန်းခဲ့ပြီး ၂၀၁၁ ခုနှစ်မှာ ရီးယဲလ်အကယ်ဒမီကို စရောက်ခဲ့တယ်။ မက်ဒရစ်မြို့နဲ့ ဆန့်ကျင်ဘက်လိုဖြစ်နေတဲ့ ကတ်တလန်ဒေသ၊ ဘာစီလိုနာမှာ မွေးဖွားခဲ့သူ မာရီယာနိုအတွက် အရာအားလုံးက စိန်ခေါ်မှုတွေ အပြည့်နဲ့ပါ။ သူ့ကို ရီးယဲလ်စီနီယာအသင်းဆီ ရောက်အောင် လမ်းဖွင့်ပေးခဲ့သူကတော့ နည်းပြဟောင်း ဇီဒန်း Zidane ပါပဲ။ ၂၀၁၆-၁၇ ရာသီမှာ ရီးယဲလ်အသင်းကြီးအတွက် ပြိုင်ပွဲစုံ (၁၄)ပွဲကစား၊ (၅)ဂိုး သွင်းယူခဲ့ပြီး မာရီယာနိုက သူ့ရဲ့အစွမ်းကို ပြသခဲ့တယ်။ ဒါကြောင့်လည်း ရီးယဲလ်အသင်းနည်းပြသစ် လိုပယ်တက်ဂီ Lopetegui က မာရီယာနိုကို ပြန်ခေါ်ဖို့ တောင်းဆိုခဲ့တာလည်းဖြစ်ပါတယ်။

Real-Madrid-Transfer

Real-Madrid-Transfer

ဒီရာသီမှာ ရီးယဲလ်အသင်းဟာ အဓိက တိုက်စစ်ကစားသမား စီရော်နယ်လ်ဒို Cristiano Ronaldo ကို ဂျူဗင်တပ်စ်အသင်းဆီ ရောင်းချခဲ့ပြီး နာမည်ကျော်ကစားသမား တစ်ဦးမှ ပြန်မခေါ်ဘဲ လူငယ်ကစားသမားတွေကိုသာ ဦးစားခေါ်ယူထားတယ်။ လိုပယ်တက်ဂီဟာ နည်းပြဟောင်း ဇီဒန်းလိုပဲ နာမည်ကြီးတွေထက် လူငယ်ကြယ်ပွင့်တွေနဲ့သာ အသင်းကို တည်ဆောက်မယ့်အနေအထားရှိနေပြီး အခုအချိန်မှာလည်း လူငယ်တော်တော်များများ ခေါ်ယူခဲ့ပါတယ်။ ဇီဒန်းနဲ့ စီရော်နယ်လ်ဒိုခေတ်လွန် ရီးယဲလ်အသင်း လာလီဂါမှာ ရလဒ်ကောင်းတွေ ရယူနေပြီး အမှတ်ပေးဇယားထိပ်ဆုံးနေရာကနေ ဦးဆောင်နေတယ်။ ဒါပေမဲ့ ရီးယဲလ်အသင်း ရင်ဆိုင်ရမယ့် စိန်ခေါ်မှုတွေ၊ သံသယမျက်လုံးတွေနဲ့ စောင့်ကြည့်ခံရတာတွေကို ဆုဖလားအောင်မြင်မှုတွေနဲ့ ချေဖျက်ဖု့ိ လိုအပ်နေဆဲပါ။ အဲဒီအောင်မြင်မှုတွေ ရရှိအောင် မာရီယာနိုအပါအဝင် ရီးယဲလ်အသင်းရဲ့ လူငယ်ကစားသမားတွေက စွမ်းဆောင်နိုင်မလားဆိုတာ . . . .

REF:Marca,Sky Sports
Photo:Goal.com,Twitter,Evening Standard
Naing Linn(Akhayar)
www.akhayar.com