[Zawgyi]

Superman ရဲ့ ခ်စ္သူ Lois Lane အျဖစ္ သရုပ္ေဆာင္ခဲ့တဲ့ မင္းသမီး Margot Kidder ေသဆံုး

Christopher Reeve ပါဝင္တဲ့ Superman (1978) ဟာဆိုရင္ သူ႔ေခတ္သူ႔အခါက ေခတ္ေရွ႕ေျပးျပီး Superhero ရုပ္ရွင္ပရိသတ္ေတြ အၾကိဳက္ေတြ႔ခဲ့ၾကတဲ့ ဇာတ္ကားျဖစ္ပါတယ္။ အဂၤလိပ္ဆိုရိုးစကားေတြမွာဆိုရင္ လိုက္ဖက္ညီတဲ့၊ အခ်စ္ၾကီးတဲ့ စံုတြဲေတြဆိုရင္ Bonnie နဲ႔ Clyde လို႔ ေျပာၾကသလို Superman နဲ႔ Lois Lane လို႔လည္း ခုိင္းႏႈိင္းၾကပါတယ္။

Lois Lane ေနရာက သရုပ္ေဆာင္တဲ့ Margot Kidder

Superman ဇာတ္ကားထဲက Margot Kidder

အခုေတာ့ အဲဒီ Superman (1978) ကားထဲမွာ Superman ရဲ့ ခ်စ္သူ သတင္းေထာက္မေလး Lois Lane အေနနဲ႔ သရုပ္ေဆာင္ခဲ့တဲ့ ကေနဒါလူမ်ိဳး သရုပ္ေဆာင္ မင္းသမီး Margot Kidder ဟာ ၂၀၁၈ ခုႏွစ္၊ ေမလ ၁၃ ရက္ေန႔မွာ ေသဆံုးခဲ့ျပီျဖစ္ပါတယ္။

ငယ္ႏုစဥ္က Margot Kidder

မင္းသမီး Margot Kidder ေသဆံုးခ်ိန္မွာ အသက္(၆၉) ႏွစ္ရွိျပီ ျဖစ္ျပီး အေမရိကန္ျပည္ေထာင္စု မြန္တာနာျပည္နယ္က သူ႔အိမ္မွာ ေသဆံုးခဲ့တာ ျဖစ္ပါတယ္။ ေသဆံုးခဲ့ရတဲ့ အေၾကာင္းရင္းကိုေတာ့ အတည္မျပဳႏုိင္ေသးပါဘူး။

၂၀၀၉ ခုႏွစ္မွာ ေတြ႔ရတဲ့ Margot Kidder ျဖစ္ပါတယ္

Margot ရဲ႕ နာမည္အေက်ာ္ၾကားဆံုး ရုပ္ရွင္ကေတာ့ Superman (1978) ဇာတ္ကားထဲက Lois Lane ဇာတ္ေကာင္ေနရာက ျဖစ္ျပီး အဲဒီဇာတ္ကားဟာ စီးပြားေရးအရလည္း ေအာင္ျမင္ခဲ့ပါတယ္။

Superman ဇာတ္ကားထဲက Margot Kidder

Superman ေနာက္ဆက္တြဲ ဇာတ္ကားေတြ ျဖစ္တဲ့ Superman II (1980) ၊ Superman III (1983) နဲ႔ Superman IV : The Quest for Peace (1987) ဇာတ္ကားေတြမွာ ပါဝင္ခဲ့ေပမယ့္ Superman II ကို ဒါရိုက္တာေျပာင္းလဲျပီး ရိုက္ခဲ့တဲ့ ထုတ္လုပ္သူနဲ႔ သေဘာထားခ်င္းမတုိက္ဆုိင္ခဲ့တဲ့အတြက္ Superman III မွာ အခန္းအနည္းငယ္ပဲ ထည့္သြင္းျပသခံခဲ့ရပါတယ္။

Christopher Reeve နဲ႔ Margot Kidder

သူပါဝင္ခဲ့တဲ့ ေနာက္ထပ္ဇာတ္ကားေတြကေတာ့ နာမည္ၾကီး သရဲကား The Amityville Horror (1979) မွာ Kathy Lutz အေနနဲ႔ ပါဝင္ခဲ့သလို The L Word လို စီးရီးစ္မွာလည္း ဧည့္သည္သရုပ္ေဆာင္အေနနဲ႔ ပါဝင္ခဲ့ပါေသးတယ္။

သူနဲ႔ Superman အျဖစ္သရုပ္ေဆာင္တဲ့ Christopher Reeve  ဟာ Christopher Reeve မေသဆံုးခင္ ၂၀၀၄ ခုႏွစ္အထိ ခင္မင္ရင္းႏွီးတဲ့ ဆက္ဆံေရးလည္း ရွိခဲ့ပါတယ္။ Superman မင္းသား Christopher Reeve ကေတာ့ ေအာက္တိုဘာ ၁၀ ရက္ ၊ ၂၀၀၄ ခုႏွစ္( အသက္ ၅၂ ႏွစ္အရြယ္) မွာပဲ ေသဆံုးခဲ့တာ ျဖစ္တဲ့အတြက္ Superman ရဲ့ ေနာက္ကို Lois Lane လိုက္သြားျပီလို႔ ေျပာရမွာ ျဖစ္ပါတယ္။

Yoe Lu (Akhayar)

www.akhayar.com

Ref : skynews, theguardian.com
[Unicode]

Superman ရဲ့ ချစ်သူ Lois Lane အဖြစ် သရုပ်ဆောင်ခဲ့တဲ့ မင်းသမီး Margot Kidder သေဆုံး

Christopher Reeve ပါဝင်တဲ့ Superman (1978) ဟာဆိုရင် သူ့ခေတ်သူ့အခါက ခေတ်ရှေ့ပြေးပြီး Superhero ရုပ်ရှင်ပရိသတ်တွေ အကြိုက်တွေ့ခဲ့ကြတဲ့ ဇာတ်ကားဖြစ်ပါတယ်။ အင်္ဂလိပ်ဆိုရိုးစကားတွေမှာဆိုရင် လိုက်ဖက်ညီတဲ့၊ အချစ်ကြီးတဲ့ စုံတွဲတွေဆိုရင် Bonnie နဲ့ Clyde လို့ ပြောကြသလို Superman နဲ့ Lois Lane လို့လည်း ခိုင်းနှိုင်းကြပါတယ်။

Lois Lane နေရာက သရုပ်ဆောင်တဲ့ Margot Kidder

Superman ဇာတ်ကားထဲက Margot Kidder

အခုတော့ အဲဒီ Superman (1978) ကားထဲမှာ Superman ရဲ့ ချစ်သူ သတင်းထောက်မလေး Lois Lane အနေနဲ့ သရုပ်ဆောင်ခဲ့တဲ့ ကနေဒါလူမျိုး သရုပ်ဆောင် မင်းသမီး Margot Kidder ဟာ ၂၀၁၈ ခုနှစ်၊ မေလ ၁၃ ရက်နေ့မှာ သေဆုံးခဲ့ပြီဖြစ်ပါတယ်။

ငယ်နုစဉ်က Margot Kidder

မင်းသမီး Margot Kidder သေဆုံးချိန်မှာ အသက်(၆၉) နှစ်ရှိပြီ ဖြစ်ပြီး အမေရိကန်ပြည်ထောင်စု မွန်တာနာပြည်နယ်က သူ့အိမ်မှာ သေဆုံးခဲ့တာ ဖြစ်ပါတယ်။ သေဆုံးခဲ့ရတဲ့ အကြောင်းရင်းကိုတော့ အတည်မပြုနိုင်သေးပါဘူး။

၂၀၀၉ ခုနှစ်မှာ တွေ့ရတဲ့ Margot Kidder ဖြစ်ပါတယ်

Margot ရဲ့ နာမည်အကျော်ကြားဆုံး ရုပ်ရှင်ကတော့ Superman (1978) ဇာတ်ကားထဲက Lois Lane ဇာတ်ကောင်နေရာက ဖြစ်ပြီး အဲဒီဇာတ်ကားဟာ စီးပွားရေးအရလည်း အောင်မြင်ခဲ့ပါတယ်။

Superman ဇာတ်ကားထဲက Margot Kidder

Superman နောက်ဆက်တွဲ ဇာတ်ကားတွေ ဖြစ်တဲ့ Superman II (1980) ၊ Superman III (1983) နဲ့ Superman IV : The Quest for Peace (1987) ဇာတ်ကားတွေမှာ ပါဝင်ခဲ့ပေမယ့် Superman II ကို ဒါရိုက်တာပြောင်းလဲပြီး ရိုက်ခဲ့တဲ့ ထုတ်လုပ်သူနဲ့ သဘောထားချင်းမတိုက်ဆိုင်ခဲ့တဲ့အတွက် Superman III မှာ အခန်းအနည်းငယ်ပဲ ထည့်သွင်းပြသခံခဲ့ရပါတယ်။

Christopher Reeve နဲ့ Margot Kidder

သူပါဝင်ခဲ့တဲ့ နောက်ထပ်ဇာတ်ကားတွေကတော့ နာမည်ကြီး သရဲကား The Amityville Horror (1979) မှာ Kathy Lutz အနေနဲ့ ပါဝင်ခဲ့သလို The L Word လို စီးရီးစ်မှာလည်း ဧည့်သည်သရုပ်ဆောင်အနေနဲ့ ပါဝင်ခဲ့ပါသေးတယ်။

သူနဲ့ Superman အဖြစ်သရုပ်ဆောင်တဲ့ Christopher Reeve  ဟာ Christopher Reeve မသေဆုံးခင် ၂၀၀၄ ခုနှစ်အထိ ခင်မင်ရင်းနှီးတဲ့ ဆက်ဆံရေးလည်း ရှိခဲ့ပါတယ်။ Superman မင်းသား Christopher Reeve ကတော့ အောက်တိုဘာ ၁၀ ရက် ၊ ၂၀၀၄ ခုနှစ်( အသက် ၅၂ နှစ်အရွယ်) မှာပဲ သေဆုံးခဲ့တာ ဖြစ်တဲ့အတွက် Superman ရဲ့ နောက်ကို Lois Lane လိုက်သွားပြီလို့ ပြောရမှာ ဖြစ်ပါတယ်။

Yoe Lu (Akhayar)

www.akhayar.com

Ref : skynews, theguardian.com