[Zawgyi]

အဂၤလန္အသင္း လူစာရငး္မွာ ေရြးခ်ယ္ခံရတဲ့ ကစားသမားေတြ ဘယ္လုိ ေအာင္ပဲြခံခဲ့ၾကသလဲ

ကမၻာ႔ဖလားၿပိဳင္ပဲြအတြက္ အဂၤလန္အသင္း အၿပီးသတ္လူစာရင္းထြက္ၿပီးခ်ိန္မွာ ရပ္ရွ္ဖုိ႔ဒ္ Rushford တစ္ေယာက္ Twitter ကေန သူ႔ အေမကုိ လွမ္း ၾကြားလုိက္တယ္။ “အေမေရ၊ ကၽြန္ေတာ္တို႔ ကမၻာ႔ဖလား သြားရေတာ့မယ္ဗ်”။ ကမၻာ႔ဖလားလုိၿပိဳင္ပဲြမ်ိဳးကုိ ဆင္ႏဲႊဖုိ႔က ေဘာလုံးသမားတိုင္းရဲ႕ ရည္မွန္းခ်က္တစ္ခုျဖစ္တာေၾကာင့္ ရပ္ရွ္ဖုိ႔ဒ္လုိ လူငယ္ကစားသမားတစ္ဦး ဒီလုိၿပိဳင္ပဲြႀကီးမွာ ပါ၀င္ခြင့္ရမွာျဖစ္တဲ့အတြက္ အရမ္းကုိ စိတ္လႈပ္ရွား ေပ်ာ္ရႊင္ေနပါလိမ့္မယ္။ တကယ့္ေတာ့ အဂၤလန္လူစာရင္းမထြက္ခင္ ရပ္ရွ္ဖုိ႔ဒ္ရဲ႕ အေနထားက ခပ္လႈပ္လႈပ္ပါပဲ။ ရာသီ၀က္ေနာက္ပုိင္း မန္ယူအသင္းမွာ ပုံမွန္ကစားခြင့္ မရတာေၾကာင့္ အဂၤလန္ လူစာရင္းမွာ မပါ ေလာက္ဘူးလုိ႔ သတင္းေတြထြက္ခဲ့ၿပီးမွ အေရြးခံရတာဆုိေတာ့ ရပ္ရွ္ဖုိ႔ဒ္အတြက္ အိပ္မက္ မက္ေနသလုိေတာင္ ျဖစ္ေနပါလိမ့္မယ္။

အဂၤလန္လူစာရင္းထြက္ၿပီးၿပီးခ်င္းပဲ ရပ္ရွ္ဖုိ႔ဒ္က သူ႔အေမကုိ ဂုဏ္ယူ၀င့္ၾကြားစြာနဲ႔ Twitter မွာ အခုလုိပဲ ေရးခဲ့တယ္။ ”မုိးပဲရြာရြာ၊ ႏွင္းပဲက်က် ကၽြန္ေတာ္ကစားခဲ့တဲ့ပဲြေတြကုိ ႏွစ္ေပါင္းမ်ားစြာ အေမ လာၾကည့္ခဲ့တယ္။ အေမေရ၊ အခု ကၽြန္ေတာ္တို႔ ကမၻာ႔ဖလားၿပိဳင္ပဲြ သြားရေတာ့မယ္ဗ်”လုိ႔ ေရးခဲ့တာျဖစ္ၿပီး သူ႔မိခင္ပုံနဲ႔ေဖာ္ျပခဲ့ တာေၾကာင့္ ဖတ္ရတဲ့သူတိုင္းအတြက္ ၀မ္းနည္းၾကည္ႏူးစရာျဖစ္ခဲ့ရတယ္။ ရပ္ရွ္ဖုိ႔ဒ္ဟာ ၿပီးခဲ့တဲ့ ယူ႐ုိ-၂၀၁၆ မွာ လက္ေရြးစင္ကစားသမားဘ၀ ပထမဆုံးၿပိဳင္ပြဲႀကီးအျဖစ္ ဆင္ႏဲႊခြင့္ရခဲ့သလုိ အခုလည္း ကမၻာ႔ဖလားၿပိဳင္ ပဲြကုိ ပထမဆုံးအႀကိမ္ ဆင္ႏႊဲရေတာ့မွာပါ။ ရပ္ရွ္ဖုိ႔ဒ္လုိပဲ ကမၻာ႔ဖလားကုိ ပထမဆုံးအႀကိမ္ ဆင္ႏဲႊရမယ့္သူ တစ္ေယာက္ရွိပါေသးတယ္။ အဲဒါကေတာ့ သူ႔ရဲ႕မန္ယူအသင္းကစားေဖာ္ အက္ရွ္ေလယန္း Ashley Yong ပါပဲ။

Ashley-Young-Tweeted-a-picture-of-his-younger-self-wearing-an-England-kit

Ashley-Young-Tweeted-a-picture-of-his-younger-self-wearing-an-England-kit

သူကလည္း အဂၤလန္လူစာရင္းထုတ္ျပန္ၿပီးခ်ိန္မွာပဲ Twitter စာမ်က္ႏွာမွာ သူငယ္ငယ္က အဂၤလန္ အသင္း၀တ္စုံ ၀တ္ဆင္ထားတဲ့ ပုံနဲ႔အတူ ”ဒီပုံေလးဟာ ကၽြန္ေတာ့္ရဲ႕ ကမၻာ႔ဖလားအိပ္မက္ေတြ တစ္ခ်ိန္ခ်ိန္ ျဖစ္လာမယ္ဆုိတဲ့ အဓိပၸါယ္ပါပဲ။ အခုေတာ့ ကၽြန္ေတာ့္အိပ္မက္ေတြ တကယ္ျဖစ္လာခဲ့ပါၿပီ”လုိ႔ ေရးသားခဲ့တာပါ။

Kyle-Walker-reveals-he-missed-phone-call-from-manager-Gareth-Southgate

Kyle-Walker-reveals-he-missed-phone-call-from-manager-Gareth-Southgate

အဂၤလန္လူစာရင္းထုတ္ျပန္ခဲ့ၿပီးတဲ့ေနာက္ ပါတဲ့သူေတြကလည္း ၀မ္းေျမာက္၀မ္းသာနဲ႔ သူတို႔ရဲ႕ Twitter မွာ ေဆာက္ဂိတ္ကုိ ေက်းဇူးတင္စကားေတြေျပာ ေအာင္ပဲြခံခဲ့ၾကသလုိ မပါတဲ့သူေတြအတြက္ေတာ့ စိတ္ပ်က္၀မ္းနည္းစရာအတိနဲ႔ေပ့ါ။ Twitter စာမ်က္ႏွာေပၚ ေအာင္ပဲြခံခဲ့ၾကတဲ့ အဂၤလန္ကစားသမားေတြထဲမွာ ဟာသျဖစ္ခဲ့တာက မန္စီးတီးေနာက္ခံလူ ေ၀ၚလ္ကာ Walker ပါပဲ။ သူ႔ကုိ အဂၤလန္အသင္းနည္းျပ ေဆာက္ဂိတ္ ဖုန္းေခၚခ်ိန္မွာ မကုိင္ျဖစ္ဘဲ Miss Call ျဖစ္သြားတာကုိ Screen Shot ႐ုိက္ၿပီးေတာ့ “ဒီလုိဖုန္းေခၚတာမ်ိဳးကေတာ့ ဘယ္သူမွ Miss ျဖစ္ခ်င္မွာ မဟုတ္ဘူး”ဆုိၿပီး ဟာသဆန္ဆန္ေရးသားခဲ့တာပါ။ ေနာက္ထပ္ ဟာသတစ္ခုေတာ့ အဂၤလန္အသင္း လူစာရင္းမွာ မပါ၀င္တဲ့ ၀ဲလ္႐ိႈင္းယား Wilshere က Troll လုပ္ၿပီး ေဖာ္ျပထားတဲ့ ဓာတ္ပုံပါ။ အဲဒီပုံက သူ႔လုိပဲ အဂၤလန္လူစာရင္းမွာ ေရြးခ်ယ္မခံရတဲ့ ဂ်ိဳးဟတ္ Joe Hart နဲ႔အတူ ေရကူးကန္ထဲမွာ ႐ုိက္ထားတဲ့ပုံျဖစ္ၿပီး ပုံေပၚမွာက”မင္း သူမ်ားေျပာတာေတြကုိ နားေယာင္ မေနနဲ႔ ဂ်က္၊ ငါတို႔က ေဘာလုံးသမားေကာင္းေတြကြ”စာသားကုိ ေရးသားထားတာပါ။ တစ္ေယာက္ကုိ တစ္ေယာက္ အားေပးတယ္ဆုိတဲ့ အဓိပၸါယ္ပါပဲ။

REF:Daily Mail
Photo: Twitter
Naing Linn(Akhayar)
www.akhayar.com

 

[Unicode]

အင်္ဂလန်အသင်း လူစာရင်းမှာ ရွေးချယ်ခံရတဲ့ ကစားသမားတွေ ဘယ်လို အောင်ပွဲခံခဲ့ကြသလဲ

ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အင်္ဂလန်အသင်း အပြီးသတ်လူစာရင်းထွက်ပြီးချိန်မှာ ရပ်ရှ်ဖို့ဒ် Rushford တစ်ယောက် Twitter ကနေ သူ့ အမေကို လှမ်း ကြွားလိုက်တယ်။ “အမေရေ၊ ကျွန်တော်တို့ ကမ္ဘာ့ဖလား သွားရတော့မယ်ဗျ”။ ကမ္ဘာ့ဖလားလိုပြိုင်ပွဲမျိုးကို ဆင်နွဲှဖို့က ဘောလုံးသမားတိုင်းရဲ့ ရည်မှန်းချက်တစ်ခုဖြစ်တာကြောင့် ရပ်ရှ်ဖို့ဒ်လို လူငယ်ကစားသမားတစ်ဦး ဒီလိုပြိုင်ပွဲကြီးမှာ ပါဝင်ခွင့်ရမှာဖြစ်တဲ့အတွက် အရမ်းကို စိတ်လှုပ်ရှား ပျော်ရွှင်နေပါလိမ့်မယ်။ တကယ့်တော့ အင်္ဂလန်လူစာရင်းမထွက်ခင် ရပ်ရှ်ဖို့ဒ်ရဲ့ အနေထားက ခပ်လှုပ်လှုပ်ပါပဲ။ ရာသီဝက်နောက်ပိုင်း မန်ယူအသင်းမှာ ပုံမှန်ကစားခွင့် မရတာကြောင့် အင်္ဂလန် လူစာရင်းမှာ မပါ လောက်ဘူးလို့ သတင်းတွေထွက်ခဲ့ပြီးမှ အရွေးခံရတာဆိုတော့ ရပ်ရှ်ဖို့ဒ်အတွက် အိပ်မက် မက်နေသလိုတောင် ဖြစ်နေပါလိမ့်မယ်။

အင်္ဂလန်လူစာရင်းထွက်ပြီးပြီးချင်းပဲ ရပ်ရှ်ဖို့ဒ်က သူ့အမေကို ဂုဏ်ယူဝင့်ကြွားစွာနဲ့ Twitter မှာ အခုလိုပဲ ရေးခဲ့တယ်။ ”မိုးပဲရွာရွာ၊ နှင်းပဲကျကျ ကျွန်တော်ကစားခဲ့တဲ့ပွဲတွေကို နှစ်ပေါင်းများစွာ အမေ လာကြည့်ခဲ့တယ်။ အမေရေ၊ အခု ကျွန်တော်တို့ ကမ္ဘာ့ဖလားပြိုင်ပွဲ သွားရတော့မယ်ဗျ”လို့ ရေးခဲ့တာဖြစ်ပြီး သူ့မိခင်ပုံနဲ့ဖော်ပြခဲ့ တာကြောင့် ဖတ်ရတဲ့သူတိုင်းအတွက် ဝမ်းနည်းကြည်နူးစရာဖြစ်ခဲ့ရတယ်။ ရပ်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ ယူရို-၂၀၁၆ မှာ လက်ရွေးစင်ကစားသမားဘ၀ ပထမဆုံးပြိုင်ပွဲကြီးအဖြစ် ဆင်နွဲှခွင့်ရခဲ့သလို အခုလည်း ကမ္ဘာ့ဖလားပြိုင် ပွဲကို ပထမဆုံးအကြိမ် ဆင်နွှဲရတော့မှာပါ။ ရပ်ရှ်ဖို့ဒ်လိုပဲ ကမ္ဘာ့ဖလားကို ပထမဆုံးအကြိမ် ဆင်နွဲှရမယ့်သူ တစ်ယောက်ရှိပါသေးတယ်။ အဲဒါကတော့ သူ့ရဲ့မန်ယူအသင်းကစားဖော် အက်ရှ်လေယန်း Ashley Yong ပါပဲ။

Ashley-Young-Tweeted-a-picture-of-his-younger-self-wearing-an-England-kit

Ashley-Young-Tweeted-a-picture-of-his-younger-self-wearing-an-England-kit

သူကလည်း အင်္ဂလန်လူစာရင်းထုတ်ပြန်ပြီးချိန်မှာပဲ Twitter စာမျက်နှာမှာ သူငယ်ငယ်က အင်္ဂလန် အသင်းဝတ်စုံ ဝတ်ဆင်ထားတဲ့ ပုံနဲ့အတူ ”ဒီပုံလေးဟာ ကျွန်တော့်ရဲ့ ကမ္ဘာ့ဖလားအိပ်မက်တွေ တစ်ချိန်ချိန် ဖြစ်လာမယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။ အခုတော့ ကျွန်တော့်အိပ်မက်တွေ တကယ်ဖြစ်လာခဲ့ပါပြီ”လို့ ရေးသားခဲ့တာပါ။

Kyle-Walker-reveals-he-missed-phone-call-from-manager-Gareth-Southgate

Kyle-Walker-reveals-he-missed-phone-call-from-manager-Gareth-Southgate

အင်္ဂလန်လူစာရင်းထုတ်ပြန်ခဲ့ပြီးတဲ့နောက် ပါတဲ့သူတွေကလည်း ဝမ်းမြောက်ဝမ်းသာနဲ့ သူတို့ရဲ့ Twitter မှာ ဆောက်ဂိတ်ကို ကျေးဇူးတင်စကားတွေပြော အောင်ပွဲခံခဲ့ကြသလို မပါတဲ့သူတွေအတွက်တော့ စိတ်ပျက်ဝမ်းနည်းစရာအတိနဲ့ပေ့ါ။ Twitter စာမျက်နှာပေါ် အောင်ပွဲခံခဲ့ကြတဲ့ အင်္ဂလန်ကစားသမားတွေထဲမှာ ဟာသဖြစ်ခဲ့တာက မန်စီးတီးနောက်ခံလူ ဝေါ်လ်ကာ Walker ပါပဲ။ သူ့ကို အင်္ဂလန်အသင်းနည်းပြ ဆောက်ဂိတ် ဖုန်းခေါ်ချိန်မှာ မကိုင်ဖြစ်ဘဲ Miss Call ဖြစ်သွားတာကို Screen Shot ရိုက်ပြီးတော့ “ဒီလိုဖုန်းခေါ်တာမျိုးကတော့ ဘယ်သူမှ Miss ဖြစ်ချင်မှာ မဟုတ်ဘူး”ဆိုပြီး ဟာသဆန်ဆန်ရေးသားခဲ့တာပါ။ နောက်ထပ် ဟာသတစ်ခုတော့ အင်္ဂလန်အသင်း လူစာရင်းမှာ မပါဝင်တဲ့ ဝဲလ်ရှိုင်းယား Wilshere က Troll လုပ်ပြီး ဖော်ပြထားတဲ့ ဓာတ်ပုံပါ။ အဲဒီပုံက သူ့လိုပဲ အင်္ဂလန်လူစာရင်းမှာ ရွေးချယ်မခံရတဲ့ ဂျိုးဟတ် Joe Hart နဲ့အတူ ရေကူးကန်ထဲမှာ ရိုက်ထားတဲ့ပုံဖြစ်ပြီး ပုံပေါ်မှာက”မင်း သူများပြောတာတွေကို နားယောင် မနေနဲ့ ဂျက်၊ ငါတို့က ဘောလုံးသမားကောင်းတွေကွ”စာသားကို ရေးသားထားတာပါ။ တစ်ယောက်ကို တစ်ယောက် အားပေးတယ်ဆိုတဲ့ အဓိပ္ပါယ်ပါပဲ။

REF:Daily Mail
Photo: Twitter
Naing Linn(Akhayar)
www.akhayar.com