[Zawgyi]

မီနာ Mina ကို ေခၚယူဖို႔ သေဘာတူညီမႈရခဲ့တဲ့ အဲဗာတန္

ပရီးမီးယားလိဂ္ကလပ္ အဲဗာတန္အသင္းအေနနဲ႔ ဘာစီလိုနာအသင္းရဲ႕ ကိုလံဘီယာေနာက္ခံလူ မီနာ Mina ကုိ ေခၚယူဖို႔ သေဘာတူညီမႈရရွိခဲ့ပါတယ္။ မန္ယူအသင္းနဲ႔ အေျပာင္းအေရႊ႕သတင္းေတြ ထြက္ေပၚခဲ့ေပမယ့္ မီနာ Mian အတြက္ အဲဗာတန္အသင္းရဲ႕ ေပါင္ (၂၈.၄) သန္းနဲ႔ ကမ္းလွမ္းမႈကို ဘာစီလိုနာအသင္းက လက္ခံခဲ့တာပါ။ အဲဗာတန္အသင္းရဲ႕ အခုႏွစ္ ေႏြရာသီအေျပာင္းေရႊ႕ေစ်းကြက္အတြင္း (၄)ဦးေျမာက္ ကစားသမား ေခၚယူမႈအျဖစ္ ဘာစီလိုနာေနာက္ခံလူ မီနာ Mina ကို ေခၚယူႏိုင္ေတာ့မွာ ျဖစ္ပါတယ္။ အဲဗာတန္အသင္းဟာ မီနာ Mina မတိုင္ခင္က ဝက္ဖို႔ဒ္ တိုက္စစ္ကစားသမား ရစ္ခ်ာလီဆန္ Richarlison ၊ အာဆင္နယ္လူငယ္ဂိုးသမား ဗာဂ်ီးနီးယား Virginia နဲ႔ ဘာစီလိုနာေနာက္ခံလူ ဒစ္ဂ္ေနး Digne တို႔ကို ေခၚယူထားခဲ့ပါတယ္။

Everton-have-agreed-Barcelona-centre-back-Yerry-Mina

Everton-have-agreed-Barcelona-centre-back-Yerry-Mina

မီနာ Mina ဟာ ဘာစီလိုနာအသင္းကို ၿပီးခဲ့တဲ့ ဇန္နဝါရီအေျပာင္းအေရႊ႕ကာလကမွ ဘရာဇီးလ္ကလပ္ ပါးလ္မီးယပ္စ္အသင္းကေန ေျပာင္းေရႊ႕ခဲ့တဲ့ ကစားသမားတစ္ဦးျဖစ္ၿပီး အသင္းမွာ ပံုမွန္ပြဲထြက္ခြင့္ရဖို႔ ရုန္းကန္ခဲ့ရပါတယ္။ ၿပီးခဲ့တဲ့ ကမၻာ႔ဖလားၿပိဳင္ပြဲမွာ ကိုလံဘီယာအသင္းအတြက္ ေျခစြမ္းျပခဲ့တဲ့ အသက္ (၂၃)ႏွစ္အရြယ္ရွိ ေနာက္ခံလူ မီနာ Mina ဟာ အဲဗာတန္ခံစစ္ေၾကာင္းမွာ အဓိကေနာက္ခံလူတစ္ဦးျဖစ္လာဖို႔ရွိေၾကာင္း နည္းျပ မာကိုေဆးလ္ဗား Marco Silva က ေျပာၾကားခဲ့ပါတယ္။ လာမယ့္စေနေန႔မွာ စတင္မယ့္ ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာ အဲဗာတန္အသင္းက တန္းတက္ ဝုလ္ဗ္အသင္းရဲ႕ အိမ္ကြင္းမွာ သြားေရာက္ယွဥ္ၿပိဳင္ကစားရမွာျဖစ္ၿပီး အသစ္ေခၚယူထားတဲ့ ကစားသမားေတြကို အသံုးျပဳသြားဖို႔ရွိေနပါတယ္။

အဲဗာတန္အသင္းရဲ႕ အခုႏွစ္ေႏြရာသီ ကစားသမား ေခၚယူမႈမ်ား

ရစ္ခ်ာလီဆန္ Richarlison – ေပါင္ (၃၅.၂၈)သန္း
ဒစ္ဂ္ေနး Digne – ေပါင္ (၁၈.၁၈)သန္း
ဗာဂ်ီးနီးယား Virginia – ေျပာင္းေရႊ႕ေၾကးမေဖာ္ျပ

REF:Daily Mail
Photo:Tribuna, Football Fancast
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

မီနာ Mina ကို ခေါ်ယူဖို့ သဘောတူညီမှုရခဲ့တဲ့ အဲဗာတန်

ပရီးမီးယားလိဂ်ကလပ် အဲဗာတန်အသင်းအနေနဲ့ ဘာစီလိုနာအသင်းရဲ့ ကိုလံဘီယာနောက်ခံလူ မီနာ Mina ကို ခေါ်ယူဖို့ သဘောတူညီမှုရရှိခဲ့ပါတယ်။ မန်ယူအသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် မီနာ Mian အတွက် အဲဗာတန်အသင်းရဲ့ ပေါင် (၂၈.၄) သန်းနဲ့ ကမ်းလှမ်းမှုကို ဘာစီလိုနာအသင်းက လက်ခံခဲ့တာပါ။ အဲဗာတန်အသင်းရဲ့ အခုနှစ် နွေရာသီအပြောင်းရွှေ့ဈေးကွက်အတွင်း (၄)ဦးမြောက် ကစားသမား ခေါ်ယူမှုအဖြစ် ဘာစီလိုနာနောက်ခံလူ မီနာ Mina ကို ခေါ်ယူနိုင်တော့မှာ ဖြစ်ပါတယ်။ အဲဗာတန်အသင်းဟာ မီနာ Mina မတိုင်ခင်က ဝက်ဖို့ဒ် တိုက်စစ်ကစားသမား ရစ်ချာလီဆန် Richarlison ၊ အာဆင်နယ်လူငယ်ဂိုးသမား ဗာဂျီးနီးယား Virginia နဲ့ ဘာစီလိုနာနောက်ခံလူ ဒစ်ဂ်နေး Digne တို့ကို ခေါ်ယူထားခဲ့ပါတယ်။

Everton-have-agreed-Barcelona-centre-back-Yerry-Mina

Everton-have-agreed-Barcelona-centre-back-Yerry-Mina

မီနာ Mina ဟာ ဘာစီလိုနာအသင်းကို ပြီးခဲ့တဲ့ ဇန်နဝါရီအပြောင်းအရွှေ့ကာလကမှ ဘရာဇီးလ်ကလပ် ပါးလ်မီးယပ်စ်အသင်းကနေ ပြောင်းရွှေ့ခဲ့တဲ့ ကစားသမားတစ်ဦးဖြစ်ပြီး အသင်းမှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ကိုလံဘီယာအသင်းအတွက် ခြေစွမ်းပြခဲ့တဲ့ အသက် (၂၃)နှစ်အရွယ်ရှိ နောက်ခံလူ မီနာ Mina ဟာ အဲဗာတန်ခံစစ်ကြောင်းမှာ အဓိကနောက်ခံလူတစ်ဦးဖြစ်လာဖို့ရှိကြောင်း နည်းပြ မာကိုဆေးလ်ဗား Marco Silva က ပြောကြားခဲ့ပါတယ်။ လာမယ့်စနေနေ့မှာ စတင်မယ့် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဲဗာတန်အသင်းက တန်းတက် ဝုလ်ဗ်အသင်းရဲ့ အိမ်ကွင်းမှာ သွားရောက်ယှဉ်ပြိုင်ကစားရမှာဖြစ်ပြီး အသစ်ခေါ်ယူထားတဲ့ ကစားသမားတွေကို အသုံးပြုသွားဖို့ရှိနေပါတယ်။

အဲဗာတန်အသင်းရဲ့ အခုနှစ်နွေရာသီ ကစားသမား ခေါ်ယူမှုများ

ရစ်ချာလီဆန် Richarlison – ပေါင် (၃၅.၂၈)သန်း
ဒစ်ဂ်နေး Digne – ပေါင် (၁၈.၁၈)သန်း
ဗာဂျီးနီးယား Virginia – ပြောင်းရွှေ့ကြေးမဖော်ပြ

REF:Daily Mail
Photo:Tribuna, Football Fancast
Aung Kyaw Wai (Akhayar)
www.akhayar.com