[Zawgyi]

မာကိုေဆးလ္ဗားကို နည္းျပအျဖစ္ တရားဝင္ ခန္႔အပ္ခဲ့တဲ့ အဲဗာတန္အသင္း

ၿပီးခဲ့တဲ့ ၾကာသပေတးေန႔က ေပၚတူဂီလူမ်ိဳးနည္းျပ မာကိုေဆးလ္ဗား Marco Silva ကို ပရီးမီးယားလိဂ္ကလပ္ အဲဗာတန္အသင္းက နည္းျပအျဖစ္ တရားဝင္ခန္႔အပ္ခဲ့ပါတယ္။ မာကိုေဆးလ္ဗား Marco Silva နဲ႔ အဲဗာတန္အသင္းတို႔ (၃)ႏွစ္ စာခ်ဳပ္ခ်ဳပ္ဆိုခဲ့တာျဖစ္ၿပီး တစ္ႏွစ္လုပ္ခ ေပါင္ (၅)သန္းခန္႔ ေပးေခ်သြားရဖို႔ ရွိေနပါတယ္။ ၿပီးခဲ့တဲ့ ေအာက္တိုဘာလမွာ အသင္းနည္းျပေဟာင္း ေရာ္နယ္လ္ကိုးမင္း Ronald Koeman ကို ရာထူးက ထုတ္ပယ္ၿပီးကတည္းက ဝက္ဖို႔ဒ္နည္းျပေဟာင္း မာကိုေဆးလ္ဗား Marco Silva ကို နည္းျပအျဖစ္ ခန္႔အပ္ဖို႔ အဲဗာတန္အသင္းရဲ႕ အဓိက ရွယ္ယာရွင္ အီရန္ႏိုင္ငံသား ဖာဟတ္မိုရွီရီ  Farhad Moshiri ဆႏၵရွိေနခဲ့တာျဖစ္ၿပီး ဝက္ဖို႔ဒ္အသင္းက လက္မလႊတ္ခဲ့တာေၾကာင့္ ဆမ္အလာဒိုက္စ္  Sam Allardyce ကို နည္းျပအျဖစ္ ခန္႔အပ္ခဲ့တာ ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ဇန္နဝါရီလက ဝက္ဖို႔ဒ္နည္းျပ ရာထူးကေန ထုတ္ပယ္ခံခဲ့ရၿပီးေနာက္ပိုင္း အသင္းလက္မဲ့ျဖစ္ေနခဲ့တဲ့ အသက္ (၄၀)အရြယ္ရွိ မာကိုေဆးလ္ဗား Marco Silva ကိုယ္တိုင္က အဲဗာတန္နည္းျပ ရာထူးကို လက္ခံဖို႔ အေစာပိုင္းကတည္းက ဆႏၵရွိေနခဲ့တာျဖစ္ပါတယ္။

Portuguese-Marco-Silva-was-finally-unveiled-as-Evertons-new-manager-on-Thursday

Portuguese-Marco-Silva-was-finally-unveiled-as-Evertons-new-manager-on-Thursday

အဲဗာတန္ နည္းျပျဖစ္လာၿပီးေနာက္ပိုင္း “အသင္းကစားပံုနဲ႔ ပရိသတ္ေတြၾကားမွာ ႀကီးမားတဲ့ အခ်ိတ္အဆက္တစ္ခု ျပဳလုပ္သြားဖို႔ ဆႏၵရွိပါတယ္၊ ကိုယ္ပိုင္ ကစားဟန္နဲ႔ အသင္းကို ျမင္ေတြ႔ေစရမယ္လို႔ ကၽြန္ေတာ္ ေသခ်ာေပါက္ ကတိေပးပါတယ္၊ အဲဗာတန္အသင္းက ရည္မွန္းခ်က္ ႀကီးမားတဲ့ အသင္းတစ္သင္းပါ၊ အသင္းနဲ႔ ေအာင္ျမင္မႈေတြရယူသြားဖို႔ ဆႏၵရွိပါတယ္” မာကိုေဆးလ္ဗား Marco Silva က ေျပာၾကားခဲ့ပါတယ္။ အဲဗာတန္အသင္းရဲ႕ အဓိက ရွယ္ယာရွင္ ဖာဟတ္မိုရွီရီ  Farhad Moshiri အသင္းကို လာမယ့္ ေဘာလံုးရာသီမွာ ေအာင္ျမင္မႈေတြ ရယူႏိုင္ဖို႔ ေျပာင္းလဲမႈေတြ ျပဳလုပ္ေနခဲ့ပါတယ္။ မာကိုေဆးလ္ဗား Marco Silva ကို နည္းျပအျဖစ္ ခန္႔အပ္ခဲ့သလို နယ္သာလန္ကစားသမားေဟာင္း မာဆယ္ဘရန္႔စ္ Marcel Brands ကိုလည္း အသင္းအားကစား ဒါရိုက္တာအျဖစ္ ခန္႔အပ္သြားမွာျဖစ္ၿပီး အခုတစ္ပတ္ ေသာၾကာေန႔မွာ တရားဝင္ ေၾကညာသြားဖို႔ ရွိေနပါတယ္။ အားကစားဒါရိုက္တာ မာဆယ္ဘရန္႔စ္ Marcel Brands ကို (၃)ႏွစ္ စာခ်ဳပ္ခ်ဳပ္ဆိုသြားမွာျဖစ္ၿပီး ေပါင္ (၂)သန္းအထိ ေပးေခ်သြားဖို႔ ရွိေနပါတယ္။

မာကိုေဆးလ္ဗားရဲ႕ နည္းျပဘဝ ေအာင္ျမင္မႈမ်ား

Estoril
Segunda Liga: 2011–12
Segunda Liga Coach of the Year: 2011–12

Sporting
Taça de Portugal: 2014–15

Olympiacos
Superleague Greece: 2015–16

REF:Daily Mail, Wikipedia
Photo:Everton Twitter, Ghanasoccernet.com
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

မာကိုဆေးလ်ဗားကို နည်းပြအဖြစ် တရားဝင် ခန့်အပ်ခဲ့တဲ့ အဲဗာတန်အသင်း

ပြီးခဲ့တဲ့ ကြာသပတေးနေ့က ပေါ်တူဂီလူမျိုးနည်းပြ မာကိုဆေးလ်ဗား Marco Silva ကို ပရီးမီးယားလိဂ်ကလပ် အဲဗာတန်အသင်းက နည်းပြအဖြစ် တရားဝင်ခန့်အပ်ခဲ့ပါတယ်။ မာကိုဆေးလ်ဗား Marco Silva နဲ့ အဲဗာတန်အသင်းတို့ (၃)နှစ် စာချုပ်ချုပ်ဆိုခဲ့တာဖြစ်ပြီး တစ်နှစ်လုပ်ခ ပေါင် (၅)သန်းခန့် ပေးချေသွားရဖို့ ရှိနေပါတယ်။ ပြီးခဲ့တဲ့ အောက်တိုဘာလမှာ အသင်းနည်းပြဟောင်း ရော်နယ်လ်ကိုးမင်း Ronald Koeman ကို ရာထူးက ထုတ်ပယ်ပြီးကတည်းက ဝက်ဖို့ဒ်နည်းပြဟောင်း မာကိုဆေးလ်ဗား Marco Silva ကို နည်းပြအဖြစ် ခန့်အပ်ဖို့ အဲဗာတန်အသင်းရဲ့ အဓိက ရှယ်ယာရှင် အီရန်နိုင်ငံသား ဖာဟတ်မိုရှီရီ  Farhad Moshiri ဆန္ဒရှိနေခဲ့တာဖြစ်ပြီး ဝက်ဖို့ဒ်အသင်းက လက်မလွှတ်ခဲ့တာကြောင့် ဆမ်အလာဒိုက်စ်  Sam Allardyce ကို နည်းပြအဖြစ် ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇန်နဝါရီလက ဝက်ဖို့ဒ်နည်းပြ ရာထူးကနေ ထုတ်ပယ်ခံခဲ့ရပြီးနောက်ပိုင်း အသင်းလက်မဲ့ဖြစ်နေခဲ့တဲ့ အသက် (၄၀)အရွယ်ရှိ မာကိုဆေးလ်ဗား Marco Silva ကိုယ်တိုင်က အဲဗာတန်နည်းပြ ရာထူးကို လက်ခံဖို့ အစောပိုင်းကတည်းက ဆန္ဒရှိနေခဲ့တာဖြစ်ပါတယ်။

Portuguese-Marco-Silva-was-finally-unveiled-as-Evertons-new-manager-on-Thursday

Portuguese-Marco-Silva-was-finally-unveiled-as-Evertons-new-manager-on-Thursday

အဲဗာတန် နည်းပြဖြစ်လာပြီးနောက်ပိုင်း “အသင်းကစားပုံနဲ့ ပရိသတ်တွေကြားမှာ ကြီးမားတဲ့ အချိတ်အဆက်တစ်ခု ပြုလုပ်သွားဖို့ ဆန္ဒရှိပါတယ်၊ ကိုယ်ပိုင် ကစားဟန်နဲ့ အသင်းကို မြင်တွေ့စေရမယ်လို့ ကျွန်တော် သေချာပေါက် ကတိပေးပါတယ်၊ အဲဗာတန်အသင်းက ရည်မှန်းချက် ကြီးမားတဲ့ အသင်းတစ်သင်းပါ၊ အသင်းနဲ့ အောင်မြင်မှုတွေရယူသွားဖို့ ဆန္ဒရှိပါတယ်” မာကိုဆေးလ်ဗား Marco Silva က ပြောကြားခဲ့ပါတယ်။ အဲဗာတန်အသင်းရဲ့ အဓိက ရှယ်ယာရှင် ဖာဟတ်မိုရှီရီ  Farhad Moshiri အသင်းကို လာမယ့် ဘောလုံးရာသီမှာ အောင်မြင်မှုတွေ ရယူနိုင်ဖို့ ပြောင်းလဲမှုတွေ ပြုလုပ်နေခဲ့ပါတယ်။ မာကိုဆေးလ်ဗား Marco Silva ကို နည်းပြအဖြစ် ခန့်အပ်ခဲ့သလို နယ်သာလန်ကစားသမားဟောင်း မာဆယ်ဘရန့်စ် Marcel Brands ကိုလည်း အသင်းအားကစား ဒါရိုက်တာအဖြစ် ခန့်အပ်သွားမှာဖြစ်ပြီး အခုတစ်ပတ် သောကြာနေ့မှာ တရားဝင် ကြေညာသွားဖို့ ရှိနေပါတယ်။ အားကစားဒါရိုက်တာ မာဆယ်ဘရန့်စ် Marcel Brands ကို (၃)နှစ် စာချုပ်ချုပ်ဆိုသွားမှာဖြစ်ပြီး ပေါင် (၂)သန်းအထိ ပေးချေသွားဖို့ ရှိနေပါတယ်။

မာကိုဆေးလ်ဗားရဲ့ နည်းပြဘဝ အောင်မြင်မှုများ

Estoril
Segunda Liga: 2011–12
Segunda Liga Coach of the Year: 2011–12

Sporting
Taça de Portugal: 2014–15

Olympiacos
Superleague Greece: 2015–16

REF:Daily Mail, Wikipedia
Photo:Everton Twitter, Ghanasoccernet.com
Aung Kyaw Wai (Akhayar)
www.akhayar.com