[Zawgyi]





















Beyonce and Jay Z






ကြည်သာ (Akhayar)


www.akhayar.com
[Unicode]

နှစ်ပေါင်းများစွာ ချစ်ခရီးလမ်းမှာ ရွှေလက်တွဲနိုင်ခဲ့တဲ့ကမ္ဘာကျော်အနုပညာရှင်များ

အနုပညာရှင်စုံတွဲတွေ အများစုဟာချစ်လိုက် တွဲလိုက် ကွဲလိုက်နဲ့ များကြပြီးတော့ ရေရှည်တည်တံ့စွာ တွဲလက်တွေမြဲကြတဲ့ စုံတွဲဆိုတာ ရှားပါတယ်။ ဒါကလည်း အနုပညာရှင်စုံတွဲတွေမှာပဲ ဖြစ်တတ်တဲ့ အရာတွေတော့လည်းမဟုတ်ပါဘူး။ ဒီလိုအရာတွေ ကတော့လူတိုင်းမှာရှိတတ်ကြပါတယ်။ ဒီလိုကြုံတတ်တဲ့ တွေ့ဆုံကြုံကွဲဆိုတာတွေကို အံ့တုပြီးတော့နှစ်ပေါင်းများစွာ အတွဲညီခဲ့တဲ့ အနုပညာရှင်စုံတွဲတွေ ကိုဖော်ပြပေးချင်ပါတယ်။

Meryl Streep and Don Gummer

Meryl Streep and Don Gummer တို့နှစ်ယောက်ရဲ့ချစ်သက်တမ်းဟာ နှစ်ပေါင်း ၄၀ ရှိခဲ့ပါပြီ။ သူတို့နှစ်ယောက်မှာ ကလေး ၄ ယောက်ရှိပါတယ်။

Tom Hanks and Rita Wilson

Tom Hanks နဲ့ Rita Wilson တို့ဟာ ၁၉၈၈ ခုနှစ်ထဲ က လက်ထပ်ခဲ့ကြတဲ့အတွက် အခုဆိုရင် သူတို့နှစ်ယောက်ရဲ့ ချစ်သက်တမ်းဟာ နှစ်ပေါင်း ၃၀ ရှိခဲ့ပြီဖြစ်ပါတယ်။ သူတို့မှာ ကလေးနှစ်ယောက်ရှိပါတယ်။

Kirk Douglas and Anne Buydens

Kirk Douglas နဲ့ Anne Buydens တို့ဟာ ၁၉၅၄ ခုနှစ်ကလက်ထပ်ခဲ့ကြတာဖြစ်တဲ့ အတွက် အခုဆိုရင် ၆၄ နှစ်ရှိခဲ့ပြီဖြစ်ပါတယ်။ သူတို့မှာ ကလေးနှစ်ယောက်ရှိတဲ့ အနက် တစ်ယောက်ကတော့ ၂၀၀၄ ခုနှစ်ကသေဆုံးသွားခဲ့ပြီဖြစ်ပါတယ်။

Samuel L.Jackson and Latanya Richardson

Samuel L.Jackson နဲ့ Latanya Richardson တို့နှစ်ယောက်ကတော့ ၁၉၈၀ခုနှစ်တည်းကလက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။ သူတို့နှစ်ယောက်ရဲ့ ချစ်သက်တမ်းဟာ အခုဆိုရင် ၃၈ နှစ်ရှိခဲ့ပြီဖြစ်ပါတယ်။ သူတို့မှာ ကလေးတစ်ယောက်ရှိပါတယ်။

Kevin Bacon and Kyra Sedgwick

Kevin Bacon နဲ့ Kyra Sedgwick တို့နှစ်ယောက်ဟာ ၁၉၈၈ ခုနှစ်တည်းကလက်ထပ်ခဲ့တာဖြစ်တဲ့အတွက် သူတို့နှစ်ယောက်ရဲ့ချစ်သက်တမ်းဟာ အခုဆိုရင် နှစ်ပေါင်း ၃၀ ရှိလို့နေပါပြီ။ ကလေးနှစ်ယောက်ရှိပါတယ်။

Elton John and David Furnish

၁၉၉၃ ခုနှစ်တည်းက Elton John နဲ့ David Furnish တို့ရဲ့ Relationship ဟာစတင်ခဲ့တာဖြစ်ပါတယ်။ သူတို့နှစ်ယောက်ဟာထူးခြားတဲ့ လိင်တူချစ်စုံတွဲတစ်တွဲလည်းဖြစ်ပါတယ်။သူတို့မှာမွေးစားထားတဲ့ ကလေးနှစ်ယောက်ရှိပါတယ်။

Hugh Jackman and Deborra-lee Furness

Hugh Jackman နဲ့ Deborra-lee Furness တို့နှစ်ယောက်ဟာ ၁၉၉၆ ခုနှစ်တည်းကလက်တပ်ခဲ့တဲ့ အတွက် အခုဆိုရင် သူတို့ရဲ့ချစ်သက်တမ်းဟာ ၂၂ နှစ်ရှိခဲ့ပြီဖြစ်ပါတယ်။ သူတို့နှစ်ယောက်မှာ ကလေးနှစ်ယောက်ရှိပါတယ်။

Robert Downey Jr. and Susan Levin

Robert Downey Jr. နဲ့ Susan Levin တို့နှစ်ယောက် ဟာ ၂၀၀၅ ခုနှစ်တည်းကလက်ထပ်ခဲ့ကြတာဖြစ်တဲ့ အတွက် သူတို့နှစ်ယောက်ရဲ့ချစ်သက်တမ်းဟာ ၁၃ နှစ်ရှိပြီဖြစ်ပါတယ်။ သူတို့မှာ ကလေးနှစ်ယောက်ရှိပါတယ်။

Oprah Winfrey and Stedman Graham

Oprah Winfrey နဲ့ Stedman Graham တို့ဟာ ၁၉၈၆ ခုနှစ်က လက်ထပ်ခဲ့တာဖြစ်တဲ့ အတွက် အခုဆိုရင်နှစ်ပေါင်း ၃၂ နှစ်ခန့်အတူတူလက်တွဲနေထိုင်ခဲ့ကြတာဖြစ်ပါတယ်။ သူတို့မှာ ကလေးတစ်ယောက်ရှိပါတယ်။

Beyonce and Jay Z

Beyonce နဲ့ Jay Z တို့နှစ်ယောက် ရဲ့ချစ်သက်တမ်းဟာ အခုဆိုရင် ၁၅ နှစ်နီးပါးခန့်ရှိပြီဖြစ်ပါတယ်။ Beyonce ရဲ့အသက်က ၃၆ နှစ်ရှိပြီဖြစ်ပြီး Jay Z ကတော့ ၄၈ နှစ်ရှိပြီဖြစ်ပါတယ်။

Ellen Degeneres and Portia De Rossi

Ellen Degeneres နဲ့ Portia De Rossi တို့နှစ်ယောက်ဟာလိင်တူချစ်သူ စုံတွဲတစ်တွဲ ဖြစ်ပါတယ်။ သူတို့နှစ်ယောက်ချစ်ခင်လာတဲ့ ချစ်သက်တမ်းဟာ ဆိုရင်လည်း ဆယ်စုနှစ်တစ်ခုကျော် ရှိခဲ့ပြီဖြစ်ပါတယ်။

Victoria Beckham and David Beckham

Victoria Beckham နဲ့ David Beckham တို့နှစ်ယောက်ကတော့ ၁၉၉၉ခုနှစ်မှာလက်ထပ်ခဲ့တဲ့ အတွက်အခုဆိုရင် သူတို့ရဲ့ ချစ်သက်တမ်းဟာ ၁၉ နှစ်ရှိနေပါပြီ။ ကလေး ၄ ယောက်ရှိနေပြီဖြစ်ပါတယ်။

ကြည်သာ (Akhayar)

Photo Credit:boredpanda

www.akhayar.com