[Zawgyi]

ျပင္းထန္တဲ့ ဒူးဒဏ္ရာေၾကာင့္ လာမယ့္တစ္ရာသီလုံး အနားယူရဖုိ႔ရွိေနတဲ့ လန္ဇီနီ Lanzini

၀က္စ္ဟမ္းအသင္းက အာဂ်င္တီးနား ေတာင္ပံတိုက္စစ္ကစားသမား လန္ဇီနီ Lanzini ဟာ ျပင္းထန္တဲ့ ဒူးဒဏ္ရာေၾကာင့္ လာမယ့္ ၂၀၁၈-၁၉ တစ္ရာသီလုံး အနားယူရဖုိ႔ရွိေနတာေၾကာင့္ ကစားသမားအတြက္ေရာ ၀က္စ္ဟမ္းအသင္းအတြက္ပါ ႀကီးမားတဲ့ ထုိးႏွက္ခ်က္ျဖစ္ခဲ့ရပါတယ္။ အသက္(၂၅)ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ လန္ဇီနီဟာ အာဂ်င္တီးနားအသငး္နဲ႔အတူ ကမၻာ႔ဖလားၿပိဳင္ပဲြအတြက္ ႀကိဳတင္ ေလ့က်င့္ခန္းအစီအစဥ္မွာ ဒူးဒဏ္ရာ ျပင္းျပင္းထန္ထန္ရရွိခဲ့တာျဖစ္ၿပီး ကမၻာ႔ဖလားၿပိဳင္ပဲြနဲ႔ လဲြေခ်ာ္ခဲ့တယ္။ လန္ဇီနီက အခုဒဏ္ရာေၾကာင့္ (၁)ႏွစ္နီးပါးသာ အနားယူရမယ္လုိ႔ ေမွ်ာ္လင့္ခဲ့ေပမယ့္ သူ႔ဒဏ္ရာက ေမွ်ာ္လင့္ထားတာထက္ ပုိဆုိးေနတာေၾကာင့္ (၁၅)လေလာက္အထိ အနားယူရဖုိ႔ရွိေနပါၿပီ။

Lanzini-Injury

Lanzini-Injury

ဒါေၾကာင့္ ၀က္စ္ဟမ္းအသင္းနညး္ျပသစ္ ပယ္လီဂရီနီ Pellegrini ဟာ အခုေႏြရာသီအေျပာင္းအေရႊ႕ေစ်းကြက္မွာ လန္ဇီနီရဲ႕ေနရာ အစားထုိးဖုိ႔အတြက္ ကစားသမားသစ္တစ္ဦး ထပ္ေခၚသြားဖုိ႔ရွိေနပါတယ္။ အခုေလာေလာဆယ္ တူးလူးစ္ ကြင္းလယ္ကစားသမား အစ္ဆာဒီေယာ့ပ္ Issa Diop ကုိ ကလပ္စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကး ေပါင္(၂၅)သန္း နဲ႔ေခၚယူခဲ့ၿပီး ေဖဘီယန္စကီး Fabianski ၊ ႐ုိင္ယန္ဖရီးဒရစ္ Ryan Fredericks တို႔ကုိလည္း ေခၚယူအားျဖည့္ထားပါတယ္။

REF:The Sun
Photo:Getty Images,Sky Sports
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ပြင်းထန်တဲ့ ဒူးဒဏ်ရာကြောင့် လာမယ့်တစ်ရာသီလုံး အနားယူရဖို့ရှိနေတဲ့ လန်ဇီနီ Lanzini

ဝက်စ်ဟမ်းအသင်းက အာဂျင်တီးနား တောင်ပံတိုက်စစ်ကစားသမား လန်ဇီနီ Lanzini ဟာ ပြင်းထန်တဲ့ ဒူးဒဏ်ရာကြောင့် လာမယ့် ၂၀၁၈-၁၉ တစ်ရာသီလုံး အနားယူရဖို့ရှိနေတာကြောင့် ကစားသမားအတွက်ရော ဝက်စ်ဟမ်းအသင်းအတွက်ပါ ကြီးမားတဲ့ ထိုးနှက်ချက်ဖြစ်ခဲ့ရပါတယ်။ အသက်(၂၅)နှစ်အရွယ်ရှိပြီဖြစ်တဲ့ လန်ဇီနီဟာ အာဂျင်တီးနားအသင်းနဲ့အတူ ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် ကြိုတင် လေ့ကျင့်ခန်းအစီအစဉ်မှာ ဒူးဒဏ်ရာ ပြင်းပြင်းထန်ထန်ရရှိခဲ့တာဖြစ်ပြီး ကမ္ဘာ့ဖလားပြိုင်ပွဲနဲ့ လွဲချော်ခဲ့တယ်။ လန်ဇီနီက အခုဒဏ်ရာကြောင့် (၁)နှစ်နီးပါးသာ အနားယူရမယ်လို့ မျှော်လင့်ခဲ့ပေမယ့် သူ့ဒဏ်ရာက မျှော်လင့်ထားတာထက် ပိုဆိုးနေတာကြောင့် (၁၅)လလောက်အထိ အနားယူရဖို့ရှိနေပါပြီ။

Lanzini-Injury

Lanzini-Injury

ဒါကြောင့် ဝက်စ်ဟမ်းအသင်းနည်းပြသစ် ပယ်လီဂရီနီ Pellegrini ဟာ အခုနွေရာသီအပြောင်းအရွှေ့ဈေးကွက်မှာ လန်ဇီနီရဲ့နေရာ အစားထိုးဖို့အတွက် ကစားသမားသစ်တစ်ဦး ထပ်ခေါ်သွားဖို့ရှိနေပါတယ်။ အခုလောလောဆယ် တူးလူးစ် ကွင်းလယ်ကစားသမား အစ်ဆာဒီယော့ပ် Issa Diop ကို ကလပ်စံချိန်တင်ပြောင်းရွှေ့ကြေး ပေါင်(၂၅)သန်း နဲ့ခေါ်ယူခဲ့ပြီး ဖေဘီယန်စကီး Fabianski ၊ ရိုင်ယန်ဖရီးဒရစ် Ryan Fredericks တို့ကိုလည်း ခေါ်ယူအားဖြည့်ထားပါတယ်။

REF:The Sun
Photo:Getty Images,Sky Sports
Naing Linn(Akhayar)
www.akhayar.com