[Zawgyi]

မန္ယူအသင္းနဲ႔ စာခ်ဳပ္သစ္ခ်ဳပ္ဆိုခဲ႔တဲ႔ လုခ္ေရွာ Luke Shaw

မန္ယူအသင္းရဲ႕ အဂၤလန္ဘယ္ေနာက္ခံလူ လုခ္ေရွာ Luke Shaw ဟာ အသင္းနဲ႔ (၅)ႏွစ္စာခ်ဳပ္သစ္ ခ်ဳပ္ဆိုခဲ႔ပါတယ္။ စာခ်ဳပ္သစ္မွာေတာ႔ လုခ္ေရွာ ဟာ တစ္ပတ္လုပ္ခ ေပါင္(၁၅၀၀၀၀)ရရိွသြားမွာပဲျဖစ္ပါတယ္။ လုခ္ေရွာ ဟာ ျပင္းထန္တဲ႔ ဒဏ္ရာျပႆနာနဲ႔ ၾကံဳေတြ႕ခဲ႔ရေပမယ္႔ အေကာင္းဆံုး တြန္းလွန္ႏိုင္ခဲ႔ျပီး ေျခစြမ္းေကာင္းေတြကို ျပန္လည္ပိုင္ဆိုင္ႏိုင္ခဲ႔သူပဲျဖစ္ပါတယ္။

Luke-Shaw

Luke-Shaw

လုခ္ေရွာ က ” နည္းျပေမာ္ရင္ဟိုMourinho ရဲ႕ လက္ေအာက္မွာ က်ြန္ေတာ္  ဆက္လက္တိုးတက္လာဖို႔ အတြက္ မေစာင္႔ႏိုင္ေတာ႔ပါဘူး။ က်ြန္ေတာ္ကေတာ႔ ေအာင္ျမင္မႈေတြျပန္ရဖို႔ အခ်ိန္ေရာက္ျပီလို႔ ထင္ပါတယ္။က်ြန္ေတာ္တို႔မွာ အံၾသစရာေကာင္းတဲ႔ ကစားသမားအစုအဖြဲ႕ရိွသလို သူတို႔ရဲ႕ အရည္အခ်င္းေတြကလည္း ေၾကာက္စရာေကာင္းေအာင္ ေကာင္းမြန္ၾကပါတယ္။ အမ်ားစုက ငယ္ရြယ္တဲ႔သူေတြျဖစ္တာေၾကာင္႔ ေအာင္ျမင္မႈေတြကို ဆာေလာင္ေနၾကပါတယ္ ” လို႔ ေျပာၾကားခဲ႔ပါတယ္။ အသက္(၂၃)ႏွစ္အရြယ္ရိွျပီျဖစ္သူ လုခ္ေရွာဟာလက္ရိွအခ်ိန္ထိ မန္ယူအသင္းအတြက္ ပြဲေပါင္း(၇၅)ပြဲကစားထားျပီး(၁)ဂိုးသြင္းယူထားပါတယ္။

Ref: BBCSport
Photo:Manchester United Twitter
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

မန်ယူအသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုခဲ့တဲ့ လုခ်ရှော Luke Shaw

မန်ယူအသင်းရဲ့ အင်္ဂလန်ဘယ်နောက်ခံလူ လုခ်ရှော Luke Shaw ဟာ အသင်းနဲ့ (၅)နှစ်စာချုပ်သစ် ချုပ်ဆိုခဲ့ပါတယ်။ စာချုပ်သစ်မှာတော့ လုခ်ရှော ဟာ တစ်ပတ်လုပ်ခ ပေါင်(၁၅၀၀၀၀)ရရှိသွားမှာပဲဖြစ်ပါတယ်။ လုခ်ရှော ဟာ ပြင်းထန်တဲ့ ဒဏ်ရာပြဿနာနဲ့ ကြုံတွေ့ခဲ့ရပေမယ့် အကောင်းဆုံး တွန်းလှန်နိုင်ခဲ့ပြီး ခြေစွမ်းကောင်းတွေကို ပြန်လည်ပိုင်ဆိုင်နိုင်ခဲ့သူပဲဖြစ်ပါတယ်။

Luke-Shaw

Luke-Shaw

လုခ်ရှော က ” နည်းပြမော်ရင်ဟိုMourinho ရဲ့ လက်အောက်မှာ ကျွန်တော်  ဆက်လက်တိုးတက်လာဖို့ အတွက် မစောင့်နိုင်တော့ပါဘူး။ ကျွန်တော်ကတော့ အောင်မြင်မှုတွေပြန်ရဖို့ အချိန်ရောက်ပြီလို့ ထင်ပါတယ်။ကျွန်တော်တို့မှာ အံသြစရာကောင်းတဲ့ ကစားသမားအစုအဖွဲ့ရှိသလို သူတို့ရဲ့ အရည်အချင်းတွေကလည်း ကြောက်စရာကောင်းအောင် ကောင်းမွန်ကြပါတယ်။ အများစုက ငယ်ရွယ်တဲ့သူတွေဖြစ်တာကြောင့် အောင်မြင်မှုတွေကို ဆာလောင်နေကြပါတယ် ” လို့ ပြောကြားခဲ့ပါတယ်။ အသက်(၂၃)နှစ်အရွယ်ရှိပြီဖြစ်သူ လုခ်ရှောဟာလက်ရှိအချိန်ထိ မန်ယူအသင်းအတွက် ပွဲပေါင်း(၇၅)ပွဲကစားထားပြီး(၁)ဂိုးသွင်းယူထားပါတယ်။

Ref: BBCSport
Photo:Manchester United Twitter
Ko Kyue(Akhayar)
www.akhayar.com