[Zawgyi]

အိုးထရက္ဖို႔ဒ္ အစဥ္အလာဆိုးကေန ေဖာက္ထြက္ျပခဲ႔တဲ႔ စပါး

ပရီးမီးယားလိဂ္ ပြဲစဥ္(၃)ရဲ႕ ေနာက္ဆံုးပြဲစဥ္ျဖစ္တဲ႔ မန္ယူ – စပါးပြဲစဥ္ဟာ ပရိသတ္အၾကိဳက္ပြဲစဥ္တစ္ပြဲ ျဖစ္ခဲ႔ပါတယ္။ ဖိအားေတြမ်ားေနတဲ႔ မန္ယူအသင္းဟာ အိမ္ကြင္းမွာမထင္မွတ္ပဲ စပါးအသင္းကို ( ၀ – ၃ )နဲ႔႐ံႈးနိမ္႔ခဲ႔တာေၾကာင္႔ မန္ယူအသင္းနဲ႔ နည္းျပေမာ္ရင္ဟို Mourinho တို႔အတြက္ ဖိအားေတြထပ္တိုးတဲ႔ ပြဲစဥ္လို႔ ဆိုရမွာပါ။

Manchester-United-Vs-Spur

Manchester-United-Vs-Spur

အိမ္ရွင္ မန္ယူအသင္းရဲ႕လူစာရင္းမွာ အေျပာင္းအလဲေတြမ်ားစြာေတြ႔ခဲ႔ရျပီး ဗလင္စီယာ Valencia ၊ စေမာလင္း Smalling ၊ ဖီးလ္ဂ်ံဳးစ္ Jones ၊ မာတစ္ Matić ၊ ဟာရဲရား Herrera ၊ လင္ဂတ္ Lingard တို႔ပြဲထြက္လူစာရင္းမွာပါ၀င္လာခဲ႔ပါတယ္။ စပါးအသင္းကေတာ႔ ဒန္နီ႐ို႕စ္ Rose ပါလာတာကလြဲရင္ လူစာရင္းပိုင္း အေျပာင္းအလဲၾကီးၾကီးမားမားမရိွခဲ႔ပါဘူး။မန္ယူအသင္းဟာ ပြဲအစပိုင္းထဲက စပါးအသင္းကိုဖိအားေပးကစားႏိုင္ခဲ႔ျပီး မန္ယူအသင္းရဲ႕ကစားပံုေၾကာင္႔ စပါးအသင္းဟာ ကစားကြက္တည္ဖို႔ခက္ခဲခဲ႔ပါတယ္။ ပြဲခ်ိန္(၁၅)မိနစ္မွာေတာ႔ ဒန္နီ႐ို႕စ္ Rose ရဲ႕အမွားကေန လူကာကူ Lukaku ေဘာလံုးရရိွခဲ႔ျပီး ဂိုးသမားလိုရစ္ Lloris ကိုပါ ေက်ာ္ျဖတ္ခဲ႔ကာ အပိုင္ကန္သြင္းခဲ႔ေပမယ္႔ ကံဆိုးစြာနဲ႔ပဲဂိုးေပါက္နဲ႔ လြဲေခ်ာ္ခဲ႔ပါတယ္။ မန္ယူအသင္းအေနနဲ႔ ဂိုးရႏိုင္မယ္႔ အခြင္႔အေရးတခ်ိဳ႕ရရိွခဲ႔ေပမယ္႔ အသံုးခ်နိုင္ခဲ႔ျခင္းေတာ႔ မရိွခဲ႔ပါဘူး။ ပြဲခ်ိန္(၃၉)မိနစ္မွာ အဲရစ္ဆင္ Eriksen ဂိုးကန္သြင္းခြင္႔ရခဲ႔ေပမယ္႔ မန္ယူဂိုးသမား ဒီဂီယာ De Gea ကာကြယ္ႏိုင္ခဲ႔ပါတယ္။

Lucas-Moura-and-Kane

Lucas-Moura-and-Kane

ဒုတိယပိုင္းအစမွာေတာ႔ ႏွစ္သင္းလံုးဟာ အျပန္အလွန္အခြင္႔အေရးေတြရရိွခဲ႔ၾကပါတယ္။ ပြဲခ်ိန္မိနစ္(၅၀)မွာေတာ႔ စပါးအသင္းဟာ ဦးေဆာင္ဂိုးစတင္ရရိွခဲ႔ျပီး ေထာင္႔ကန္ေဘာကေန တိုက္စစ္မႈး ဟယ္ရီကိန္း Kane ဟာ ေခါင္းတိုက္သြင္းယူခဲ႔တာပါ။ ဦးေဆာင္ဂိုးရျပီး သိပ္မၾကာခင္မွာပဲ စပါးအသင္းဟာ ဒုတိယဂိုးရရိွခဲ႔ျပီး ပြဲခ်ိန္(၅၂ )မိနစ္မွာ အဲရစ္ဆင္ Eriksen ခ်ိဳးေပးလိုက္တဲ႔ေဘာလံုးကို လူးကပ္စ္ေမာ္ရာ Lucas Moura က ကန္သြင္းယူခဲ႔တာပါ။ ဦးေဆာင္ဂိုးေတြေပးလိုက္ရတာေၾကာင္႔ မန္ယူအသင္းဟာ ဆန္းခ်က္စ္ Sánchez ကိုထည္႔သြင္းျပီး တိုက္စစ္ကိုျမွင္႔တင္ကစားခဲ႔ပါတယ္။ ပြဲခ်ိန္(၆၅)မိနစ္မွာ လူစား၀င္ကစားသမား လင္ဒီေလာ႔ Lindelöf ရဲ႕အမွားကေန အလီ Alli အပိုင္အခြင္႔အေရးရခဲ႔ေပမယ္႔ ဒီဂီယာ De Gea ကာကြယ္ႏိုင္ခဲ႔ပါတယ္။ မန္ယူအသင္းဟာ တိုက္စစ္ကိုျမွင္႔တင္ကစားခဲ႔ေပမယ္႔ စပါးအသင္းက တတိယဂိုးထပ္ရခဲ႔ျပီး ပြဲခ်ိန္(၈၄)မိနစ္မွာ လူးကပ္စ္ေမာ္ရာ Lucas Moura ဟာ စေမာလင္း Smalling ကို ေက်ာ္ျဖတ္ျပီးကန္သြင္းယူခဲ႔တာပဲ ျဖစ္ပါတယ္။

Lucas-Moura-Celebrate

Lucas-Moura-Celebrate

စပါးအသင္းဟာ ဒုတိယပိုင္းအစမွာ မန္ယူအသင္းရဲ႕အထေလးမႈကို အခြင္႔အေရးယူႏိုင္ခဲ႔တာေၾကာင္႔ အခုလိုႏိုင္ပြဲရရိွခဲ႔တာျဖစ္ျပီး အိုးထရက္ဖို႔ဒ္မွာ ႐ုန္းကန္ရတယ္ဆိုတဲ႔ အစဥ္အလာဆိုးကေနေဖာက္ထြက္ျပႏိုင္ခဲ႔ပါတယ္။

Photo: Tottenham Hotspur Twitter
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

အိုးထရက်ဖို့ဒ် အစဉ်အလာဆိုးကနေ ဖောက်ထွက်ပြခဲ့တဲ့ စပါး

ပရီးမီးယားလိဂ် ပွဲစဉ်(၃)ရဲ့ နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ မန်ယူ – စပါးပွဲစဉ်ဟာ ပရိသတ်အကြိုက်ပွဲစဉ်တစ်ပွဲ ဖြစ်ခဲ့ပါတယ်။ ဖိအားတွေများနေတဲ့ မန်ယူအသင်းဟာ အိမ်ကွင်းမှာမထင်မှတ်ပဲ စပါးအသင်းကို ( ၀ – ၃ )နဲ့ရှုံးနိမ့်ခဲ့တာကြောင့် မန်ယူအသင်းနဲ့ နည်းပြမော်ရင်ဟို Mourinho တို့အတွက် ဖိအားတွေထပ်တိုးတဲ့ ပွဲစဉ်လို့ ဆိုရမှာပါ။

Manchester-United-Vs-Spur

Manchester-United-Vs-Spur

အိမ်ရှင် မန်ယူအသင်းရဲ့လူစာရင်းမှာ အပြောင်းအလဲတွေများစွာတွေ့ခဲ့ရပြီး ဗလင်စီယာ Valencia ၊ စမောလင်း Smalling ၊ ဖီးလ်ဂျုံးစ် Jones ၊ မာတစ် Matić ၊ ဟာရဲရား Herrera ၊ လင်ဂတ် Lingard တို့ပွဲထွက်လူစာရင်းမှာပါဝင်လာခဲ့ပါတယ်။ စပါးအသင်းကတော့ ဒန်နီရို့စ် Rose ပါလာတာကလွဲရင် လူစာရင်းပိုင်း အပြောင်းအလဲကြီးကြီးမားမားမရှိခဲ့ပါဘူး။မန်ယူအသင်းဟာ ပွဲအစပိုင်းထဲက စပါးအသင်းကိုဖိအားပေးကစားနိုင်ခဲ့ပြီး မန်ယူအသင်းရဲ့ကစားပုံကြောင့် စပါးအသင်းဟာ ကစားကွက်တည်ဖို့ခက်ခဲခဲ့ပါတယ်။ ပွဲချိန်(၁၅)မိနစ်မှာတော့ ဒန်နီရို့စ် Rose ရဲ့အမှားကနေ လူကာကူ Lukaku ဘောလုံးရရှိခဲ့ပြီး ဂိုးသမားလိုရစ် Lloris ကိုပါ ကျော်ဖြတ်ခဲ့ကာ အပိုင်ကန်သွင်းခဲ့ပေမယ့် ကံဆိုးစွာနဲ့ပဲဂိုးပေါက်နဲ့ လွဲချော်ခဲ့ပါတယ်။ မန်ယူအသင်းအနေနဲ့ ဂိုးရနိုင်မယ့် အခွင့်အရေးတချို့ရရှိခဲ့ပေမယ့် အသုံးချနိုင်ခဲ့ခြင်းတော့ မရှိခဲ့ပါဘူး။ ပွဲချိန်(၃၉)မိနစ်မှာ အဲရစ်ဆင် Eriksen ဂိုးကန်သွင်းခွင့်ရခဲ့ပေမယ့် မန်ယူဂိုးသမား ဒီဂီယာ De Gea ကာကွယ်နိုင်ခဲ့ပါတယ်။

Lucas-Moura-and-Kane

Lucas-Moura-and-Kane

ဒုတိယပိုင်းအစမှာတော့ နှစ်သင်းလုံးဟာ အပြန်အလှန်အခွင့်အရေးတွေရရှိခဲ့ကြပါတယ်။ ပွဲချိန်မိနစ်(၅၀)မှာတော့ စပါးအသင်းဟာ ဦးဆောင်ဂိုးစတင်ရရှိခဲ့ပြီး ထောင့်ကန်ဘောကနေ တိုက်စစ်မှုး ဟယ်ရီကိန်း Kane ဟာ ခေါင်းတိုက်သွင်းယူခဲ့တာပါ။ ဦးဆောင်ဂိုးရပြီး သိပ်မကြာခင်မှာပဲ စပါးအသင်းဟာ ဒုတိယဂိုးရရှိခဲ့ပြီး ပွဲချိန်(၅၂ )မိနစ်မှာ အဲရစ်ဆင် Eriksen ချိုးပေးလိုက်တဲ့ဘောလုံးကို လူးကပ်စ်မော်ရာ Lucas Moura က ကန်သွင်းယူခဲ့တာပါ။ ဦးဆောင်ဂိုးတွေပေးလိုက်ရတာကြောင့် မန်ယူအသင်းဟာ ဆန်းချက်စ် Sánchez ကိုထည့်သွင်းပြီး တိုက်စစ်ကိုမြှင့်တင်ကစားခဲ့ပါတယ်။ ပွဲချိန်(၆၅)မိနစ်မှာ လူစားဝင်ကစားသမား လင်ဒီလော့ Lindelöf ရဲ့အမှားကနေ အလီ Alli အပိုင်အခွင့်အရေးရခဲ့ပေမယ့် ဒီဂီယာ De Gea ကာကွယ်နိုင်ခဲ့ပါတယ်။ မန်ယူအသင်းဟာ တိုက်စစ်ကိုမြှင့်တင်ကစားခဲ့ပေမယ့် စပါးအသင်းက တတိယဂိုးထပ်ရခဲ့ပြီး ပွဲချိန်(၈၄)မိနစ်မှာ လူးကပ်စ်မော်ရာ Lucas Moura ဟာ စမောလင်း Smalling ကို ကျော်ဖြတ်ပြီးကန်သွင်းယူခဲ့တာပဲ ဖြစ်ပါတယ်။

Lucas-Moura-Celebrate

Lucas-Moura-Celebrate

စပါးအသင်းဟာ ဒုတိယပိုင်းအစမှာ မန်ယူအသင်းရဲ့အထလေးမှုကို အခွင့်အရေးယူနိုင်ခဲ့တာကြောင့် အခုလိုနိုင်ပွဲရရှိခဲ့တာဖြစ်ပြီး အိုးထရက်ဖို့ဒ်မှာ ရုန်းကန်ရတယ်ဆိုတဲ့ အစဉ်အလာဆိုးကနေဖောက်ထွက်ပြနိုင်ခဲ့ပါတယ်။

Photo: Tottenham Hotspur Twitter
Ko Kyue(Akhayar)
www.akhayar.com