[Zawgyi]

Pablo Escobar ရဲ႕ စံအိမ္ႀကီးမွာ အေပ်ာ္တမ္းေသနတ္ပစ္ေလ့က်င့္ႏုိင္ၿပီ

Pablo Escobar လုိ႔ေျပာလုိက္ရင္ ကမၻာ့အခ်မ္းသာဆုံး မူးယစ္ရာဇာႀကီး၊ ကုိကင္းဘုရင္၊ ေငြကုိ ေရလုိသုံးႏုိင္သူ၊ ရက္စက္မႈအေပါင္း သရဖူေဆာင္းတဲ့သူ. . စတဲ့ ဂုဏ္ပုဒ္ေတြနဲ႔ ျပည့္စုံခဲ့တဲ့သူပါ။ ၁၉၉၃ခုႏွစ္ ဒီဇင္ဘာလ (၂) ရက္ေန႔မွာ ကုိလံဘီယာအထူးတပ္ဖြဲ႕ Search Bloc ရဲ႕ သုတ္သင္ျခင္းကုိ ခံရၿပီးေနာက္ သူ ဦးေဆာင္ခဲ့တဲ့ Medellín Cartel မူးယစ္အဖြဲ႕ ႀကီးလည္း အင္အားယုတ္ေလ်ာ့ခဲ့ရပါတယ္။

အေမရိကန္ႏုိင္ငံထဲကို တင္သြင္းတဲ့ ကုိကင္း (၈ဝ) ရာခုိင္ႏႈန္းအထိ Pablo Escobar ေထာက္ပံ့ေပးခဲ့ၿပီး ကုိလံဘီယာနဲ႔ အေမရိကန္အစုိးရတုိ႔ရဲ႕ ဘုံရန္သူျဖစ္လာခဲ့ပါတယ္။ ၁၉၉ဝခုႏွစ္ဝန္းက်င္တုန္းက သူ႕ရဲ႕တစ္ႏွစ္ဝင္ေငြဟာ အေမရိကန္ေဒၚလာ ၂၁.၉ ဘီလီယံအထိ ရွိလာခဲ့ပါတယ္။ ဘယ္ေလာက္ခ်မ္းသာလုိက္သလဲဆုိရင္ ပုိက္ဆံစည္းတဲ့ သားေရကြင္းဖုိးတင္ တစ္လမွာ ေဒၚလာ (၂၅ဝဝ) ကုန္ပါသတဲ့။ ဒါ့ေၾကာင့္ သူ႕ရဲ႕ ၾကြယ္ဝမႈဟာ အေမရိကန္ေဒၚလာ ၃ဝ ဘီလီယံအထိ ရွိခဲ့တာပါ။ အထူးတပ္ဖြဲ႕ကုိ ပုန္းေအာင္းတုန္းက သမီးငယ္ခ်မ္းေနလုိ႔ ေဒၚလာႏွစ္သန္းကုိ မီးရႈိ႕ ၿပီး အေႏြးဓာတ္ေပးခဲ့သူပါ။ ဒီေတာ့ သူကုိယ္တုိင္လည္း ျပည့္ျပည့္စုံစုံေနခဲ့တယ္။

Hacienda Nápoles ဆုိတဲ့ စံအိမ္ႀကီးကုိ စိတ္တုိင္းက် တည္ေဆာက္ခဲ့တယ္။ စံအိမ္ႀကီးအျပင္ တျခားဝန္ထမ္းေတြနဲ႔ ေဆြမ်ိဳးေတြ ေနထုိင္ဖုိ႔ အိမ္ေပါင္းေျမာက္မ်ားစြာ ပါဝင္ခဲ့ပါတယ္။ အလုပ္လုပ္ဖို႔ ေလယာဥ္ကြင္းေတြအျပင္ ေရကူးကန္၊ ေဘာလုံးကြင္း၊ တင္းနစ္ကြင္းနဲ႔ ျမင္းစီးကြင္းေတြလည္း ပါေသးတယ္။ အမ်ားျပည္သူ ေလ့လာႏုိင္ဖုိ႔ တိရိစၦာန္ရုံတစ္ခုေတာင္ ေဆာက္လုိက္ေသးတယ္။ အဲဒီမွာေတာ့ ေရျမင္း၊ ၾကံ့၊ သစ္ကုလားအုတ္၊ သားပုိက္ေကာင္၊ ေမ်ာက္နဲ႔ ၾကက္တူေရြးေတြေတာင္ ေမြးထားလုိက္ပါေသးတယ္။ ဒုိင္ႏုိေဆာရုပ္တုေတြအျပင္ ဇိမ္ခံကားေတြ စုစည္းထားတဲ့ ျပတုိက္တစ္ခုေတာင္ ရွိပါေသးတယ္။ ရုပ္ရွင္ရုံနဲ႔ ဒစ္စကုိအကခန္းေတြနဲ႔ ပါတီေတြ ေပးတတ္ပါေသးတယ္။

Pablo Escobar ကြယ္လြန္ေတာ့ စံအိမ္ေတာ္ႀကီးကုိ ကုိလံဘီယာအစုိးရက ျပည္သူပုိင္သိမ္းသြားခဲ့ပါတယ္။ ျပဳျပင္ထိန္းသိမ္းမယ့္သူ မရွိေတာ့ဘဲ ဇိမ္ခံကားႀကီးေတြဟာ သံေခ်းအထပ္ထပ္ျဖစ္ကုန္တယ္။ စံအိမ္ကုိ ေရာက္သြားတဲ့သူေတြဟာ သူတုိ႔လုိခ်င္တဲ့ပစၥည္းေတြကုိ ျဖဳတ္ယူသြားၾကလုိ႔ အခြံခ်ည္းပဲ က်န္ေနေတာ့တယ္။

တစ္ခ်ိန္တုန္းက စုိစုိေျပေျပျဖစ္ခဲ့တဲ့ ေရကူးကန္ႀကီးကလည္း အခုေတာ့ ညစ္ညမ္းကုန္ပါၿပီ။ ျပတုိက္ေဆာက္မယ္လုိ႔ ေကာလဟလေတြ ထြက္ခဲ့ဖူးေပမယ့္ အခုခ်ိန္မွာေတာ့ စံအိမ္ေတာ္ႀကီးဟာ အေပ်ာ္တမ္းေသနတ္ပစ္သမားေတြအတြက္ ေလ့က်င့္ကြင္းျဖစ္ေနခဲ့ပါတယ္။

ခရီးသည္ေတြဟာ ေသနတ္ပစ္ေလ့က်င့္ဖုိ႔ ၁၇ဝ,ဝဝဝ ပီဆုိ (၅၆ ေဒၚလာ) ေပးေဆာင္ရၿပီး အိမ္ထဲမွာလည္း စားေသာက္ဖုိ႔ ဘားတစ္ခုဖြင့္ထားတယ္လုိ႔ သိရပါတယ္။ ကုိလံဘီယာႏုိင္ငံကုိ ေရာက္ခဲ့ရင္ေတာ့ ေျပာစမတ္တြင္ခဲ့တဲ့ Hacienda Nápoles စံအိမ္ႀကီးကုိ အေရာက္သြားၾကပါလုိ႔ ဆုိခ်င္ပါေတာ့တယ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com

[Unicode]

Pablo Escobar ရဲ့ စံအိမ်ကြီးမှာ အပျော်တမ်းသေနတ်ပစ်လေ့ကျင့်နိုင်ပြီ

Pablo Escobar လို့ပြောလိုက်ရင် ကမ္ဘာ့အချမ်းသာဆုံး မူးယစ်ရာဇာကြီး၊ ကိုကင်းဘုရင်၊ ငွေကို ရေလိုသုံးနိုင်သူ၊ ရက်စက်မှုအပေါင်း သရဖူဆောင်းတဲ့သူ. . စတဲ့ ဂုဏ်ပုဒ်တွေနဲ့ ပြည့်စုံခဲ့တဲ့သူပါ။ ၁၉၉၃ခုနှစ် ဒီဇင်ဘာလ (၂) ရက်နေ့မှာ ကိုလံဘီယာအထူးတပ်ဖွဲ့ Search Bloc ရဲ့ သုတ်သင်ခြင်းကို ခံရပြီးနောက် သူ ဦးဆောင်ခဲ့တဲ့ Medellín Cartel မူးယစ်အဖွဲ့ ကြီးလည်း အင်အားယုတ်လျော့ခဲ့ရပါတယ်။

အမေရိကန်နိုင်ငံထဲကို တင်သွင်းတဲ့ ကိုကင်း (၈ဝ) ရာခိုင်နှုန်းအထိ Pablo Escobar ထောက်ပံ့ပေးခဲ့ပြီး ကိုလံဘီယာနဲ့ အမေရိကန်အစိုးရတို့ရဲ့ ဘုံရန်သူဖြစ်လာခဲ့ပါတယ်။ ၁၉၉ဝခုနှစ်ဝန်းကျင်တုန်းက သူ့ရဲ့တစ်နှစ်ဝင်ငွေဟာ အမေရိကန်ဒေါ်လာ ၂၁.၉ ဘီလီယံအထိ ရှိလာခဲ့ပါတယ်။ ဘယ်လောက်ချမ်းသာလိုက်သလဲဆိုရင် ပိုက်ဆံစည်းတဲ့ သားရေကွင်းဖိုးတင် တစ်လမှာ ဒေါ်လာ (၂၅ဝဝ) ကုန်ပါသတဲ့။ ဒါ့ကြောင့် သူ့ရဲ့ ကြွယ်ဝမှုဟာ အမေရိကန်ဒေါ်လာ ၃ဝ ဘီလီယံအထိ ရှိခဲ့တာပါ။ အထူးတပ်ဖွဲ့ကို ပုန်းအောင်းတုန်းက သမီးငယ်ချမ်းနေလို့ ဒေါ်လာနှစ်သန်းကို မီးရှို့ ပြီး အနွေးဓာတ်ပေးခဲ့သူပါ။ ဒီတော့ သူကိုယ်တိုင်လည်း ပြည့်ပြည့်စုံစုံနေခဲ့တယ်။

Hacienda Nápoles ဆိုတဲ့ စံအိမ်ကြီးကို စိတ်တိုင်းကျ တည်ဆောက်ခဲ့တယ်။ စံအိမ်ကြီးအပြင် တခြားဝန်ထမ်းတွေနဲ့ ဆွေမျိုးတွေ နေထိုင်ဖို့ အိမ်ပေါင်းမြောက်များစွာ ပါဝင်ခဲ့ပါတယ်။ အလုပ်လုပ်ဖို့ လေယာဉ်ကွင်းတွေအပြင် ရေကူးကန်၊ ဘောလုံးကွင်း၊ တင်းနစ်ကွင်းနဲ့ မြင်းစီးကွင်းတွေလည်း ပါသေးတယ်။ အများပြည်သူ လေ့လာနိုင်ဖို့ တိရိစ္ဆာန်ရုံတစ်ခုတောင် ဆောက်လိုက်သေးတယ်။ အဲဒီမှာတော့ ရေမြင်း၊ ကြံ့၊ သစ်ကုလားအုတ်၊ သားပိုက်ကောင်၊ မျောက်နဲ့ ကြက်တူရွေးတွေတောင် မွေးထားလိုက်ပါသေးတယ်။ ဒိုင်နိုဆောရုပ်တုတွေအပြင် ဇိမ်ခံကားတွေ စုစည်းထားတဲ့ ပြတိုက်တစ်ခုတောင် ရှိပါသေးတယ်။ ရုပ်ရှင်ရုံနဲ့ ဒစ်စကိုအကခန်းတွေနဲ့ ပါတီတွေ ပေးတတ်ပါသေးတယ်။

Pablo Escobar ကွယ်လွန်တော့ စံအိမ်တော်ကြီးကို ကိုလံဘီယာအစိုးရက ပြည်သူပိုင်သိမ်းသွားခဲ့ပါတယ်။ ပြုပြင်ထိန်းသိမ်းမယ့်သူ မရှိတော့ဘဲ ဇိမ်ခံကားကြီးတွေဟာ သံချေးအထပ်ထပ်ဖြစ်ကုန်တယ်။ စံအိမ်ကို ရောက်သွားတဲ့သူတွေဟာ သူတို့လိုချင်တဲ့ပစ္စည်းတွေကို ဖြုတ်ယူသွားကြလို့ အခွံချည်းပဲ ကျန်နေတော့တယ်။

တစ်ချိန်တုန်းက စိုစိုပြေပြေဖြစ်ခဲ့တဲ့ ရေကူးကန်ကြီးကလည်း အခုတော့ ညစ်ညမ်းကုန်ပါပြီ။ ပြတိုက်ဆောက်မယ်လို့ ကောလဟလတွေ ထွက်ခဲ့ဖူးပေမယ့် အခုချိန်မှာတော့ စံအိမ်တော်ကြီးဟာ အပျော်တမ်းသေနတ်ပစ်သမားတွေအတွက် လေ့ကျင့်ကွင်းဖြစ်နေခဲ့ပါတယ်။

ခရီးသည်တွေဟာ သေနတ်ပစ်လေ့ကျင့်ဖို့ ၁၇ဝ,ဝဝဝ ပီဆို (၅၆ ဒေါ်လာ) ပေးဆောင်ရပြီး အိမ်ထဲမှာလည်း စားသောက်ဖို့ ဘားတစ်ခုဖွင့်ထားတယ်လို့ သိရပါတယ်။ ကိုလံဘီယာနိုင်ငံကို ရောက်ခဲ့ရင်တော့ ပြောစမတ်တွင်ခဲ့တဲ့ Hacienda Nápoles စံအိမ်ကြီးကို အရောက်သွားကြပါလို့ ဆိုချင်ပါတော့တယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com