[Zawgyi]

Manny Pacquiao နဲ႔ Lucas Matthysse တုိ႔ မေလးရွားႏုိင္ငံမွာ ထုိးသတ္ေတာ့မယ္

ဝိတ္တန္း(၈)ခုမွာ ကမၻာ့ခ်န္ပီယံျဖစ္ခဲ့ဖူးတဲ့ Manny Pacquiao ဟာ ဇူလုိင္လ (၁၅) ရက္ေန႔မွာ WBA ရဲ႕ ဝယ္တာဝိတ္ခ်န္ပီယံ Lucas Matthysse နဲ႔ ထုိးသတ္မယ္လုိ႔ သိရပါတယ္။ Fight of Champions လုိ႔ နာမည္ေပးထားၿပီး မေလးရွားႏုိင္ငံ ကြာလာလမ္ပူၿမိဳ႕ မွာရွိတဲ့ Axiata Arena အားကစားရုံႀကီးမွာ ယွဥ္ၿပိဳင္ၾကမွာျဖစ္ပါတယ္။ ေၾကးစားပြဲေပါင္း (၆၈) ပြဲထုိးသတ္ခဲ့ၿပီး (၅၉) ပြဲႏုိင္ (၇) ပြဲရႈံးရလဒ္ပုိင္ဆုိင္ထားတဲ့ ဂႏၳဝင္လက္ေဝွ႔ေက်ာ္ Manny Pacquiao ဟာ (၃၉) ပြဲႏုိင္ (၄) ပြဲရႈံးထားတဲ့ Lucas Matthysse ကုိ စိန္ေခၚထုိးသတ္တာျဖစ္ပါတယ္။

ဖိလစ္ပုိင္ႏုိင္ငံရဲ႕ အထက္လႊတ္ေတာ္အမတ္ Manny Pacquiao ဟာ ၂ဝ၁၇ခုႏွစ္ ဇူလုိင္လ (၂) ရက္ေန႔တုန္းက ၾသစေတးလ်လက္ေဝွ႔ေက်ာ္ Jeff Horn ကုိ အမွတ္နဲ႔ရႈံးနိမ့္ထားၿပီးေနာက္ပုိင္း တစ္ေက်ာ့ျပန္ထုိးသတ္တာျဖစ္ပါတယ္။

သူ႕ရဲ႕အၾကံေပးအရာရွိ Michael Koncz ကေတာ့ “Manny Pacquiao က အနားမယူခင္ ပြဲႀကီးပြဲေကာင္းႏႊဲခ်င္ေသးတာ။ ဒီပြဲမွာ အႏုိင္ရခဲ့ရင္ WBA ရဲ႕ လုိက္ဝိတ္ခ်န္ပီယံ Vasyl Lomachenko ကုိ စိန္ေခၚထိုးမွာ” လုိ႔ ေျပာဆုိသြားပါတယ္။

Manny Pacquiao ဟာ Jeff Horn နဲ႔ ထုိးတုန္းက ေဒၚလာ (၁ဝ) သန္းေက်ာ္ ရရွိခဲ့ၿပီး အခုပြဲမွာေတာ့ ထုိးေၾကးနဲ႔ ပတ္သက္လုိ႔ တရားဝင္မေၾကညာေသးပါဘူး။ Vasyl Lomachenko ကုိ စိန္ေခၚထုိးႏုိင္ဖုိ႔ Manny Pacquiao အေနနဲ႔ Lucas Matthysse ကုိ အႏုိင္ထုိးဖုိ႔ လုိအပ္ေနၿပီပဲျဖစ္ပါတယ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com

[Unicode]

Manny Pacquiao နဲ့ Lucas Matthysse တို့ မလေးရှားနိုင်ငံမှာ ထိုးသတ်တော့မယ်

ဝိတ်တန်း(၈)ခုမှာ ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့ဖူးတဲ့ Manny Pacquiao ဟာ ဇူလိုင်လ (၁၅) ရက်နေ့မှာ WBA ရဲ့ ဝယ်တာဝိတ်ချန်ပီယံ Lucas Matthysse နဲ့ ထိုးသတ်မယ်လို့ သိရပါတယ်။ Fight of Champions လို့ နာမည်ပေးထားပြီး မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ မှာရှိတဲ့ Axiata Arena အားကစားရုံကြီးမှာ ယှဉ်ပြိုင်ကြမှာဖြစ်ပါတယ်။ ကြေးစားပွဲပေါင်း (၆၈) ပွဲထိုးသတ်ခဲ့ပြီး (၅၉) ပွဲနိုင် (၇) ပွဲရှုံးရလဒ်ပိုင်ဆိုင်ထားတဲ့ ဂန္ထဝင်လက်ဝှေ့ကျော် Manny Pacquiao ဟာ (၃၉) ပွဲနိုင် (၄) ပွဲရှုံးထားတဲ့ Lucas Matthysse ကို စိန်ခေါ်ထိုးသတ်တာဖြစ်ပါတယ်။

ဖိလစ်ပိုင်နိုင်ငံရဲ့ အထက်လွှတ်တော်အမတ် Manny Pacquiao ဟာ ၂ဝ၁၇ခုနှစ် ဇူလိုင်လ (၂) ရက်နေ့တုန်းက သြစတေးလျလက်ဝှေ့ကျော် Jeff Horn ကို အမှတ်နဲ့ရှုံးနိမ့်ထားပြီးနောက်ပိုင်း တစ်ကျော့ပြန်ထိုးသတ်တာဖြစ်ပါတယ်။

သူ့ရဲ့အကြံပေးအရာရှိ Michael Koncz ကတော့ “Manny Pacquiao က အနားမယူခင် ပွဲကြီးပွဲကောင်းနွှဲချင်သေးတာ။ ဒီပွဲမှာ အနိုင်ရခဲ့ရင် WBA ရဲ့ လိုက်ဝိတ်ချန်ပီယံ Vasyl Lomachenko ကို စိန်ခေါ်ထိုးမှာ” လို့ ပြောဆိုသွားပါတယ်။

Manny Pacquiao ဟာ Jeff Horn နဲ့ ထိုးတုန်းက ဒေါ်လာ (၁ဝ) သန်းကျော် ရရှိခဲ့ပြီး အခုပွဲမှာတော့ ထိုးကြေးနဲ့ ပတ်သက်လို့ တရားဝင်မကြေညာသေးပါဘူး။ Vasyl Lomachenko ကို စိန်ခေါ်ထိုးနိုင်ဖို့ Manny Pacquiao အနေနဲ့ Lucas Matthysse ကို အနိုင်ထိုးဖို့ လိုအပ်နေပြီပဲဖြစ်ပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com