[Zawgyi]

Manny Pacquiao ဟာ Lucas Matthysse ကုိ အလဲထုိးအႏုိင္ယူသြားၿပီ

ဝိတ္တန္း(၈)ခုမွာ ကမၻာ့ခ်န္ပီယံျဖစ္ခဲ့ဖူးတဲ့ Manny Pacquiao ဟာ ဇူလုိင္လ (၁၅) ရက္ေန႔မွာ WBA ရဲ႕ ဝယ္တာဝိတ္ခ်န္ပီယံ Lucas Matthysse နဲ႔ ထုိးသတ္ရာမွာ သတၱမအခ်ီ (၂) မိနစ္ (၄၃) စကၠန္႔မွာပဲ အလဲထုိးႏုိင္ခဲ့ပါတယ္။

Fight of Champions လုိ႔ နာမည္ေပးထားတဲ့ ဒီပြဲမွာ Manny Pacquiao ဟာ WBA ရဲ႕ ဝယ္တာဝိတ္ခ်န္ပီယံဘြဲ႕ကုိ သိမ္းပုိက္ႏုိင္ခဲ့ပါတယ္။ ၂ဝဝ၉ခုႏွစ္ ႏုိဝင္ဘာလ (၁၄) ရက္ေန႔တုန္းက Miguel Cotto ကုိ အလဲထုိးၿပီးေနာက္ပုိင္း (၉) ႏွစ္အတြင္း ပထမဆုံးအႀကိမ္ အလဲထုိးႏုိင္ခဲ့တာျဖစ္ပါတယ္။

Manny Pacquiao ဟာ Lucas Matthysse ရဲ႕တုိက္စစ္ကုိ အေကာင္းဆုံးတုံ႔ျပန္ႏုိင္ခဲ့ၿပီး သူ႕ရဲ႕တန္ျပန္တုိက္စစ္က ၿပိဳင္ဘက္ကုိ အထိနာေစခဲ့ပါတယ္။ (၃၉) ႏွစ္ရွိၿပီဆုိေပမယ့္ သူ႕ရဲ႕အေကာင္းဆုံးလက္စြမ္းေတြကုိ ဒီပြဲမွာ ျပသသြားခဲ့ပါတယ္။

အနားမယူေသးခင္ ပြဲႀကီးပြဲေကာင္း ႏႊဲခ်င္ေသးတဲ့ Manny Pacquiao ဟာ WBA ရဲ႕ လုိက္ဝိတ္ခ်န္ပီယံ Vasyl Lomachenko ကုိ စိန္ေခၚထုိးသတ္ဖြယ္ရွိတယ္လုိ႔ သူ႕ရဲ႕အၾကံေပးအရာရွိ Michael Koncz က ဆုိသြားပါတယ္။

ဒါ့အျပင္ Amir Khan ၊ Terence Crawford ၊ Jeff Horn နဲ႔ Floyd Mayweather တုိ႔ကိုပါ စိန္ေခၚထုိးသတ္ဖြယ္ရွိတယ္လုိ႔ သုံးသပ္မိပါတယ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

Manny Pacquiao ဟာ Lucas Matthysse ကို အလဲထိုးအနိုင်ယူသွားပြီ

ဝိတ်တန်း(၈)ခုမှာ ကမ္ဘာ့ချန်ပီယံဖြစ်ခဲ့ဖူးတဲ့ Manny Pacquiao ဟာ ဇူလိုင်လ (၁၅) ရက်နေ့မှာ WBA ရဲ့ ဝယ်တာဝိတ်ချန်ပီယံ Lucas Matthysse နဲ့ ထိုးသတ်ရာမှာ သတ္တမအချီ (၂) မိနစ် (၄၃) စက္ကန့်မှာပဲ အလဲထိုးနိုင်ခဲ့ပါတယ်။

Fight of Champions လို့ နာမည်ပေးထားတဲ့ ဒီပွဲမှာ Manny Pacquiao ဟာ WBA ရဲ့ ဝယ်တာဝိတ်ချန်ပီယံဘွဲ့ကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။ ၂ဝဝ၉ခုနှစ် နိုဝင်ဘာလ (၁၄) ရက်နေ့တုန်းက Miguel Cotto ကို အလဲထိုးပြီးနောက်ပိုင်း (၉) နှစ်အတွင်း ပထမဆုံးအကြိမ် အလဲထိုးနိုင်ခဲ့တာဖြစ်ပါတယ်။

Manny Pacquiao ဟာ Lucas Matthysse ရဲ့တိုက်စစ်ကို အကောင်းဆုံးတုံ့ပြန်နိုင်ခဲ့ပြီး သူ့ရဲ့တန်ပြန်တိုက်စစ်က ပြိုင်ဘက်ကို အထိနာစေခဲ့ပါတယ်။ (၃၉) နှစ်ရှိပြီဆိုပေမယ့် သူ့ရဲ့အကောင်းဆုံးလက်စွမ်းတွေကို ဒီပွဲမှာ ပြသသွားခဲ့ပါတယ်။

အနားမယူသေးခင် ပွဲကြီးပွဲကောင်း နွှဲချင်သေးတဲ့ Manny Pacquiao ဟာ WBA ရဲ့ လိုက်ဝိတ်ချန်ပီယံ Vasyl Lomachenko ကို စိန်ခေါ်ထိုးသတ်ဖွယ်ရှိတယ်လို့ သူ့ရဲ့အကြံပေးအရာရှိ Michael Koncz က ဆိုသွားပါတယ်။

ဒါ့အပြင် Amir Khan ၊ Terence Crawford ၊ Jeff Horn နဲ့ Floyd Mayweather တို့ကိုပါ စိန်ခေါ်ထိုးသတ်ဖွယ်ရှိတယ်လို့ သုံးသပ်မိပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com