[Zawgyi]

Floyd Mayweather နဲ႔ ျပန္ထုိးမယ္လုိ႔ ေၾကြးေၾကာ္ခဲ့တဲ့ Manny Pacquiao

ဖိလစ္ပုိင္လက္ေဝွ႔ေက်ာ္ Manny Pacquiao ဟာ အဓိကၿပိဳင္ဘက္ Floyd Mayweather နဲ႔ ျပန္လည္ထုိးသတ္မယ္လုိ႔ ေၾကညာလုိက္ပါတယ္။ အေသးစိတ္အခ်က္လက္ေတြကုိ စက္တင္ဘာလကတည္းက ေၾကညာမယ္လုိ႔ စီစဥ္ထားေပမယ့္ လက္ရွိအခ်ိန္မွာ ႏွစ္ေယာက္စလုံးဟာ တျခားၿပိဳင္ဘက္ေတြနဲ႔ ရင္ဆုိင္ရဦးမွာမုိ႔ ၂ဝ၁၉ခုႏွစ္ေရာက္မွသာ မေက်ပြဲထုိးသတ္ႏုိင္မယ္လုိ႔ သုံးသပ္ထားပါတယ္။

ဝိတ္တန္းငါးခုရဲ႕ ကမၻာ့ခ်န္ပီယံ Floyd Mayweather ဟာ ဒီဇင္ဘာလ (၃၁) ရက္ေန႔မွာ ဂ်ပန္ကစ္ေဘာက္ဆင္သမား Tenshin Nasukawa နဲ႔ ထုိးသတ္ဖုိ႔ရွိသလုိ Manny Pacquiao ကလည္း WBA (Regular) ရဲ႕ ဝယ္တာဝိတ္ခ်န္ပီယံကာကြယ္ပြဲအျဖစ္ ၂ဝ၁၉ခုႏွစ္ ဇန္နဝါရီလ (၁၉) ရက္ေန႔မွာ Adrien Broner နဲ႔ ရင္ဆုိင္ရမွာျဖစ္ပါတယ္။

၂ဝ၁၅ခုႏွစ္ ေမလ (၂) ရက္ေန႔တုန္းက ထုိးသတ္ခဲ့တဲ့ ‘The Fight of the Century’ ပြဲမွာ Floyd Mayweather ဟာ Manny Pacquiao ကုိ အမွတ္နဲ႔အႏုိင္ယူခဲ့ပါတယ္။ “Floyd Mayweather လည္း ႀကိဳးဝုိင္းထဲ ျပန္ဝင္လာၿပီဆုိေတာ့ မေက်ပြဲျပန္ေတြ႕ ၾကတာေပါ့။ ဒီဇင္ဘာလမွာ သူလည္း ထုိးပြဲရွိသလုိ ကြ်န္ေတာ္က ဇန္နဝါရီလမွာ ထုိးပြဲရွိေသးတယ္။ ၂ဝ၁၉ခုႏွစ္ထဲမွာ ေသခ်ာေပါက္ထုိးျဖစ္မွာပါ” လုိ႔ ေျပာသြားပါတယ္။

“မေက်ပြဲျပန္ထုိးရင္ ျပတ္သားတဲ့ရလဒ္တစ္ခုေတာ့ ထြက္လာမွာပါ။ ၂ဝ၁၅ခုႏွစ္မွာတုန္းက ပြဲရလဒ္က ဝိဝါဒကြဲျပားေနတယ္။ သူဟာ ထုိက္တန္တဲ့ လက္သီးခ်က္ေတြ မထုိးႏုိင္ခဲ့ေပမယ့္ အႏုိင္ယူသြားတယ္။ အဲဒီတုန္းက ကြ်န္ေတာ့္မွာ ပခုံးဒဏ္ရာရွိေသးတယ္။ ဒီတစ္ႀကိမ္မွာေတာ့ အျဖဴအမဲသဲကြဲသြားပါၿပီ” လုိ႔ ဖိလစ္ပုိင္လက္ေဝွ႔ေက်ာ္ Manny Pacquiao က ဆုိသြားပါတယ္။

ေက်ာ္စုိးေအာင္ (အခရာ)

www.akhayar.com 

[Unicode]

Floyd Mayweather နဲ့ ပြန်ထိုးမယ်လို့ ကြွေးကြော်ခဲ့တဲ့ Manny Pacquiao

ဖိလစ်ပိုင်လက်ဝှေ့ကျော် Manny Pacquiao ဟာ အဓိကပြိုင်ဘက် Floyd Mayweather နဲ့ ပြန်လည်ထိုးသတ်မယ်လို့ ကြေညာလိုက်ပါတယ်။ အသေးစိတ်အချက်လက်တွေကို စက်တင်ဘာလကတည်းက ကြေညာမယ်လို့ စီစဉ်ထားပေမယ့် လက်ရှိအချိန်မှာ နှစ်ယောက်စလုံးဟာ တခြားပြိုင်ဘက်တွေနဲ့ ရင်ဆိုင်ရဦးမှာမို့ ၂ဝ၁၉ခုနှစ်ရောက်မှသာ မကျေပွဲထိုးသတ်နိုင်မယ်လို့ သုံးသပ်ထားပါတယ်။

ဝိတ်တန်းငါးခုရဲ့ ကမ္ဘာ့ချန်ပီယံ Floyd Mayweather ဟာ ဒီဇင်ဘာလ (၃၁) ရက်နေ့မှာ ဂျပန်ကစ်ဘောက်ဆင်သမား Tenshin Nasukawa နဲ့ ထိုးသတ်ဖို့ရှိသလို Manny Pacquiao ကလည်း WBA (Regular) ရဲ့ ဝယ်တာဝိတ်ချန်ပီယံကာကွယ်ပွဲအဖြစ် ၂ဝ၁၉ခုနှစ် ဇန်နဝါရီလ (၁၉) ရက်နေ့မှာ Adrien Broner နဲ့ ရင်ဆိုင်ရမှာဖြစ်ပါတယ်။

၂ဝ၁၅ခုနှစ် မေလ (၂) ရက်နေ့တုန်းက ထိုးသတ်ခဲ့တဲ့ ‘The Fight of the Century’ ပွဲမှာ Floyd Mayweather ဟာ Manny Pacquiao ကို အမှတ်နဲ့အနိုင်ယူခဲ့ပါတယ်။ “Floyd Mayweather လည်း ကြိုးဝိုင်းထဲ ပြန်ဝင်လာပြီဆိုတော့ မကျေပွဲပြန်တွေ့ ကြတာပေါ့။ ဒီဇင်ဘာလမှာ သူလည်း ထိုးပွဲရှိသလို ကျွန်တော်က ဇန်နဝါရီလမှာ ထိုးပွဲရှိသေးတယ်။ ၂ဝ၁၉ခုနှစ်ထဲမှာ သေချာပေါက်ထိုးဖြစ်မှာပါ” လို့ ပြောသွားပါတယ်။

“မကျေပွဲပြန်ထိုးရင် ပြတ်သားတဲ့ရလဒ်တစ်ခုတော့ ထွက်လာမှာပါ။ ၂ဝ၁၅ခုနှစ်မှာတုန်းက ပွဲရလဒ်က ဝိဝါဒကွဲပြားနေတယ်။ သူဟာ ထိုက်တန်တဲ့ လက်သီးချက်တွေ မထိုးနိုင်ခဲ့ပေမယ့် အနိုင်ယူသွားတယ်။ အဲဒီတုန်းက ကျွန်တော့်မှာ ပခုံးဒဏ်ရာရှိသေးတယ်။ ဒီတစ်ကြိမ်မှာတော့ အဖြူအမဲသဲကွဲသွားပါပြီ” လို့ ဖိလစ်ပိုင်လက်ဝှေ့ကျော် Manny Pacquiao က ဆိုသွားပါတယ်။

ကျော်စိုးအောင် (အခရာ)

www.akhayar.com