Massachusetts Institute Of Technology ကရဲ့ ဘွဲ့လွန်ကျောင်းသူတစ်ယောက်ဖြစ်တဲ့ အပြင် Researcher တစ်ယောက်လည်းဖြစ်တဲ့ India ကျောင်းသူ Manisha Mohan ဟာ အမျိုးသမီးတွေကို  လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်စော်ကားခြင်း ၊ အကြမ်းဖက်ခြင်းကနေကာကွယ်နိုင်ဖို့အတွက် “ဘရာစီယာမှာကပ်တဲ့ စတစ်ကာ” ကိုတီထွင်ခဲ့ပါတယ်။

ဒီ စတစ်ကာရဲ့နာမည်ကိုတော့ Intrepid လို့နာမည်ပေးထားပါတယ်။ Conductive Layer ၊ Hydrogel တွေနဲ့ပေါင်းစပ်ပြီး ပြုလုပ်ထားတဲ့ ဒီစတစ်ကာကို အမျိုးသမီးအတွင်းဝတ် ဘရာစီယာမှာတပ်ဆင်ထားရမှာဖြစ်ပြီး တော့ အတင်းအကျပ်အားသုံးပြီးအနိုင်ကျင့်ခံရတဲ့ အချိန် (Active Mode) နဲ့ မလှုပ်မရှားငြိမ်သက်တဲ့အချိန် (Passive Mode) တွေမှာကာကွယ်ပေးနိုင်ပါတယ်။

Intrepid Bra Sitcker

ဒီ စတစ်ကာကို Bluetooth နဲ့ချိတ်ဆက်ပြီးအသုံးပြုနိုင်ပါတယ်။ အရင်ဆုံး ဒီစတစ်ကာရဲ့ App ကို ဖုန်းမှာအရင်ဆုံး Install လုပ်ဖို့လိုပါတယ်။ ပြီးတဲ့အခါ ကိုယ့်မှာအရေးပေါ် ကိစ္စရှိခဲ့ရင်ဆယ်သွယ်နိုင်မယ့် လူငါးယောက်ရဲ့ ဖုန်းနံပါတ်ကို ထည့်ထားပေးရပါမယ်။ ဥပမာ – မိသားစု ၊ မိတ်ဆွေ ၊ သူငယ်ချင်း ၊ ချစ်သူ စတာမျိုးပေါ့။

စတစ်ကာရဲ့ လုပ်ဆောင်ချက် အခြေခံအားဖြင့်ပြောရရင် တစ်စုံတစ်ယောက်က အင်အားသုံးပြီး အမျိုးသမီးတစ်ယောက်ကို အ၀တ်အစားချွတ်ဖို့ ကြံစည်တယ်ဆိုကြပါစို့။ အဲဒီအခါမှာ စတစ်ကာကနေ Emergency အနေနဲ့ဆက်သွယ်နိုင်တဲ့သူငါးယောက်ကို သတိပေးချက်တွေဆက်တိုက်ပို့ဆောင်နေမှာဖြစ်ပါတယ်။

Mohan နဲ့သူ့ရဲ့ လေ့လာရေးအဖွဲ့ဟာ လိင်ပိုင်းဆိုင်ရာတိုက်ခိုက်ခံရမှုကနေ အသက်ရှင်ကျန်ရစ်သူ ၃၃၈ဦးကိုစစ်တမ်းကောက်ခဲ့တဲ့အပြင် ဘယ်အရာတွေကတွန်းအားပေးပြီး ဘယ်လိုအနံ့တွေက Sexual အပေါ်သက်ရောက်စေလဲဆိုတာကိုပါ သုတေသန အတွက်လေ့လာခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ သူမရဲ့ Intrepid Device မှာ ချက်ချင်းတုံ့ပြန်နိုင်တဲ့စွမ်းရည်ကို အထောက်အပံ့ပေးနိုင်ဖို့အတွက်ဖြစ်ပါတယ်။ သူမရဲ့ ရည်ရွယ်ချက်ကတော့ India မှာနေထိုင်တဲ့အမျိုးသမီးတွေရဲ့ လုံခြုံမှုအတွက်ဖြစ်ပါတယ်။ ဒါမှသာ ညဘက်တစ်ယောက်တည်း ကျောင်းရဲ့ Campus ကနေ လမ်းလျှောက်တဲ့အခါ လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်ခံရတာကို ကာကွယ်နိုင်ဖို့နဲ့ ကလေးငယ်တွေကို လိင်အလွဲသုံးစားလုပ်ခြင်းကနေ ကာကွယ်နိုင်မယ်လို့ သူယုံကြည်ထားပါတယ်။

Intrepid ကိုလက်ရှိအချိန်မျာ ရုတ်တရက်အတိုက်ခိုက်ခံရတဲ့အခါ ကာကွယ်နိုင်ဖို့အတွက်နည်းလမ်းမျိုးစုံနဲ့စမ်းသပ်နေပြီး ဒီ Device ကနေ တခြား Mobile Device တွေကိုဆက်သွယ်နိုင်မယ့်နည်းလမ်းကိုလည်း ရှာဖွေနေပါတယ်လို့ MIT Website မှာ Mohan က ရှင်းပြခဲ့ပါတယ်။

98စက္ကန့်တိုင်းမှာ အမေရိကန်ပြည်ထောင်စုမှာရှိတဲ့လူတစ်ယောက်ချင်းစီဟာ လိင်အလွဲသုံးစားလုပ်မှုကိုခံနေရပါတယ်။ 16နာရီတိုင်းမှာ အမျိုးသမီးတိုင်းဟာ သူမတို့ရဲ့ ချစ်သူဒါမှမဟုတ် လမ်းခွဲသွားတဲ့ ချစ်သူတွေရဲ့ လိင်အကြမ်းဖက်မှုကို ခံစားနေရပါတယ်။ လိင်အလွဲသုံးစားလုပ်ခြင်း ၊ တိုက်ခိုက်ခံရခြင်းနဲ့ လိင်ပိုင်းဆိုင်ရာအနိုင်အထက်ပြုကျင့်ခြင်းတွေဟာ လူ့အခွင့်အရေးချိုးဖောက်တာဖြစ်တယ်လို့ United Nations ကသတ်မှတ်ထားတဲ့ အရာတွေလည်းဖြစ်ပါတယ်။

HGID_KV_Ads_Square2

HGID_KV_Ads_Square2

 

ဒေလီမှာ ကျောင်းသူတစ်ဦး ရက်စက်စွာ အဓမ္မကျင့်ခံရမှုအပြီး 2013 မှာတုန်းက Chennai မှာရှိတဲ့  လေကြောင်းအင်ဂျင်နီယာ ကျောင်းသားတစ်ဦးဟာ Electrical Bra တစ်ခုကို တီထွင်ခဲ့ပါသေးတယ်။  ဒီအဖြစ်အပျက်တွေ အပြီးမှာ Mohan နဲ့ကျောင်းနေဖက် သူငယ်ချင်းတွေဖြစ်တဲ့ Niladhri Basu Bal ၊ Rimpi Tripathi တို့ဟာသူတို့ရဲ့နည်းပညာတတ်ကျွမ်းမှုနဲ့ Skill တွေကို Garment ပိုင်းတိုးတက်ရေးမှာအသုံးပြုပြီး အနာဂတ်မှာ လိင်ပိုင်းဆိုင်ရာအနိုင်ကျင့်စော်ကားမှုကနေ ကာကွယ်ဖို့အတွက်ရည်ရွယ်ခဲ့ပါတယ်။

Jan (Akhayar)

Ref : newsindiatimes