ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်ဆုံးနေရာကို ဦးဆောင်နေတဲ့ လီဗာပူးလ်အသင်းဟာ အခုတစ်ပတ် စနေနေ့မှာ အာဆင်နယ်နဲ့ ပွဲကျပ်ကစားရမှာဖြစ်ပေမယ့် မှတ်တမ်းကောင်းတစ်ခုကြောင့် အာဆင်နယ်ကို အသာရဖို့ရှိနေပါပြီ။ အဲဒါကတော့ အဓိကတိုက်စစ်ကစားသမားတွေဖြစ်တဲ့ မာနေး Mane ၊ ဆာလာ Salah ၊ ဖေမီနို Firmino တို့ဟာ အန်ဖီးလ်ကွင်းမှာ အာဆင်နယ်နဲ့ကစားတဲ့ ပရီးမီးယားလိဂ်ပွဲတိုင်း တစ်ယောက်မဟုတ်တစ်ယောက် ဂိုးသွင်းနိုင်လေ့ရှိလို့ပါပဲ။ ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲ အိမ်ကွင်းမှာ အာဆင်နယ်ကို (၅-၁)ဂိုးနဲ့ အနိုင်ရခဲ့တုန်းက MSF တိုက်စစ်အတွဲအားလုံး ဂိုးသွင်းယူခဲ့ပြီး ဖေမီနိုက ဟက်ထရစ်သွင်းယူခဲ့ပါတယ်။

လီဗာပူးလ်အသင်းကို ဖေမီနို စရောက်တဲ့ ၂၀၁၅-၁၆ ရာသီ အန်ဖီးလ်ကွင်းမှာ ဆုံတွေ့ခဲ့စဉ်က အာဆင်နယ်ကို ဂိုးသွင်းယူခဲ့သလို ၂၀၁၆ မှာ မာနေး ၊ ၂၀၁၇ ခုနှစ်မှာ ဆာလာတို့ ပြောင်းရွှေ့ခဲ့ချိန်မှာတော့ အာဆင်နယ်ကို ဂိုးထပ်သွင်းမယ့် လီဗာပူးလ်ကစားသမားတွေ များလာခဲ့ပါတယ်။ ဒီကစားသမား(၃)ဦးထဲမှာ ဖေမီနိုက (၆)ဂိုး၊ မာနေးက (၃)ဂိုး၊ ဆာလာက (၂)ဂိုး သွင်းယူခဲ့ပြီး (၃)ဦးပေါင်း (၁၁)ဂိုးအထိ သွင်းယူခဲ့တာဖြစ်ပါတယ်။ ပိုဆိုးတာက အာဆင်နယ်အသင်းဟာ အန်ဖီးလ်မှာ လီဗာပူးလ်ကို ၂၀၁၂-၁၃ ရာသီက (၂-၀)ဂိုးနဲ့ အနိုင်ယူခဲ့ပြီးနောက်ပိုင်း တစ်ပွဲမှ အနိုင်မရတော့ဘဲ (၄)ပွဲရှုံး၊ (၂)ပွဲသရေကျခဲ့ပါတယ်။ အခုတစ်ပတ်ကစားမယ့် အာဆင်နယ်နဲ့ပွဲမှာ MSF တိုက်စစ် ဂိုးမြူးဦးမလား၊ ၂၀၁၂ ကတည်းက အိမ်ကွင်းမှာ အာဆင်နယ်ကို မရှုံးတော့တဲ့ မှတ်တမ်းကောင်းကို လီဗာပူးလ် ဆက်ထိန်းနိုင်မလားဆိုတာကတော့ . .

REF:givemesport
Photo:Getty Images
Naing Linn(Akhayar)
www.akhayar.com