[Zawgyi]

လက္ေရြးစင္အသင္းကေန အနားယူခဲ့တဲ့ ခ႐ုိေအးရွား ၀ါရင့္တိုက္စစ္မွဴး မန္ဇူကစ္ Mandzukic

ခ႐ုိေအးရွားတိုက္စစ္မွဴး မန္ဇူကစ္ Mandzukic ဟာ (၁၁)ႏွစ္ၾကာက်င္လည္ခဲ့တဲ့ ႏုိင္ငံလက္ေရြးစင္ ကစားသမားဘ၀ကုိ အဆုံးသတ္ဖုိ႔ ဆုံးျဖတ္လုိက္ပါၿပီ။ ၂၀၁၈ ကမၻာ႔ဖလားဗုိလ္လုပဲြမွာ ျပင္သစ္အသင္းကုိ ႐ႈံးနိမ့္ခဲ့ၿပီးတဲ့ေနာက္ (၁)လအၾကာမွာပဲ လက္ေရြးစင္ကစားသမားဘ၀ကို ျပည္ဖုံးကား ခ်လုိက္တာျဖစ္ၿပီး သူ႔ဆုံးျဖတ္ခ်က္ကုိ Instagram ကေန ပရိသတ္ေတြကုိ အသိေပးခဲ့ပါတယ္။ မန္ဇူကစ္က “ကၽြန္ေတာ္တို႔အသင္း ကမၻာ႔ဖလားမွာ အျမင့္ဆုံးေအာင္ျမင္မႈျဖစ္တဲ့ ဒုတိယဆုကုိ ရယူခဲ့ၿပီးခ်ိန္မွာေတာ့ လက္ေရြးစင္အသင္းကေန အနားယူဖုိ႔ ဆုံးျဖတ္ခ်က္ကုိ လြယ္လြယ္ကူကူ ခ်မွတ္လုိ႔ ရသြားခဲ့ပါၿပီ။ ျဖစ္ႏုိင္ရင္ေတာ့ ကၽြန္ေတာ္တို႔ေတြဟာ အသက္ရွင္ေနသမွ် ကာလပတ္လုံး လက္ေရြးစင္အသင္းအတြက္ ပါ၀င္ကစားလုိတာပါ။ ဒါေပမဲ့လည္း အခုအခ်ိန္ဟာ ႏုိင္ငံအသငး္ကေန အနားယူဖုိ႔အခ်ိန္ေရာက္လာခဲ့ပါၿပီ။ ကၽြန္ေတာ့္ကုိ အားေပးခဲ့ၾကတဲ့ ပရိသတ္ေတြကုိလည္း ေက်းဇူးတင္ပါတယ္”လုိ႔ ေရးသားခဲ့တယ္။

Mandzukic-retires-from-international-football-one-month-after-World-Cup-final-defeat

Mandzukic-retires-from-international-football-one-month-after-World-Cup-final-defeat

အသက္(၃၂)ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ မန္ဇူကစ္ဟာ ၂၀၀၇ ခုႏွစ္ကတည္းက ခ႐ုိေအးရွားအသင္းအတြက္ စတင္ေရြးခ်ယ္ခံခဲ့ရၿပီး အဲဒီအခ်ိန္ကစလုိ႔ အသင္းရဲ႕အဓိက ကစားသမားအျဖစ္ ပါ၀င္ခြင့္ရခဲ့တယ္။ မန္ဇူကစ္ဟာ ခ႐ုိေအးရွားအသင္းနဲ႔အတူ ယူ႐ုိ-၂၀၁၂၊ ၂၀၁၄ ကမၻာ႔ဖလား၊ ယူ႐ုိ-၂၀၁၆၊ ၂၀၁၈ ကမၻာ႔ဖလားေတြမွာ ပါ၀င္ယွဥ္ၿပိဳင္ခဲ့ၿပီး လက္ေရြးစင္ကစားသမားဘ၀ (၁၁)ႏွစ္တာကာလအတြင္း (၈၉)ပဲြကစား၊ (၃၃)ဂုိးသြင္းယူခဲ့သလုိ သူ႔ထက္ သြင္းဂုိးပုိမ်ားတာက ဂႏၳ၀င္တိုက္စစ္မွဴး ေဒဗာဆူကာ Davor Suker တစ္ဦးသာရွိပါတယ္။

REF:Daily Mail,Sky Sports
Photo:semana.com,Goal.com
Naing Linn(Akhayar)
www.akhayar.com

[Unicode]

လက်ရွေးစင်အသင်းကနေ အနားယူခဲ့တဲ့ ခရိုအေးရှား ဝါရင့်တိုက်စစ်မှူး မန်ဇူကစ် Mandzukic

ခရိုအေးရှားတိုက်စစ်မှူး မန်ဇူကစ် Mandzukic ဟာ (၁၁)နှစ်ကြာကျင်လည်ခဲ့တဲ့ နိုင်ငံလက်ရွေးစင် ကစားသမားဘဝကို အဆုံးသတ်ဖို့ ဆုံးဖြတ်လိုက်ပါပြီ။ ၂၀၁၈ ကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ ပြင်သစ်အသင်းကို ရှုံးနိမ့်ခဲ့ပြီးတဲ့နောက် (၁)လအကြာမှာပဲ လက်ရွေးစင်ကစားသမားဘဝကို ပြည်ဖုံးကား ချလိုက်တာဖြစ်ပြီး သူ့ဆုံးဖြတ်ချက်ကို Instagram ကနေ ပရိသတ်တွေကို အသိပေးခဲ့ပါတယ်။ မန်ဇူကစ်က “ကျွန်တော်တို့အသင်း ကမ္ဘာ့ဖလားမှာ အမြင့်ဆုံးအောင်မြင်မှုဖြစ်တဲ့ ဒုတိယဆုကို ရယူခဲ့ပြီးချိန်မှာတော့ လက်ရွေးစင်အသင်းကနေ အနားယူဖို့ ဆုံးဖြတ်ချက်ကို လွယ်လွယ်ကူကူ ချမှတ်လို့ ရသွားခဲ့ပါပြီ။ ဖြစ်နိုင်ရင်တော့ ကျွန်တော်တို့တွေဟာ အသက်ရှင်နေသမျှ ကာလပတ်လုံး လက်ရွေးစင်အသင်းအတွက် ပါဝင်ကစားလိုတာပါ။ ဒါပေမဲ့လည်း အခုအချိန်ဟာ နိုင်ငံအသင်းကနေ အနားယူဖို့အချိန်ရောက်လာခဲ့ပါပြီ။ ကျွန်တော့်ကို အားပေးခဲ့ကြတဲ့ ပရိသတ်တွေကိုလည်း ကျေးဇူးတင်ပါတယ်”လို့ ရေးသားခဲ့တယ်။

Mandzukic-retires-from-international-football-one-month-after-World-Cup-final-defeat

Mandzukic-retires-from-international-football-one-month-after-World-Cup-final-defeat

အသက်(၃၂)နှစ်အရွယ်ရှိပြီဖြစ်တဲ့ မန်ဇူကစ်ဟာ ၂၀၀၇ ခုနှစ်ကတည်းက ခရိုအေးရှားအသင်းအတွက် စတင်ရွေးချယ်ခံခဲ့ရပြီး အဲဒီအချိန်ကစလို့ အသင်းရဲ့အဓိက ကစားသမားအဖြစ် ပါဝင်ခွင့်ရခဲ့တယ်။ မန်ဇူကစ်ဟာ ခရိုအေးရှားအသင်းနဲ့အတူ ယူရို-၂၀၁၂၊ ၂၀၁၄ ကမ္ဘာ့ဖလား၊ ယူရို-၂၀၁၆၊ ၂၀၁၈ ကမ္ဘာ့ဖလားတွေမှာ ပါဝင်ယှဉ်ပြိုင်ခဲ့ပြီး လက်ရွေးစင်ကစားသမားဘ၀ (၁၁)နှစ်တာကာလအတွင်း (၈၉)ပွဲကစား၊ (၃၃)ဂိုးသွင်းယူခဲ့သလို သူ့ထက် သွင်းဂိုးပိုများတာက ဂန္ထဝင်တိုက်စစ်မှူး ဒေဗာဆူကာ Davor Suker တစ်ဦးသာရှိပါတယ်။

REF:Daily Mail,Sky Sports
Photo:semana.com,Goal.com
Naing Linn(Akhayar)
www.akhayar.com