မန်ယူအသင်းရဲ့ တိုက်စစ်မှူး လူကာကူ Lukaku ဟာ စီးရီးအေမှာ ကစားဖို့က သူ့ရဲ့အိပ်မက်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။ မန်ယူအသင်းဟာ အသင်းမှာ ခြေစွမ်းမပြနိုင်တဲ့ လူကာကူ ကို ရာသီကုန်မှာ ရောင်းချဖို့ရှိနေသလို သူ့ကိုခေါ်ယူဖို့လည်း အီတလီကလပ်အသင်းတွေက စိတ်ဝင်စားနေကြပါတယ်။ ပရီးမီးယားလိဂ်မှာ ၂၀၁၁ ခုနှစ်ကတည်းက စတင်ကစားခဲ့တဲ့ လူကာကူ ဟာ လက်ရှိအချိန်ထိ ပရီးမီးယားလိဂ် သွင်းဂိုး(၁၁၃)ဂိုးသွင်းယူထားသူလည်းဖြစ်ပါတယ်။

လူကာကူ ဟာ စီးရီးအေမှာ ကစားဖို့က သူ့ရဲ့အိပ်မက်ဖြစ်ကြောင်း Sky Italia ကိုပြောကြားခဲ့တာပါ။ လူကာကူ က ” စီးရီးအေမှာ ကစားဖို့က အိပ်မက်တစ်ခုပါ။ ဒါဟာ အိပ်မက်ပဲ ဖြစ်ပါလိမ့်မယ်။ ကျွန်တော် စီးရီးအေမှာ အနှေး ဒါမှမဟုတ် အမြန်ကစားရလိမ့်မယ်လို့ မျှော်လင့်ပါတယ်။ လက်ရှိအချိန်မှာတော့ မန်ယူအသင်းအတွက်ပဲ ကျွန်တော် အာရုံစိုက်ထားပါတယ် ” လို့ပြောကြားခဲ့ပါတယ်။ ဒီနှစ်ဘောလုံးရာသီမှာတော့ လူကာကူ ဟာ မန်ယူအသင်းအတွက် ပြိုင်ပွဲစုံသွင်းဂိုး(၁၅)ဂိုးသွင်းယူထားပါတယ်။

Ref: Sportskeeda
Photo: Gianluca Di Marzio , The Independent 
Ko Kyue(Akhayar)
www.akhayar.com