[Zawgyi]

မာစီယဲလ္အတြက္ မန္ယူအသင္းနဲ႔ တရားဝင္ ေဆြးေႏြးဖို႔ရွိေနတဲ့ စပါးအသင္း

မန္ယူအသင္းမွာ ပံုမွန္ပြဲထြက္ခြင့္ မရတဲ့ လူငယ္တိုက္စစ္မွဴး မာစီယဲလ္ Martial ကို ေခၚယူဖို႔ စပါးအသင္းက တရားဝင္ ေဆြးေႏြးမႈေတြ ျပဳလုပ္သြားဖို႔ စီစဥ္ေနတာ ျဖစ္ပါတယ္။ အခုႏွစ္ေႏြရာသီ အေျပာင္းအေရႊ႕မွာ စပါးနည္းျပ ပိုခ်က္တီႏို Pochettino ရဲ႕ အဓိက ပစ္မွတ္ထားခံေနရတဲ့ မာစီယဲလ္ Martial ကို ေခၚယူဖို႔ တရားဝင္ ေဆြးေႏြးမႈေတြ ျပဳလုပ္သြားမွာ ျဖစ္ပါတယ္။ ကမၻာ႔ဖလားၿပိဳင္ပြဲဝင္ ျပင္သစ္အသင္းမွာ ပါဝင္ခြင့္ မရခဲ့လို႔ စိတ္ပ်က္ေနတဲ့ မာစီယဲလ္ Martial ရဲ႕ အေျပာင္းအေရႊ႕ဟာ အလ်င္အျမန္ျဖစ္ေပၚလာဖို႔ ရွိေနေၾကာင္း သတင္းေတြ ထြက္ေပၚေနပါတယ္။ မာစီယဲလ္ Martial ကို ၿပီးခဲ့တဲ့ ၂၀၁၅ ခုႏွစ္က မိုနာကိုအသင္းကေန မန္ယူအသင္းထံ ေခၚယူခဲ့တာျဖစ္ၿပီး ေျပာင္းေရႊ႕ေၾကးအေနနဲ႔ ေပါင္ (၅၈)သန္းနီးပါး အသံုးျပဳခဲ့ရပါတယ္။

Anthony-Martial

Anthony-Martial

စပါးအသင္းနည္းျပ ပိုခ်က္တီႏို Pochettino က မာစီယဲလ္ Martial အတြက္ ေပါင္သန္း (၁၀၀)အထိ အသံုးျပဳသြားဖို႔ ရွိေနၿပီး ကလပ္အသင္းႏွစ္သင္းအၾကား သေဘာတူညီမႈရဖို႔ ရွိေနပါတယ္။ ၿပီးခဲ့တဲ့ ေဘာလံုးရာသီက အမွတ္ေပးၿပိဳင္ပြဲ (၁၈)ေလာက္သာ ကစားခြင့္ရခဲ့ၿပီး ဇန္နဝါရီအေျပာင္းအေရႊ႕က ဆန္းခ်က္ဇ္ Sanchez အသင္းကို ေရာက္ရွိလာၿပီးေနာက္ပိုင္း ပံုမွန္ ပြဲထြက္ခြင့္ကို ဆံုးရံႈးခဲ့တာ ျဖစ္ပါတယ္။ မာစီယဲလ္ Martial အေနနဲ႔ အနာဂတ္ ႏိုင္ငံလက္ေရြးစင္အသင္းမွာ ပါဝင္ခြင့္ရဖို႔ ေမွ်ာ္လင့္ေနတာေၾကာင့္ အသင္းေျပာင္းေရႊ႕ကစားဖို႔ ဆံုးျဖတ္ထားတယ္လို႔ သိရပါတယ္။

REF:Daily Mail
Photo:Pinterest, 101 Great Goals, Wikipedia
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

မာစီယဲလ်အတွက် မန်ယူအသင်းနဲ့ တရားဝင် ဆွေးနွေးဖို့ရှိနေတဲ့ စပါးအသင်း

မန်ယူအသင်းမှာ ပုံမှန်ပွဲထွက်ခွင့် မရတဲ့ လူငယ်တိုက်စစ်မှူး မာစီယဲလ် Martial ကို ခေါ်ယူဖို့ စပါးအသင်းက တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်သွားဖို့ စီစဉ်နေတာ ဖြစ်ပါတယ်။ အခုနှစ်နွေရာသီ အပြောင်းအရွှေ့မှာ စပါးနည်းပြ ပိုချက်တီနို Pochettino ရဲ့ အဓိက ပစ်မှတ်ထားခံနေရတဲ့ မာစီယဲလ် Martial ကို ခေါ်ယူဖို့ တရားဝင် ဆွေးနွေးမှုတွေ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ပြင်သစ်အသင်းမှာ ပါဝင်ခွင့် မရခဲ့လို့ စိတ်ပျက်နေတဲ့ မာစီယဲလ် Martial ရဲ့ အပြောင်းအရွှေ့ဟာ အလျင်အမြန်ဖြစ်ပေါ်လာဖို့ ရှိနေကြောင်း သတင်းတွေ ထွက်ပေါ်နေပါတယ်။ မာစီယဲလ် Martial ကို ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်က မိုနာကိုအသင်းကနေ မန်ယူအသင်းထံ ခေါ်ယူခဲ့တာဖြစ်ပြီး ပြောင်းရွှေ့ကြေးအနေနဲ့ ပေါင် (၅၈)သန်းနီးပါး အသုံးပြုခဲ့ရပါတယ်။

Anthony-Martial

Anthony-Martial

စပါးအသင်းနည်းပြ ပိုချက်တီနို Pochettino က မာစီယဲလ် Martial အတွက် ပေါင်သန်း (၁၀၀)အထိ အသုံးပြုသွားဖို့ ရှိနေပြီး ကလပ်အသင်းနှစ်သင်းအကြား သဘောတူညီမှုရဖို့ ရှိနေပါတယ်။ ပြီးခဲ့တဲ့ ဘောလုံးရာသီက အမှတ်ပေးပြိုင်ပွဲ (၁၈)လောက်သာ ကစားခွင့်ရခဲ့ပြီး ဇန်နဝါရီအပြောင်းအရွှေ့က ဆန်းချက်ဇ် Sanchez အသင်းကို ရောက်ရှိလာပြီးနောက်ပိုင်း ပုံမှန် ပွဲထွက်ခွင့်ကို ဆုံးရှုံးခဲ့တာ ဖြစ်ပါတယ်။ မာစီယဲလ် Martial အနေနဲ့ အနာဂတ် နိုင်ငံလက်ရွေးစင်အသင်းမှာ ပါဝင်ခွင့်ရဖို့ မျှော်လင့်နေတာကြောင့် အသင်းပြောင်းရွှေ့ကစားဖို့ ဆုံးဖြတ်ထားတယ်လို့ သိရပါတယ်။

REF:Daily Mail
Photo:Pinterest, 101 Great Goals, Wikipedia
Aung Kyaw Wai (Akhayar)
www.akhayar.com