[Zawgyi]

အသင္းေဟာင္း ေအဂ်က္စ္ကုိ ျပန္လည္ေျပာင္းေရႊ႕ခဲ့တဲ့ မန္ယူေနာက္ခံလူ ေဒလီဘလင္း Daley Blind

မန္ယူအသင္းဟာ အသင္းရဲ႕ နယ္သာလန္ေနာက္ခံလူ ေဒလီဘလင္း Daley Blind ကုိ ေအဂ်က္စ္အသင္းထံ ေရာင္းခ်ဖုိ႔ သေဘာတူညီမႈရရွိခဲ့ပါတယ္။ အသက္(၂၈)ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ ဘလင္းဟာ လြန္ခဲ့တဲ့(၄)ႏွစ္ေလာက္က ေအဂ်က္စ္အသင္းကေန မန္ယူအသင္းကုိ ေပါင္(၁၄)သန္းနဲ႔ ေျပာင္းေရႊ႕ခဲ့သူျဖစ္ပါတယ္။ ဘလင္းအေနနဲ႔ မန္ယူအသင္းမွာ (၄)ရာသီၾကာကစားခဲ့ေပမယ့္ ပုံမွန္ကစားခြင့္ရခဲ့ျခင္းမရွိဘဲ (၁၄၁)ပဲြကစား၊ (၆)ဂုိးသာသြင္းယူႏုိင္ခဲ့တယ္။ မန္ယူအသင္းနဲ႔အတူ FA ၊ လိဂ္ဖလား၊ ယူ႐ုိပါလိဂ္၊ ကြန္ျမဴနတီဒုိင္းေတြ ရယူခဲ့တဲ့ ဘလင္းဟာ လာမယ့္ရာသီမွာေတာ့ ေအဂ်က္စ္အသင္းနဲ႔အတူ ကစားသမားဘ၀ ျပန္စရေတာ့မွာပါ။

Daley-Blind-Back-To-Ajax

Daley-Blind-Back-To-Ajax

ေအဂ်က္စ္အသငး္ဟာ ဘလင္းအတြက္ ေပါင္(၁၄.၁)သန္း ေပးေခ်ရမွာျဖစ္ၿပီး ေျခစြမ္းနဲ႔ေအာင္ျမင္မႈအလုိက္ ဘလင္းရဲ႕ေျပာင္းေရႊ႕ေၾကး ေပါင္(၁၈.၅)သန္းအထိ ျမင့္တက္သြားမွာျဖစ္ပါတယ္။ ေအဂ်က္စ္အသင္းနဲ႔အတူ ကစားသမားစတင္ခဲ့တဲ့ ဘလင္းဟာ ၂၀၀၈ ကေန ၂၀၁၄ ခုႏွစ္အထိကစားခဲ့ၿပီး အမွတ္ေပးဖလား(၄)ႀကိမ္၊ ယုိဟန္ခ႐ုိက္ဖ္ဒုိင္း (၁)ႀကိမ္ရယူႏုိင္ခဲ့တယ္။

REF:Sky Sports
Photo:weloba.com,Newsweek
Naing Linn(Akhayar)
www.akhayar.com

[Unicode]

အသင်းဟောင်း အေဂျက်စ်ကို ပြန်လည်ပြောင်းရွှေ့ခဲ့တဲ့ မန်ယူနောက်ခံလူ ဒေလီဘလင်း Daley Blind

မန်ယူအသင်းဟာ အသင်းရဲ့ နယ်သာလန်နောက်ခံလူ ဒေလီဘလင်း Daley Blind ကို အေဂျက်စ်အသင်းထံ ရောင်းချဖို့ သဘောတူညီမှုရရှိခဲ့ပါတယ်။ အသက်(၂၈)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘလင်းဟာ လွန်ခဲ့တဲ့(၄)နှစ်လောက်က အေဂျက်စ်အသင်းကနေ မန်ယူအသင်းကို ပေါင်(၁၄)သန်းနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပါတယ်။ ဘလင်းအနေနဲ့ မန်ယူအသင်းမှာ (၄)ရာသီကြာကစားခဲ့ပေမယ့် ပုံမှန်ကစားခွင့်ရခဲ့ခြင်းမရှိဘဲ (၁၄၁)ပွဲကစား၊ (၆)ဂိုးသာသွင်းယူနိုင်ခဲ့တယ်။ မန်ယူအသင်းနဲ့အတူ FA ၊ လိဂ်ဖလား၊ ယူရိုပါလိဂ်၊ ကွန်မြူနတီဒိုင်းတွေ ရယူခဲ့တဲ့ ဘလင်းဟာ လာမယ့်ရာသီမှာတော့ အေဂျက်စ်အသင်းနဲ့အတူ ကစားသမားဘ၀ ပြန်စရတော့မှာပါ။

Daley-Blind-Back-To-Ajax

Daley-Blind-Back-To-Ajax

အေဂျက်စ်အသင်းဟာ ဘလင်းအတွက် ပေါင်(၁၄.၁)သန်း ပေးချေရမှာဖြစ်ပြီး ခြေစွမ်းနဲ့အောင်မြင်မှုအလိုက် ဘလင်းရဲ့ပြောင်းရွှေ့ကြေး ပေါင်(၁၈.၅)သန်းအထိ မြင့်တက်သွားမှာဖြစ်ပါတယ်။ အေဂျက်စ်အသင်းနဲ့အတူ ကစားသမားစတင်ခဲ့တဲ့ ဘလင်းဟာ ၂၀၀၈ ကနေ ၂၀၁၄ ခုနှစ်အထိကစားခဲ့ပြီး အမှတ်ပေးဖလား(၄)ကြိမ်၊ ယိုဟန်ခရိုက်ဖ်ဒိုင်း (၁)ကြိမ်ရယူနိုင်ခဲ့တယ်။

REF:Sky Sports
Photo:weloba.com,Newsweek
Naing Linn(Akhayar)
www.akhayar.com