[Zawgyi]

ေမာ္ရင္ဟို Mourinho ကို ထုတ္ပယ္ခဲ့ရင္ ေပါင္ (၁၂)သန္း ေလ်ာ္ေၾကးေပးရမယ့္ မန္ယူအသင္း

အခုႏွစ္ေဘာလံုးရာသီမွာ မန္ယူအသင္းဟာ နည္းျပ ေမာ္ရင္ဟို Mourinho ကို ရာထူးကေန ထုတ္ပယ္ခဲ့ရင္ ေလ်ာ္ေၾကးေငြ ေပါင္ (၁၂)သန္းအထိ ေပးေခ်သြားရမွာျဖစ္ပါတယ္။ ေမာ္ရင္ဟို Mourinho ကေတာ့ ရာထူးကေန ထုတ္ပယ္ခံရဖို႔ မရွိဘဲ သူအလိုရွိေနတဲ့ ကစားသမားေခၚယူမႈေတြကို အေျပာင္းအေရႊ႕ေစ်းကြက္မပိတ္ခင္ အသင္းက ေခၚယူေပးလိမ့္မယ္လို႔ ယံုၾကည္ေနပါတယ္။ မန္ယူအသင္းနဲ႔ နည္းျပ ေမာ္ရင္ဟို Mourinho တို႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္က (၂)ႏွစ္သက္တမ္း က်န္ရွိေနေသးၿပီး အခုရာသီမွာ ထုတ္ပယ္ခံခဲ့ရပါက ေလ်ာ္ေၾကး ေပါင္ (၁၂)သန္းအထိ ရရွိမွာ ျဖစ္ပါတယ္။ ဒီအခ်က္ကို စာခ်ဳပ္မွာ ထည့္သြင္းထားၿပီး ေမာ္ရင္ဟို Mourinho အေနနဲ႔ ရာထူးက ထုတ္ပယ္ခံခဲ့ရရင္ေတာင္ ေလ်ာ္ေၾကးေငြ ေျမာက္မ်ားစြား ရရွိမွာပါ။

Jose-Mourinho

Jose-Mourinho

ကစားသမား စိတ္ႀကိဳက္ေခၚယူခြင့္မရတဲ့အေပၚ ေမာ္ရင္ဟို Mourinho က အသင္းတာဝန္ရွိသူေတြကို စိတ္ပ်က္ေနၿပီး အသင္းမွာ မေပ်ာ္မရႊင္ျဖစ္ေနတယ္လို႔ သတင္းေတြ ထြက္ေပၚေနတာျဖစ္ပါတယ္။ ေမာ္ရင္ဟို Mourinho အေနနဲ႔ ၿမိဳ႕ခံၿပိဳင္ဘက္ မန္စီးတီးအသင္းရဲ႕ နည္းျပ ဂြါဒီယိုလာ Guardiola နဲ႔အတူ ပရီးမီးယားလိဂ္မွာ လစာအမ်ားဆံုး ရရွိတဲ့ နည္းျပအျဖစ္ ရပ္တည္ေနခဲ့ပါတယ္။ ေမာ္ရင္ဟို Mourinho ရဲ႕ နည္းျပမွတ္တမ္းေတြအရလည္း သူကိုင္တြယ္ခဲ့တဲ့ အသင္းေတြမွာ တတိယရာသီဆိုရင္ ထုတ္ပယ္ခံရတက္တဲ့ အစဥ္အလာေၾကာင့္ မန္ယူအသင္းနဲ႔ တတိယေျမာက္ ရာသီကို ျဖတ္သန္းေတာ့မယ့္အခ်ိန္မွာ ထုတ္ပယ္ခံရဖို႔ရွိေနတယ္လို႔ ထင္ေၾကးေပးေဖာ္ျပေနခဲ့တာျဖစ္ပါတယ္။

REF:The Sun
Photo:JamesNews, The Japan Times
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

မော်ရင်ဟို Mourinho ကို ထုတ်ပယ်ခဲ့ရင် ပေါင် (၁၂)သန်း လျော်ကြေးပေးရမယ့် မန်ယူအသင်း

အခုနှစ်ဘောလုံးရာသီမှာ မန်ယူအသင်းဟာ နည်းပြ မော်ရင်ဟို Mourinho ကို ရာထူးကနေ ထုတ်ပယ်ခဲ့ရင် လျော်ကြေးငွေ ပေါင် (၁၂)သန်းအထိ ပေးချေသွားရမှာဖြစ်ပါတယ်။ မော်ရင်ဟို Mourinho ကတော့ ရာထူးကနေ ထုတ်ပယ်ခံရဖို့ မရှိဘဲ သူအလိုရှိနေတဲ့ ကစားသမားခေါ်ယူမှုတွေကို အပြောင်းအရွှေ့ဈေးကွက်မပိတ်ခင် အသင်းက ခေါ်ယူပေးလိမ့်မယ်လို့ ယုံကြည်နေပါတယ်။ မန်ယူအသင်းနဲ့ နည်းပြ မော်ရင်ဟို Mourinho တို့ ချုပ်ဆိုထားတဲ့ စာချုပ်က (၂)နှစ်သက်တမ်း ကျန်ရှိနေသေးပြီး အခုရာသီမှာ ထုတ်ပယ်ခံခဲ့ရပါက လျော်ကြေး ပေါင် (၁၂)သန်းအထိ ရရှိမှာ ဖြစ်ပါတယ်။ ဒီအချက်ကို စာချုပ်မှာ ထည့်သွင်းထားပြီး မော်ရင်ဟို Mourinho အနေနဲ့ ရာထူးက ထုတ်ပယ်ခံခဲ့ရရင်တောင် လျော်ကြေးငွေ မြောက်များစွား ရရှိမှာပါ။

Jose-Mourinho

Jose-Mourinho

ကစားသမား စိတ်ကြိုက်ခေါ်ယူခွင့်မရတဲ့အပေါ် မော်ရင်ဟို Mourinho က အသင်းတာဝန်ရှိသူတွေကို စိတ်ပျက်နေပြီး အသင်းမှာ မပျော်မရွှင်ဖြစ်နေတယ်လို့ သတင်းတွေ ထွက်ပေါ်နေတာဖြစ်ပါတယ်။ မော်ရင်ဟို Mourinho အနေနဲ့ မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းရဲ့ နည်းပြ ဂွါဒီယိုလာ Guardiola နဲ့အတူ ပရီးမီးယားလိဂ်မှာ လစာအများဆုံး ရရှိတဲ့ နည်းပြအဖြစ် ရပ်တည်နေခဲ့ပါတယ်။ မော်ရင်ဟို Mourinho ရဲ့ နည်းပြမှတ်တမ်းတွေအရလည်း သူကိုင်တွယ်ခဲ့တဲ့ အသင်းတွေမှာ တတိယရာသီဆိုရင် ထုတ်ပယ်ခံရတက်တဲ့ အစဉ်အလာကြောင့် မန်ယူအသင်းနဲ့ တတိယမြောက် ရာသီကို ဖြတ်သန်းတော့မယ့်အချိန်မှာ ထုတ်ပယ်ခံရဖို့ရှိနေတယ်လို့ ထင်ကြေးပေးဖော်ပြနေခဲ့တာဖြစ်ပါတယ်။

REF:The Sun
Photo:JamesNews, The Japan Times
Aung Kyaw Wai (Akhayar)
www.akhayar.com