လက်ရှိ မန်ယူအသင်းရဲ့ အနေအထားတွေကတော့ အရာရာအားလုံး စိတ်ဝင်စားစရာပါ။ အသင်းရဲ့ ကွင်းတွင်းစွမ်းဆောင်ရည်တွေက ကျဆင်းနေသလို ချန်ပီယံလိဂ်ဝင်ခွင့်ရဖို့လည်း ဖိအားများနေပြီး အဓိကကစားသမားတွေရဲ့ အနာဂတ်ကလည်း လှုပ်ခတ်မှုတွေရှိနေပါတယ်။ ဒီအထဲမှာတော့ ဂိုးသမား ဒီဂီယာ De Gea လည်းအပါအ၀င်ဖြစ်ပြီး မန်ယူအသင်းကတော့ သူ့ကို ရာသီကုန်မှာရောင်းချသွားမှာ မဟုတ်ဘူးလို့ သိရပါတယ်။ ဒီဂီယာရဲ့ စာချုပ်သက်တမ်းဟာ လာမယ့်ဘောလုံးရာသီကုန်မှာ ကုန်ဆုံးမှာဖြစ်တာကြောင့် မန်ယူအသင်းက စာချုပ်သက်တမ်းတိုးဖို့ ကြိုးစားနေပေမယ့် လက်ရှိအချိန်ထိတော့ သဘောတူညီမှုရဖို့ ခက်ခဲနေပါတယ်။

အဓိကကတော့ ဒီဂီယာ ဟာ စာချုပ်သက်တမ်းတိုးရင် လက်ရှိရရှိနေတဲ့ လစာငွေပေါင်(၂၀၀၀၀၀)ထက် ပိုပြီးတိုးမြှင့်ရရှိလိုနေတာဖြစ်ပါတယ်။ ဒီအနေအထားကြောင့် အခြေအနေတွေဟာ ကြန့်ကြာနေတာဖြစ်ပြီး ဒီဂီယာ ကိုခေါ်ယူဖို့ ဥရောပထိပ်တန်းအသင်းကြီးတွေဖြစ်တဲ့ ရီးယဲလ် ၊ ဂျူဗင်တပ်စ်နဲ့ PSG အသင်းတွေက စောင့်ကြည့်နေကြပါတယ်။ မန်ယူအသင်းကို ဆန်းချက်ဇ် Sanchez မြင့်မားတဲ့လစာငွေနဲ့ ရောက်ရှိလာခဲ့ချိန်မှာတော့ အသင်းက ကစားသမားအများစုဟာ စာချုပ်သစ်ဆွေးနွေးမှုတွေမှာ ပုံမှန်ထက်များတဲ့ လစာငွေတွေကို တောင်းဆိုနေကြတာဖြစ်ပါတယ်။

မန်ယူအသင်း အနေနဲ့ ဒီအခြေအနေတွေကို ဘယ်လိုကိုင်တွယ်သွားမလဲဆိုတာ စောင့်ကြည့်သွားရမှာဖြစ်ပြီး နည်းပြဆိုးလ်ရှား Solskjaer အတွက်လည်း ခေါင်းခဲချင်စရာပါ။ ရာသီကုန်မှာတော့ မန်ယူအသင်းမှာ အပြောင်းအလဲများစွာကို မြင်တွေ့ရဖို့ရှိနေပြီး အသင်းရဲ့ အဓိကကစားသမား အများစု အသင်းကနေ ထွက်ခွာဖို့ရှိနေသလို နည်းပြဆိုးလ်ရှား ကလည်း ကစားသမားသစ်တော်တော်များများကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတာကြောင့် ဘယ်သူတွေရောက်ရှိလာပြီး ဘယ်သူတွေထွက်ခွာသွားမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။

Ref: Mirror , Express
Photo: Evening Standard , Stadium Astro , Metro
Ko Kyue(Akhayar)
www.akhayar.com