[Zawgyi]

ဖိအားေတြကုိ ေလွ်ာ႔ခ်ႏုိင္ဖုိ႔အတြက္ မျဖစ္မေနႏုိင္ပဲြယူရမယ့္ ေမာ္ရင္ဟုိ Mourinho

ပရီးမီးယားလိဂ္ပဲြစဥ္(၃) ေနာက္ဆုံးပဲြျဖစ္တ့ဲ မန္ယူနဲ႔ စပါးအသင္းတို႔ရဲ႕ပဲြက အခုတနလၤာေန႔ည(ျမန္မာစံေတာ္ခ်ိန္ အဂၤါေန႔ နံနက္ ၁း၃၀)မွာ ယွဥ္ၿပိဳင္ကစားၾကမွာျဖစ္ပါတယ္။ ရာသီအစကတည္းက မတည္ၿငိမ္တဲ့ ေျခစြမ္း၊ ရလဒ္ဆုိးေတြ ရင္ဆုိင္ေနရတဲ့အတြက္ ေမာ္ရင္ဟုိ Mourinho နဲ႔ မန္ယူအသင္း ဖိအားေတြ မ်ားေနၿပီး အသင္းကလည္း တည္ၿငိမ္မႈ ကင္းမဲ့ေနတယ္။ ဒီပဲြမွာသာ မႏုိင္ရင္ ေမာ္ရင္ဟုိ ပုိၿပီးဖိအားတိုးသြားဖုိ႔ ရွိေနလုိ႔ ႏုိင္ပဲြရယူႏုိင္မလားဆုိတာ စိတ္၀င္စားစရာပါ။

Manchester-United-Players

Manchester-United-Players

ႏွစ္သင္းစလုံးရဲ႕ ေျခစြမ္း
ဒီႏွစ္သင္း ေျခစြမ္းပုိင္းကုိ ႏႈိင္းယွဥ္ၾကည့္ရင္ လတ္တေလာမွာေတာ့ စပါးအသင္းက အသာရေနတယ္လုိ႔ ဆုိရမယ္။ ႏွစ္သင္းစလုံး ရာသီအဖြင့္ပဲြမွာ သာမန္အလယ္အလတ္အသင္းေတြနဲ႔သာ ရင္ဆုိင္ခဲ့ရေပမယ့္ မန္ယူအသငး္က လက္စတာကုိ အသည္းအသန္ကန္ၿပီးမွ အႏုိင္ရ၊ ဘ႐ုိက္တန္ကုိ ႐ႈံးနိမ့္ၿပီး စပါးအသင္းကေတာ့ နယူးကာဆယ္၊ ဖူလ္ဟမ္တို႔ကုိ အႏုိင္ကစားခဲ့တယ္။ မန္ယူရဲ႕ လက္ရွိကစားပုံက စုစညး္မႈမရွိသလုိ၊ ကစားသမားေတြၾကားမွာ နားလည္မႈလည္း မရွိပါဘူး။ ပဲြထြက္စာရင္းမွာ ကစားသမားသစ္ဆုိလုိ႔ ဖရက္ဒ္ Fred တစ္ဦးသာ ပါေပမယ့္ က်န္တဲ့ကစားသမားေတြက အခုမွ တြဲကစားရသလုိမ်ိဳး ျဖစ္ေနတယ္။ ဒီၾကားထဲမွာ ေမာ္ရင္ဟုိကလည္း အသင္းဘုတ္အဖဲြ႕နဲ႔ ဆက္ဆံေရး အဆင္မေျပတာေၾကာင့္လည္း အသင္းအေပၚ ရာႏႈန္းျပည့္အာ႐ုံစူးစုိက္မႈ မရွိဘူးလုိ႔ ေျပာရမွာပါ။ စပါးအသင္းကေတာ့ ဒီေႏြရာသီမွာ ကစားသမားသစ္ မေခၚဘဲ လက္ရွိ စုဖဲြ႕မႈနဲ႔သာ ရာသီသစ္ကုိ တိုက္ပဲြ၀င္ေနတဲ့အသငး္ျဖစ္ပါတယ္။ အသင္းရဲ႕ စြမ္းေဆာင္ရည္က မႏွစ္ကနဲ႔ သိပ္မကြာသလုိ အဓိက ကြင္းလယ္လူ ဆြန္ေဟာင္မင္ Son Heung-Min မပါႏုိင္ေသးေပမယ့္ ေျခစြမ္းက ႀကီးႀကီးမားမား အားနည္းခ်က္မရွိဘူးလုိ႔ သုံးသပ္ရမယ္။ မန္ယူအသင္းမွာလည္း အဓိက ကစားသမား တခ်ိဳ႕ ဒဏ္ရာျပႆနာေတြနဲ႔ ရင္ဆုိင္ေနရတာေၾကာင့္ လူစုံတက္စုံေတာ့ မရွိေသးပါဘူး။

tottenham-hotspur-Players

tottenham-hotspur-Players

သုံးသပ္ခ်က္
အုိးလ္ထရက္ဖုိ႔ဒ္မွာ စပါးအသင္းရဲ႕ ရလဒ္ေတြကုိ ျပန္ၾကည့္ရင္ အားရစရာေတာ့ မရွိဘူး။ မန္ယူ ဘယ္ေလာက္ပဲ ေျခစြမ္းဆုိးဆုိး၊ ဘယ္ေလာက္ပဲ ႐ုန္းကန္ေနရပါေစ အုိးလ္ထရက္ဖုိ႔ဒ္ကြင္းဆုိရင္ စပါးကုိ အၿမဲ အႏုိင္ယူေလ့ရွိတယ္။ အုိးလ္ထရက္ဖုိ႔ဒ္ ေနာက္ဆုံး(၄)ႀကိမ္ ဆုံေတြ႕မႈမွာလည္း ပဲြတိုင္း အႏုိင္ယူထားတယ္။ လက္ရွိအခ်ိန္မွာ စပါးအသင္းရဲ႕ေျခစြမ္းက အေပါင္းလကၡဏာေဆာင္ေနေပမယ့္ အုိးလ္ထရက္ဖုိ႔ဒ္ မွတ္တမ္းဆုိးကုိ ေက်ာ္ျဖတ္ႏုိင္ပါ့မလား။ မန္ယူအသင္း ႐ုန္းကန္ေနရေပမယ့္ အုိးလ္ထရက္ဖုိ႔ဒ္မွာ ႐ႈံးနိမ့္ဖုိ႔ မရွိဘဲ သေရနဲ႔အႏုိင္ပါပဲ။

ျဖစ္ႏုိင္ဖြယ္ရလဒ္ – မန္ယူ ၂-၁ စပါး

Photo:Twitter,Getty Images,
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ဖိအားတွေကို လျှော့ချနိုင်ဖို့အတွက် မဖြစ်မနေနိုင်ပွဲယူရမယ့် မော်ရင်ဟို Mourinho

ပရီးမီးယားလိဂ်ပွဲစဉ်(၃) နောက်ဆုံးပွဲဖြစ်တဲ့ မန်ယူနဲ့ စပါးအသင်းတို့ရဲ့ပွဲက အခုတနင်္လာနေ့ည(မြန်မာစံတော်ချိန် အင်္ဂါနေ့ နံနက် ၁း၃၀)မှာ ယှဉ်ပြိုင်ကစားကြမှာဖြစ်ပါတယ်။ ရာသီအစကတည်းက မတည်ငြိမ်တဲ့ ခြေစွမ်း၊ ရလဒ်ဆိုးတွေ ရင်ဆိုင်နေရတဲ့အတွက် မော်ရင်ဟို Mourinho နဲ့ မန်ယူအသင်း ဖိအားတွေ များနေပြီး အသင်းကလည်း တည်ငြိမ်မှု ကင်းမဲ့နေတယ်။ ဒီပွဲမှာသာ မနိုင်ရင် မော်ရင်ဟို ပိုပြီးဖိအားတိုးသွားဖို့ ရှိနေလို့ နိုင်ပွဲရယူနိုင်မလားဆိုတာ စိတ်ဝင်စားစရာပါ။

Manchester-United-Players

Manchester-United-Players

နှစ်သင်းစလုံးရဲ့ ခြေစွမ်း
ဒီနှစ်သင်း ခြေစွမ်းပိုင်းကို နှိုင်းယှဉ်ကြည့်ရင် လတ်တလောမှာတော့ စပါးအသင်းက အသာရနေတယ်လို့ ဆိုရမယ်။ နှစ်သင်းစလုံး ရာသီအဖွင့်ပွဲမှာ သာမန်အလယ်အလတ်အသင်းတွေနဲ့သာ ရင်ဆိုင်ခဲ့ရပေမယ့် မန်ယူအသင်းက လက်စတာကို အသည်းအသန်ကန်ပြီးမှ အနိုင်ရ၊ ဘရိုက်တန်ကို ရှုံးနိမ့်ပြီး စပါးအသင်းကတော့ နယူးကာဆယ်၊ ဖူလ်ဟမ်တို့ကို အနိုင်ကစားခဲ့တယ်။ မန်ယူရဲ့ လက်ရှိကစားပုံက စုစည်းမှုမရှိသလို၊ ကစားသမားတွေကြားမှာ နားလည်မှုလည်း မရှိပါဘူး။ ပွဲထွက်စာရင်းမှာ ကစားသမားသစ်ဆိုလို့ ဖရက်ဒ် Fred တစ်ဦးသာ ပါပေမယ့် ကျန်တဲ့ကစားသမားတွေက အခုမှ တွဲကစားရသလိုမျိုး ဖြစ်နေတယ်။ ဒီကြားထဲမှာ မော်ရင်ဟိုကလည်း အသင်းဘုတ်အဖွဲ့နဲ့ ဆက်ဆံရေး အဆင်မပြေတာကြောင့်လည်း အသင်းအပေါ် ရာနှုန်းပြည့်အာရုံစူးစိုက်မှု မရှိဘူးလို့ ပြောရမှာပါ။ စပါးအသင်းကတော့ ဒီနွေရာသီမှာ ကစားသမားသစ် မခေါ်ဘဲ လက်ရှိ စုဖွဲ့မှုနဲ့သာ ရာသီသစ်ကို တိုက်ပွဲဝင်နေတဲ့အသင်းဖြစ်ပါတယ်။ အသင်းရဲ့ စွမ်းဆောင်ရည်က မနှစ်ကနဲ့ သိပ်မကွာသလို အဓိက ကွင်းလယ်လူ ဆွန်ဟောင်မင် Son Heung-Min မပါနိုင်သေးပေမယ့် ခြေစွမ်းက ကြီးကြီးမားမား အားနည်းချက်မရှိဘူးလို့ သုံးသပ်ရမယ်။ မန်ယူအသင်းမှာလည်း အဓိက ကစားသမား တချို့ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရတာကြောင့် လူစုံတက်စုံတော့ မရှိသေးပါဘူး။

tottenham-hotspur-Players

tottenham-hotspur-Players

သုံးသပ်ချက်
အိုးလ်ထရက်ဖို့ဒ်မှာ စပါးအသင်းရဲ့ ရလဒ်တွေကို ပြန်ကြည့်ရင် အားရစရာတော့ မရှိဘူး။ မန်ယူ ဘယ်လောက်ပဲ ခြေစွမ်းဆိုးဆိုး၊ ဘယ်လောက်ပဲ ရုန်းကန်နေရပါစေ အိုးလ်ထရက်ဖို့ဒ်ကွင်းဆိုရင် စပါးကို အမြဲ အနိုင်ယူလေ့ရှိတယ်။ အိုးလ်ထရက်ဖို့ဒ် နောက်ဆုံး(၄)ကြိမ် ဆုံတွေ့မှုမှာလည်း ပွဲတိုင်း အနိုင်ယူထားတယ်။ လက်ရှိအချိန်မှာ စပါးအသင်းရဲ့ခြေစွမ်းက အပေါင်းလက္ခဏာဆောင်နေပေမယ့် အိုးလ်ထရက်ဖို့ဒ် မှတ်တမ်းဆိုးကို ကျော်ဖြတ်နိုင်ပါ့မလား။ မန်ယူအသင်း ရုန်းကန်နေရပေမယ့် အိုးလ်ထရက်ဖို့ဒ်မှာ ရှုံးနိမ့်ဖို့ မရှိဘဲ သရေနဲ့အနိုင်ပါပဲ။

ဖြစ်နိုင်ဖွယ်ရလဒ် – မန်ယူ ၂-၁ စပါး

Photo:Twitter,Getty Images,
Naing Linn(Akhayar)
www.akhayar.com