[Zawgyi]

၂၀၁၈-၁၉ ရာသီ ပရီးမီးယားလိဂ္အဖြင့္ကုိ မန္ယူ ႏုိင္ပဲြနဲ႔ စတင္ႏုိင္မလား

၂၀၁၈-၁၉ ရာသီ ပရီးမီးယားလိဂ္ၿပိဳင္ပဲြႀကီးကေတာ့ ဒီေန႔(ေသာၾကာ)မွာ စတင္ပါၿပီ။ အဖြင့္ပဲြမွာ နာမည္ႀကီး မန္ယူနဲ႔ လက္စတာအသင္းတို႔ ယွဥ္ၿပိဳင္ကစားၾကမွာျဖစ္တာေၾကာင့္ ဘယ္သူ တာထြက္လွမလဲဆုိတာ စိတ္၀င္စားစရာပါပဲ။ မန္ယူအသင္းဟာ ဒီေႏြရာသီအေျပာင္းအေရႊ႕မွာ ဖရက္ဒ္ Fred ၊ ဒါေလာ့တ္ Dalot ၊ လီဂရန္႔ Lee Grant တို႔ကုိသာ ေခၚယူခဲ့ၿပီး လက္စတာအသင္းကေတာ့ ကစားသမားသစ္(၇)ဦးအထိ အားျဖည့္ခဲ့တယ္။ မန္ယူအသင္းရဲ႕ ရာသီႀကိဳေျခစမ္းပဲြ ရလဒ္ေတြနဲ႔ ေျခစြမ္းက သိပ္အားရစရာ မေကာင္းတာေၾကာင့္ မန္ယူပရိသတ္ေတြလည္း ကုိယ့္အသင္းအေနအထားကုိ သိပ္ၿပီးအားရေက်နပ္မႈ မရွိၾကဘူး။ လက္စတာအသင္းကေတာ့ ၿပီးခဲ့တဲ့ရာသီတုန္းက အဆင့္(၉)ေနရာရရွိခဲ့တာထက္ ရာသီသစ္မွာ ေအာင္ျမင္မႈ ပုိမုိရရွိဖုိ႔ ျပင္ဆင္ေနတာေၾကာင့္ မန္ယူအသင္းအေနနဲ႔ လက္စတာကုိ ခက္ခက္ခဲခဲ ရင္ဆုိင္ရဖုိ႔ရွိေနတယ္ . . .

Manchester-united-Players-Celebrate

Manchester-united-Players-Celebrate

ႏွစ္ဖက္အသင္း ဒဏ္ရာျပႆနာ
မန္ယူအသင္းမွာ ဒဏ္ရာျပႆနာေတြနဲ႔ ရင္ဆုိင္ေနရၿပီး ႐ုိမဲ႐ုိး Romero ၊ ဗလင္စီယာ Valencia ၊ ႐ုိဟုိ Rojo ၊ ဒါေလာ့တ္ Dalot တို႔ ဒဏ္ရာေၾကာင့္ အခုပဲြကုိ လဲြေခ်ာ္မွာျဖစ္သလုိ ကြင္းလယ္လူေတြျဖစ္တဲ့ ဟာရဲရား Herrera ၊ မာတစ္ Matic တို႔လည္း မေသခ်ာဘူး။ မန္ယူလုိပဲ လက္စတာအသင္းမွာလည္း ဒဏ္ရာရ ကစားသမား မ်ားေနၿပီး (၆)ဦးအထိ လဲြေခ်ာ္ဖုိ႔ရွိေနတယ္။ ကစားသမားသစ္ေတြျဖစ္တဲ့ ဘန္ကုိဗစ္ Benkovic ၊ ရီကာဒုိပါရဲရား Ricardo Pereira ၊ ဂီဇယ္လ္ Ghezzal တို႔ေတာ့ လက္စတာအသင္းအတြက္ ပဲြထြက္ကစားဖုိ႔ မ်ားတယ္။

သုံးသပ္ခ်က္
ပရီးမီးယားလိဂ္ ရာသီ အဖြင့္ပဲြျဖစ္တာေၾကာင့္ အႀကိတ္အနယ္ရွိမွာ အေသအခ်ာပဲ။ တကယ္လုိ႔ မန္ယူသာ ဂုိးရခ်င္ေဇာနဲ႔ တိုက္စစ္ဖြင့္ရင္ လက္စတာရဲ႕ Counter Attack Play ေတြက ဒုကၡေပးလိမ့္မယ္။ မာရက္ဇ္ Mahrez ကုိ လက္လႊတ္ခဲ့တာက လက္စတာအတြက္ ထုိးႏွက္ခ်က္ျဖစ္လာႏုိင္တယ္။ သူသာ ရွိေနရင္ လက္စတာရဲ႕ Counter ေတြက ပုိေကာင္းလာမွာ။ လက္စတာဟာ မန္ယူနဲ႔ ေတြ႕ဆုံခဲ့တဲ့ ပရီးမီးယားလိဂ္ ေနာက္ဆုံး(၇)ပဲြမွာ တစ္ပဲြမွ မႏုိင္ခဲ့သလုိ ေနာက္ဆုံး(၁၈)ပဲြမွာလည္း (၁)ပဲြပဲ ႏုိင္ခဲ့တယ္။ အဆုိးဆုံးကေတာ့ အုိးလ္ထရက္ဖုိ႔ဒ္ မွတ္တမ္းပါပဲ။ အုိးလ္ထရက္ဖုိ႔ဒ္မွာ (၈)ပဲြကစားခ့ဲၿပီး (၁)ပဲြသာ ႏုိင္ခဲ့တယ္။ မန္ယူအသင္းအေနနဲ႔လည္း ရာသီသစ္ကို အိမ္ကြင္းႏုိင္ပဲြနဲ႔ စတင္ခ်င္ေနမွာ အမွန္ပဲ။ မန္ယူ (၃)မွတ္ရဖုိ႔ရွိေပမယ့္ ဂုိးျပတ္ဖုိ႔ေတာ့ မလြယ္ဘူးလုိ႔ထင္တယ္။

ျဖစ္ႏုိင္ဖြယ္ ရလဒ္ – မန္ယူ ၂-၀ လက္စတာ

Mata-Tried-To-Score-Against-leicester

Mata-Tried-To-Score-Against-leicester

မန္ယူ-လက္စတာပဲြနဲ႔ပတ္သက္တဲ့ ထူးျခားခ်က္မ်ား
-မန္ယူအသင္းဟာ လက္စတာနဲ႔ ဆုံေတြ႕ခဲ့တဲ့ ေနာက္ဆုံး ပရီးမီးယားလိဂ္(၇)ပဲြမွာ (၄)ပဲြႏုိင္၊ (၃)ပဲြသေရက်ခဲ့ၿပီး ႐ႈံးပဲြမရွိခဲ့ဘူး။
– ပရီးမီးယားလိဂ္သမုိင္းတစ္ေလွ်ာက္ ရာသီအဖြင့္ပဲြမွာ မန္ယူအသင္း အႏုိင္ရခဲ့တာက (၁၇)ပဲြရွိခဲ့ၿပီး ႏုိင္ပဲြရရွိမႈ အမ်ားဆုံးအသင္းအျဖစ္ ရပ္တည္ေနတယ္။
– မန္ယူနဲ႔ လက္စတာအသင္းတို႔ ပရီးမီးယားလိဂ္ရာသီအဖြင့္မွာ ဆုံေတြ႕ခဲ့ဖူးတာက ၁၉၉၈-၉၉ ရာသီမွာျဖစ္ၿပီး (၂)ဂုိးစီ သေရက်ခဲ့တယ္။
– အဂၤလန္ေဘာလုံးသမုိင္းတစ္ေလွ်ာက္ ပရီးမီးယားလိဂ္ရာသီအဖြင့္ပဲြကုိ ေသာၾကာေန႔ကစားတာက ဒုတိယအႀကိမ္ျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ရာသီက အာဆင္နယ္-လက္စတာပဲြကုိ ေသာၾကာေန႔ကစားခဲ့ၿပီး လက္စတာက (၃-၄)ဂုိးနဲ႔ ႐ႈံးနိမ့္ခဲ့တယ္။
– မန္ယူအသင္း ကြင္းလယ္ကစားသမား မာတာ Mata ဟာ လက္စတာအသင္းနဲ႔ ဆုံေတြ႕ခဲ့တဲ့ ေနာက္ဆုံး ပရီးမီးယားလိဂ္(၄)ပဲြမွာ (၄)ဂုိးသြင္းခဲ့ၿပီး လက္စတာၿပီးရင္ သူ ဂုိးအမ်ားဆုံးသြင္းခဲ့တာက ေနာ၀စ္ခ်္(၅ဂုိး)ျဖစ္ပါတယ္။

Photo:YouTube,Ghanasoccernet.com
Naing Linn(Akahyar)
www.akhayar.com

[Unicode]

၂၀၁၈-၁၉ ရာသီ ပရီးမီးယားလိဂ်အဖွင့်ကို မန်ယူ နိုင်ပွဲနဲ့ စတင်နိုင်မလား

၂၀၁၈-၁၉ ရာသီ ပရီးမီးယားလိဂ်ပြိုင်ပွဲကြီးကတော့ ဒီနေ့(သောကြာ)မှာ စတင်ပါပြီ။ အဖွင့်ပွဲမှာ နာမည်ကြီး မန်ယူနဲ့ လက်စတာအသင်းတို့ ယှဉ်ပြိုင်ကစားကြမှာဖြစ်တာကြောင့် ဘယ်သူ တာထွက်လှမလဲဆိုတာ စိတ်ဝင်စားစရာပါပဲ။ မန်ယူအသင်းဟာ ဒီနွေရာသီအပြောင်းအရွှေ့မှာ ဖရက်ဒ် Fred ၊ ဒါလော့တ် Dalot ၊ လီဂရန့် Lee Grant တို့ကိုသာ ခေါ်ယူခဲ့ပြီး လက်စတာအသင်းကတော့ ကစားသမားသစ်(၇)ဦးအထိ အားဖြည့်ခဲ့တယ်။ မန်ယူအသင်းရဲ့ ရာသီကြိုခြေစမ်းပွဲ ရလဒ်တွေနဲ့ ခြေစွမ်းက သိပ်အားရစရာ မကောင်းတာကြောင့် မန်ယူပရိသတ်တွေလည်း ကိုယ့်အသင်းအနေအထားကို သိပ်ပြီးအားရကျေနပ်မှု မရှိကြဘူး။ လက်စတာအသင်းကတော့ ပြီးခဲ့တဲ့ရာသီတုန်းက အဆင့်(၉)နေရာရရှိခဲ့တာထက် ရာသီသစ်မှာ အောင်မြင်မှု ပိုမိုရရှိဖို့ ပြင်ဆင်နေတာကြောင့် မန်ယူအသင်းအနေနဲ့ လက်စတာကို ခက်ခက်ခဲခဲ ရင်ဆိုင်ရဖို့ရှိနေတယ် . . .

Manchester-united-Players-Celebrate

Manchester-united-Players-Celebrate

နှစ်ဖက်အသင်း ဒဏ်ရာပြဿနာ
မန်ယူအသင်းမှာ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရပြီး ရိုမဲရိုး Romero ၊ ဗလင်စီယာ Valencia ၊ ရိုဟို Rojo ၊ ဒါလော့တ် Dalot တို့ ဒဏ်ရာကြောင့် အခုပွဲကို လွဲချော်မှာဖြစ်သလို ကွင်းလယ်လူတွေဖြစ်တဲ့ ဟာရဲရား Herrera ၊ မာတစ် Matic တို့လည်း မသေချာဘူး။ မန်ယူလိုပဲ လက်စတာအသင်းမှာလည်း ဒဏ်ရာရ ကစားသမား များနေပြီး (၆)ဦးအထိ လွဲချော်ဖို့ရှိနေတယ်။ ကစားသမားသစ်တွေဖြစ်တဲ့ ဘန်ကိုဗစ် Benkovic ၊ ရီကာဒိုပါရဲရား Ricardo Pereira ၊ ဂီဇယ်လ် Ghezzal တို့တော့ လက်စတာအသင်းအတွက် ပွဲထွက်ကစားဖို့ များတယ်။

သုံးသပ်ချက်
ပရီးမီးယားလိဂ် ရာသီ အဖွင့်ပွဲဖြစ်တာကြောင့် အကြိတ်အနယ်ရှိမှာ အသေအချာပဲ။ တကယ်လို့ မန်ယူသာ ဂိုးရချင်ဇောနဲ့ တိုက်စစ်ဖွင့်ရင် လက်စတာရဲ့ Counter Attack Play တွေက ဒုက္ခပေးလိမ့်မယ်။ မာရက်ဇ် Mahrez ကို လက်လွှတ်ခဲ့တာက လက်စတာအတွက် ထိုးနှက်ချက်ဖြစ်လာနိုင်တယ်။ သူသာ ရှိနေရင် လက်စတာရဲ့ Counter တွေက ပိုကောင်းလာမှာ။ လက်စတာဟာ မန်ယူနဲ့ တွေ့ဆုံခဲ့တဲ့ ပရီးမီးယားလိဂ် နောက်ဆုံး(၇)ပွဲမှာ တစ်ပွဲမှ မနိုင်ခဲ့သလို နောက်ဆုံး(၁၈)ပွဲမှာလည်း (၁)ပွဲပဲ နိုင်ခဲ့တယ်။ အဆိုးဆုံးကတော့ အိုးလ်ထရက်ဖို့ဒ် မှတ်တမ်းပါပဲ။ အိုးလ်ထရက်ဖို့ဒ်မှာ (၈)ပွဲကစားခဲ့ပြီး (၁)ပွဲသာ နိုင်ခဲ့တယ်။ မန်ယူအသင်းအနေနဲ့လည်း ရာသီသစ်ကို အိမ်ကွင်းနိုင်ပွဲနဲ့ စတင်ချင်နေမှာ အမှန်ပဲ။ မန်ယူ (၃)မှတ်ရဖို့ရှိပေမယ့် ဂိုးပြတ်ဖို့တော့ မလွယ်ဘူးလို့ထင်တယ်။

ဖြစ်နိုင်ဖွယ် ရလဒ် – မန်ယူ ၂-၀ လက်စတာ

Mata-Tried-To-Score-Against-leicester

Mata-Tried-To-Score-Against-leicester

မန်ယူ-လက်စတာပွဲနဲ့ပတ်သက်တဲ့ ထူးခြားချက်များ
-မန်ယူအသင်းဟာ လက်စတာနဲ့ ဆုံတွေ့ခဲ့တဲ့ နောက်ဆုံး ပရီးမီးယားလိဂ်(၇)ပွဲမှာ (၄)ပွဲနိုင်၊ (၃)ပွဲသရေကျခဲ့ပြီး ရှုံးပွဲမရှိခဲ့ဘူး။
– ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ရာသီအဖွင့်ပွဲမှာ မန်ယူအသင်း အနိုင်ရခဲ့တာက (၁၇)ပွဲရှိခဲ့ပြီး နိုင်ပွဲရရှိမှု အများဆုံးအသင်းအဖြစ် ရပ်တည်နေတယ်။
– မန်ယူနဲ့ လက်စတာအသင်းတို့ ပရီးမီးယားလိဂ်ရာသီအဖွင့်မှာ ဆုံတွေ့ခဲ့ဖူးတာက ၁၉၉၈-၉၉ ရာသီမှာဖြစ်ပြီး (၂)ဂိုးစီ သရေကျခဲ့တယ်။
– အင်္ဂလန်ဘောလုံးသမိုင်းတစ်လျှောက် ပရီးမီးယားလိဂ်ရာသီအဖွင့်ပွဲကို သောကြာနေ့ကစားတာက ဒုတိယအကြိမ်ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီက အာဆင်နယ်-လက်စတာပွဲကို သောကြာနေ့ကစားခဲ့ပြီး လက်စတာက (၃-၄)ဂိုးနဲ့ ရှုံးနိမ့်ခဲ့တယ်။
– မန်ယူအသင်း ကွင်းလယ်ကစားသမား မာတာ Mata ဟာ လက်စတာအသင်းနဲ့ ဆုံတွေ့ခဲ့တဲ့ နောက်ဆုံး ပရီးမီးယားလိဂ်(၄)ပွဲမှာ (၄)ဂိုးသွင်းခဲ့ပြီး လက်စတာပြီးရင် သူ ဂိုးအများဆုံးသွင်းခဲ့တာက နောဝစ်ချ်(၅ဂိုး)ဖြစ်ပါတယ်။

Photo:YouTube,Ghanasoccernet.com
Naing Linn(Akahyar)
www.akhayar.com