[Zawgyi]

ေျခတက္ေနတဲ့ အဲဗာတန္ကုိ မန္ယူ အသာရႏုိင္ပ့ါမလား

ပရီးမီးယားလိဂ္ ပဲြစဥ္(၁၀) တနဂၤေႏြေန႔ပဲြေတြမွာေတာ့ အသင္းႀကီးေတြျဖစ္တဲ့ အာဆင္နယ္၊ ခ်ယ္လ္ဆီးတို႔ဟာ ပဲေလ့စ္၊ ဘန္ေလနဲ႔ အေ၀းကြင္း ကစားရမွာျဖစ္ၿပီး မန္ယူအသင္းကေတာ့ အုိးလ္ထရက္ဖုိ႔ဒ္မွာ အဲဗာတန္ကုိ လက္ခံကစားရမွာျဖစ္ပါတယ္။ အခုေနာက္ပုိင္း ရလဒ္ေတြ ျပန္ေကာင္းလာတဲ့ အဲဗာတန္ကုိ မန္ယူ အသာရႏုိင္မလားဆုိတာ ေစာင့္ၾကည့္ရမွာပါ . . .

ပဲေလ့စ္ – အာဆင္နယ္ (တနဂၤေႏြ ည ၈း၀၀ နာရီ)

Crystal-Palace-Vs-Arsenal

Crystal-Palace-Vs-Arsenal

အာဆင္နယ္အသင္းရဲ႕ ေျခစြမ္းနဲ႔ ရလဒ္ကေတာ့ မယုံႏုိင္ေလာက္ေအာင္ပါပဲ။ ပရီးမီးယားလိဂ္ ေနာက္ဆုံး (၇)ပဲြဆက္ အႏုိင္ရခဲ့တဲ့အျပင္ ၿပိဳင္ပဲြစုံ ေနာက္ဆုံ(၁၁)ပဲြဆက္ အႏုိင္ရခဲ့တယ္။ နည္းျပ အမ္မရီ Unai Emery ရဲ႕ နည္းဗ်ဴဟာေတြက အလုပ္ျဖစ္ေနတ့ဲအျပင္ ကစားသမားေတြရဲ႕ ႏုိင္လုိစိတ္ ျပင္းထန္မႈေၾကာင့္လည္း အခုလို ႏုိင္ပဲြေတြ ရေနတာလုိ႔ေျပာရမယ္။ ပဲေလ့စ္ကေတာ့ ဟတ္ဒါဖီးလ္ကုိ အႏုိင္ရၿပီး ေနာက္ဆုံး(၄)ပဲြဆက္ ႏုိင္ပဲြေပ်ာက္ခဲ့သလုိ အဲဒီ(၄)ပဲြမွာ (၃)ပဲြ ႐ႈံးနိမ့္ခဲ့တယ္။ ဒါေပမဲ့ အိမ္ကြင္းမွာေတာ့ အဆိပ္ရွိလုိ႔ အာဆင္နယ္ ေပ့ါဆလုိ႔ မရဘူး။ အာဆင္နယ္ ခက္ခက္ခဲခဲကစားၿပီးမွ အႏုိင္ရမယ္ထင္တယ္။

ဘန္ေလ – ခ်ယ္လ္ဆီး (တနဂၤေႏြ ည ၈း၀၀ နာရီ)
ခ်ယ္လ္ဆီး ေျခစြမ္းမဆုိးေပမယ့္ တိုက္စစ္မွာ ဂုိးရဖုိ႔ ဟာဇက္ Hazard တစ္ဦးတည္းကုိသာ အားကုိးေနရတာက ျပႆနာပါ။ ဟာဇက္ ကစားအားက်သြားရင္ ခ်ယ္လ္ဆီး ဂုိးရဖုိ႔ ခက္သြားၿပီး မုိရာတာ Morata ၊ ဂ်႐ူး Giroud တို႔ကလည္း ပုံမွန္ေျခစြမ္း မရွိဘူး။ ဘန္ေလကလည္း ဘုန္းေမာက္၊ ကာဒစ္ဖ္တို႔ကုိ ဆက္တိုက္ ႏုိင္ၿပီးမွ ဟတ္ဒါဖီးလ္ကုိ သေရ၊ မန္စီးတီးကုိ ဂုိးျပတ္ ႐ႈံးနိမ့္ခဲ့တယ္။ အိမ္ကြင္း ကစားပုံ မဆုိးလုိ႔ ခ်ယ္လ္ဆီး ဒုကၡေရာက္ႏုိင္တယ္။ သေရက်ဖုိ႔မ်ားၿပီး ခ်ယ္လ္ဆီး ႏုိင္ရင္ေတာင္ ဂုိးမျပတ္ေလာက္ဘူး။

မန္ယူ – အဲဗာတန္ (တနဂၤေႏြ ည ၁၀း၃၀ နာရီ)

Manchester-United-Vs-Everton

Manchester-United-Vs-Everton

မန္ယူအသင္းရဲ႕ ေျခစြမ္းကေတာ့ ခန္႔မွန္းလုိ႔ မရဘူး။ ေကာင္းခ်င္တ့ဲအခ်ိန္ ေကာင္း၊ ဆုိးၿပီဆုိရင္လည္း သုံးစားလုိ႔ မရဘူး။ အသင္းႀကီးတစ္သင္းရဲ႕ စိတ္ဓာတ္၊ ေျခစြမ္းမ်ိဳး မရွိဘဲ ကစားသမားေတြကုိယ္တိုင္ ႏုိင္လုိစိတ္ ကင္းမဲ့သလုိျဖစ္ေနတာက ဆုိးရြားလြန္းတယ္။ အဲဗာတန္အသင္း ရာသီအစပုိင္းမွာ ေျခစြမ္းေရာ၊ ရလဒ္ေရာ မတည္ၿငိမ္ေပမဲ့ အခုေနာက္ပုိင္း ပရီးမီးယားလိဂ္မွာ (၃)ပဲြဆက္တိုက္ အႏုိင္ရခဲ့ၿပီး အခု မန္ယူကုိလည္း အတတ္ႏုိင္ဆုံး ဒုကၡေပးဦးမွာပဲ။ အိမ္ကြင္းျဖစ္ေပမယ့္ မန္ယူကုိ သိပ္ယုံစားလုိ႔ေတာ့ မရဘူး။ သေရက်ဖုိ႔မ်ားၿပီး မန္ယူႏုိင္ရင္ေတာင္ ဂုိးနည္းနည္းနဲ႔ပဲ ႏုိင္သြားမယ္လုိ႔ ထင္တယ္။

Photo:Sky Sports,Zimbio,Onefootball Español
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ခြေတက်နေတဲ့ အဲဗာတန်ကို မန်ယူ အသာရနိုင်ပ့ါမလား

ပရီးမီးယားလိဂ် ပွဲစဉ်(၁၀) တနင်္ဂနွေနေ့ပွဲတွေမှာတော့ အသင်းကြီးတွေဖြစ်တဲ့ အာဆင်နယ်၊ ချယ်လ်ဆီးတို့ဟာ ပဲလေ့စ်၊ ဘန်လေနဲ့ အဝေးကွင်း ကစားရမှာဖြစ်ပြီး မန်ယူအသင်းကတော့ အိုးလ်ထရက်ဖို့ဒ်မှာ အဲဗာတန်ကို လက်ခံကစားရမှာဖြစ်ပါတယ်။ အခုနောက်ပိုင်း ရလဒ်တွေ ပြန်ကောင်းလာတဲ့ အဲဗာတန်ကို မန်ယူ အသာရနိုင်မလားဆိုတာ စောင့်ကြည့်ရမှာပါ . . .

ပဲလေ့စ် – အာဆင်နယ် (တနင်္ဂနွေ ည ၈း၀၀ နာရီ)

Crystal-Palace-Vs-Arsenal

Crystal-Palace-Vs-Arsenal

အာဆင်နယ်အသင်းရဲ့ ခြေစွမ်းနဲ့ ရလဒ်ကတော့ မယုံနိုင်လောက်အောင်ပါပဲ။ ပရီးမီးယားလိဂ် နောက်ဆုံး (၇)ပွဲဆက် အနိုင်ရခဲ့တဲ့အပြင် ပြိုင်ပွဲစုံ နောက်ဆုံ(၁၁)ပွဲဆက် အနိုင်ရခဲ့တယ်။ နည်းပြ အမ်မရီ Unai Emery ရဲ့ နည်းဗျူဟာတွေက အလုပ်ဖြစ်နေတဲ့အပြင် ကစားသမားတွေရဲ့ နိုင်လိုစိတ် ပြင်းထန်မှုကြောင့်လည်း အခုလို နိုင်ပွဲတွေ ရနေတာလို့ပြောရမယ်။ ပဲလေ့စ်ကတော့ ဟတ်ဒါဖီးလ်ကို အနိုင်ရပြီး နောက်ဆုံး(၄)ပွဲဆက် နိုင်ပွဲပျောက်ခဲ့သလို အဲဒီ(၄)ပွဲမှာ (၃)ပွဲ ရှုံးနိမ့်ခဲ့တယ်။ ဒါပေမဲ့ အိမ်ကွင်းမှာတော့ အဆိပ်ရှိလို့ အာဆင်နယ် ပေ့ါဆလို့ မရဘူး။ အာဆင်နယ် ခက်ခက်ခဲခဲကစားပြီးမှ အနိုင်ရမယ်ထင်တယ်။

ဘန်လေ – ချယ်လ်ဆီး (တနင်္ဂနွေ ည ၈း၀၀ နာရီ)
ချယ်လ်ဆီး ခြေစွမ်းမဆိုးပေမယ့် တိုက်စစ်မှာ ဂိုးရဖို့ ဟာဇက် Hazard တစ်ဦးတည်းကိုသာ အားကိုးနေရတာက ပြဿနာပါ။ ဟာဇက် ကစားအားကျသွားရင် ချယ်လ်ဆီး ဂိုးရဖို့ ခက်သွားပြီး မိုရာတာ Morata ၊ ဂျရူး Giroud တို့ကလည်း ပုံမှန်ခြေစွမ်း မရှိဘူး။ ဘန်လေကလည်း ဘုန်းမောက်၊ ကာဒစ်ဖ်တို့ကို ဆက်တိုက် နိုင်ပြီးမှ ဟတ်ဒါဖီးလ်ကို သရေ၊ မန်စီးတီးကို ဂိုးပြတ် ရှုံးနိမ့်ခဲ့တယ်။ အိမ်ကွင်း ကစားပုံ မဆိုးလို့ ချယ်လ်ဆီး ဒုက္ခရောက်နိုင်တယ်။ သရေကျဖို့များပြီး ချယ်လ်ဆီး နိုင်ရင်တောင် ဂိုးမပြတ်လောက်ဘူး။

မန်ယူ – အဲဗာတန် (တနင်္ဂနွေ ည ၁၀း၃၀ နာရီ)

Manchester-United-Vs-Everton

Manchester-United-Vs-Everton

မန်ယူအသင်းရဲ့ ခြေစွမ်းကတော့ ခန့်မှန်းလို့ မရဘူး။ ကောင်းချင်တဲ့အချိန် ကောင်း၊ ဆိုးပြီဆိုရင်လည်း သုံးစားလို့ မရဘူး။ အသင်းကြီးတစ်သင်းရဲ့ စိတ်ဓာတ်၊ ခြေစွမ်းမျိုး မရှိဘဲ ကစားသမားတွေကိုယ်တိုင် နိုင်လိုစိတ် ကင်းမဲ့သလိုဖြစ်နေတာက ဆိုးရွားလွန်းတယ်။ အဲဗာတန်အသင်း ရာသီအစပိုင်းမှာ ခြေစွမ်းရော၊ ရလဒ်ရော မတည်ငြိမ်ပေမဲ့ အခုနောက်ပိုင်း ပရီးမီးယားလိဂ်မှာ (၃)ပွဲဆက်တိုက် အနိုင်ရခဲ့ပြီး အခု မန်ယူကိုလည်း အတတ်နိုင်ဆုံး ဒုက္ခပေးဦးမှာပဲ။ အိမ်ကွင်းဖြစ်ပေမယ့် မန်ယူကို သိပ်ယုံစားလို့တော့ မရဘူး။ သရေကျဖို့များပြီး မန်ယူနိုင်ရင်တောင် ဂိုးနည်းနည်းနဲ့ပဲ နိုင်သွားမယ်လို့ ထင်တယ်။

Photo:Sky Sports,Zimbio,Onefootball Español
Naing Linn(Akhayar)
www.akhayar.com