[Zawgyi]

မန္ယူအသင္းကုိ ေရာင္းခ်ဖုိ႔ အစီအစဥ္မရွိဘူးလုိ႔ ဂေလဇာမိသားစု ေၾကညာ

မန္ယူအသင္းပုိင္ရွ ဂေလဇာမိသားစုဟာ အသင္းကုိ ၀ယ္ဖုိ႔ ေဆာ္ဒီသန္းၾကြယ္သူေဌး Mohammad bin Salman က ၀ယ္ယူဖုိ႔ စိတ္၀င္စားေနတယ္လုိ႔ သတင္းေတြထြက္ေနေပမယ့္ အသင္းကုိ ေရာင္းခ်မွာ မဟုတ္ဘူးလုိ႔ ေၾကညာခဲ့ပါတယ္။ ေဆာ္ဒီအာေရဗ်ႏုိင္ငံရဲ႕ အိမ္ေရွ႕မင္းသား Mohammad bin Salman က ယူေအအီးသန္းၾကြယ္သူေဌးေတြ ပုိင္ဆုိင္တဲ့ မန္စီးတီးအသင္းကုိ ယွဥ္ၿပိဳင္ဖုိ႔အတြက္ မန္ယူအသင္းကုိ ၀ယ္ယူခ်င္ေနတာျဖစ္ၿပီး Mohammad bin Salman ရဲ႕ေတာ္၀င္မိသားစု ပုိင္ဆုိင္မႈက ေပါင္(၈၅၀)ဘီလီယံအထိ ရွိပါတယ္။

Glazer-Family

Glazer-Family

မန္ယူအသင္းဟာ ၿပီးခဲ့တဲ့ႏွစ္က ေဆာ္ဒီအာေရဗ်ႏုိင္ငံက အားကစားတာ၀န္ရွိသူေတြနဲ႔ အက်ိဳးတူစာခ်ဳပ္ခ်ဳပ္ဆုိခဲ့တာေၾကာင့္ ဆက္ဆံေရးေကာင္းေတြရွိခဲ့ၿပီး မန္ယူအသင္းပုိင္ရွင္တစ္ဦးျဖစ္တ့ဲ Avram Glazer ဟာ အသင္းအေရာင္းအ၀ယ္ကိစၥနဲ႔ပတ္သက္လုိ႔ ၿပီးခဲ့တဲ့တစ္ပတ္က Mohammad bin Salman ဆီ သြားေရာက္ေဆြးေႏြးခဲ့တယ္လုိ႔လည္း သတင္းေတြထြက္ေပၚခ့ဲတယ္။ Mohammad bin Salman က မန္ယူအသင္းကုိ ေပါင္(၄)ဘီလီယံေပးၿပီး ကမ္းလွမ္းသြားမယ္လုိ႔ ၿဗိတိန္မီဒီယာေတြက ေဖာ္ျပခဲ့ေပမယ့္ မန္ယူအသင္းဘက္ အဲဒီသတင္းေတြကုိ ျငင္းဆန္ခဲ့တာပါ။ ဂေလဇာမိသားစုဟာ ၂၀၀၅ ခုႏွစ္က မန္ယူအသင္းကုိ ေပါင္သန္း(၇၉၀)နဲ႔ ၀ယ္ယူခဲ့ၿပီး အခုအခ်ိန္မွာ မန္ယူအသင္းရဲ႕တန္ဖုိးက ေပါင္(၃)ဘီလီယံကေန ေပါင္(၄)ဘီလီယံအထိ ရွိေနပါၿပီ။ ဂေလဇာမိသားစုဟာ ၿပီးခဲ့တဲ့ႏွစ္၊ ၾသဂုတ္လအတြင္းက သူတို႔ပုိင္ဆုိင္တဲ့ ရွယ္ယာေတြထဲက (၂)ရာခုိင္ႏႈန္းကုိ ေရာင္းခ်ခဲ့ေပမယ့္ အကန္႔အသတ္နဲ႔ၿပီး သူတို႔ရဲ႕ လုပ္ပုိင္ခြင့္ေတြကုိ ထိခုိက္ေလာက္တဲ့အထိ ေရာင္းခ်သြားဖုိ႔ မရွိပါဘူး။

REF:Daily Mail
Photo:NBC News,Jewish Business News
Naing Linn(Akhayar)
www.akhayar.com

[Unicode]

မန်ယူအသင်းကို ရောင်းချဖို့ အစီအစဉ်မရှိဘူးလို့ ဂလေဇာမိသားစု ကြေညာ

မန်ယူအသင်းပိုင်ရှ ဂလေဇာမိသားစုဟာ အသင်းကို ဝယ်ဖို့ ဆော်ဒီသန်းကြွယ်သူဌေး Mohammad bin Salman က ဝယ်ယူဖို့ စိတ်ဝင်စားနေတယ်လို့ သတင်းတွေထွက်နေပေမယ့် အသင်းကို ရောင်းချမှာ မဟုတ်ဘူးလို့ ကြေညာခဲ့ပါတယ်။ ဆော်ဒီအာရေဗျနိုင်ငံရဲ့ အိမ်ရှေ့မင်းသား Mohammad bin Salman က ယူအေအီးသန်းကြွယ်သူဌေးတွေ ပိုင်ဆိုင်တဲ့ မန်စီးတီးအသင်းကို ယှဉ်ပြိုင်ဖို့အတွက် မန်ယူအသင်းကို ဝယ်ယူချင်နေတာဖြစ်ပြီး Mohammad bin Salman ရဲ့တော်ဝင်မိသားစု ပိုင်ဆိုင်မှုက ပေါင်(၈၅၀)ဘီလီယံအထိ ရှိပါတယ်။

Glazer-Family

Glazer-Family

မန်ယူအသင်းဟာ ပြီးခဲ့တဲ့နှစ်က ဆော်ဒီအာရေဗျနိုင်ငံက အားကစားတာဝန်ရှိသူတွေနဲ့ အကျိုးတူစာချုပ်ချုပ်ဆိုခဲ့တာကြောင့် ဆက်ဆံရေးကောင်းတွေရှိခဲ့ပြီး မန်ယူအသင်းပိုင်ရှင်တစ်ဦးဖြစ်တဲ့ Avram Glazer ဟာ အသင်းအရောင်းအဝယ်ကိစ္စနဲ့ပတ်သက်လို့ ပြီးခဲ့တဲ့တစ်ပတ်က Mohammad bin Salman ဆီ သွားရောက်ဆွေးနွေးခဲ့တယ်လို့လည်း သတင်းတွေထွက်ပေါ်ခဲ့တယ်။ Mohammad bin Salman က မန်ယူအသင်းကို ပေါင်(၄)ဘီလီယံပေးပြီး ကမ်းလှမ်းသွားမယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြခဲ့ပေမယ့် မန်ယူအသင်းဘက် အဲဒီသတင်းတွေကို ငြင်းဆန်ခဲ့တာပါ။ ဂလေဇာမိသားစုဟာ ၂၀၀၅ ခုနှစ်က မန်ယူအသင်းကို ပေါင်သန်း(၇၉၀)နဲ့ ဝယ်ယူခဲ့ပြီး အခုအချိန်မှာ မန်ယူအသင်းရဲ့တန်ဖိုးက ပေါင်(၃)ဘီလီယံကနေ ပေါင်(၄)ဘီလီယံအထိ ရှိနေပါပြီ။ ဂလေဇာမိသားစုဟာ ပြီးခဲ့တဲ့နှစ်၊ သြဂုတ်လအတွင်းက သူတို့ပိုင်ဆိုင်တဲ့ ရှယ်ယာတွေထဲက (၂)ရာခိုင်နှုန်းကို ရောင်းချခဲ့ပေမယ့် အကန့်အသတ်နဲ့ပြီး သူတို့ရဲ့ လုပ်ပိုင်ခွင့်တွေကို ထိခိုက်လောက်တဲ့အထိ ရောင်းချသွားဖို့ မရှိပါဘူး။

REF:Daily Mail
Photo:NBC News,Jewish Business News
Naing Linn(Akhayar)
www.akhayar.com