[Zawgyi]

မန္ယူပစ္မွတ္ နယ္သာလန္ၾကယ္ပြင့္ ဂ်က္စတင္ကလြိဳက္ဗက္ Justin Kluivert ကုိ ေခၚယူခဲ့တဲ့ ႐ုိးမား

႐ုိးမားအသင္းဟာ ပရီးမီးယားလိဂ္ထိပ္သီး မန္ယူအသင္းက ပစ္မွတ္ထားေနတဲ့ နယ္သာလန္လူငယ္ၾကယ္ပြင့္ ဂ်က္စတင္ကလြိဳက္ဗက္ Justin Kluivert ကို လက္ဦးမႈရယူၿပီး ေခၚယူႏုိင္ခဲ့ပါၿပီ။ နယ္သာလန္ဂႏၳ၀င္ ပက္ထရစ္ကလြိဳက္ဗက္ Patrick Kluivert ရဲ႕ သား(၃)ဦးထဲကတစ္ဦးျဖစ္တဲ့ ဂ်က္စတင္ကလြိဳက္ဗက္ဟာ မန္ယူကုိ ေျပာင္းေရႊ႕ဖုိ႔ နီးစပ္ေနၿပီလုိ႔ သတင္းေတြထြက္ေပၚခဲ့ေပမယ့္လည္း အမွန္တကယ္ျဖစ္လာတာကေတာ့ ႐ုိးမားအသင္းဆီ ေျပာင္းေရႊ႕ခဲ့တာပါပဲ။

Roma-Fan-takes-Picture-with-Justin-Kluivert-

Roma-Fan-takes-Picture-with-Justin-Kluivert-

႐ုိးမားအသင္းဟာ အသက္(၁၉)ႏွစ္အရြယ္သာရွိေသးတဲ့ ဂ်က္စတင္ကလြိဳက္ဗက္အတြက္ ေအဂ်က္စ္အသင္းကုိ ေျပာင္းေရႊ႕ေၾကး ေပါင္(၁၅.၈၅)သန္း ေပးေခ်ခဲ့ၿပီး တနလၤာေန႔က ေရာမၿမိဳ႕ကုိ ေရာက္ရွိလာခဲ့ခ်ိန္မွာ ပရိသတ္(၅၀၀)နီးပါး သူ႔ကုိ ႀကိဳဆုိခဲ့ၾကတယ္။ ဂ်က္စတင္ကလိြဳက္ဗက္ဟာ ဒီေန႔(အဂၤါေန႔)မွာ ႐ုိးမားအသင္းနဲ႔ ေဆးစစ္မႈခံယူမွာျဖစ္ၿပီး ပရိသတ္နဲ႔မိတ္ဆက္ပဲြအခမ္းအနားကုိလည္း တစ္ပါတည္း က်င္းပသြားမွာပါ။ ဥေရာပ လူငယ္ၾကယ္ပြင့္ေတြထဲမွာ တစ္ဦးအပါအ၀င္အျဖစ္ သတ္မွတ္ခံထားရတဲ့ ဂ်က္စတင္ကလြိဳက္ဗက္ဟာ ၿပီးခဲ့တဲ့ရာသီက ေအဂ်က္စ္အသင္းအတြက္ (၁၀)ဂုိးသြင္းယူခဲ့သလုိ ဂုိးဖန္တီးမႈေတြလည္း ျပဳလုပ္ႏုိင္ခဲ့တယ္။ ဖခင္ရဲ႕ေျခရာကုိ အမီလုိက္ႏုိင္ဖုိ႔ ႀကိဳးစားေနတဲ့ ဂ်က္စတင္ကလြိဳက္ဗက္ကုိ ဥေရာပထိပ္သီးအသင္းေတြက ေခၚယူလုိခဲ့ေပမယ့္လည္း သူကေတာ့ ပုံမွန္ကစားခြင့္ေပးႏုိင္မယ့္ ႐ုိးမားအသင္းကုိသာ ေရြးခ်ယ္ခဲ့တာပါ။

REF:Daily Mail
Photo: AS Roma Twitter
Naing Linn(Akhayar)
www.akhayar.com

[Unicode]

မန်ယူပစ်မှတ် နယ်သာလန်ကြယ်ပွင့် ဂျက်စတင်ကလွိုက်ဗက် Justin Kluivert ကို ခေါ်ယူခဲ့တဲ့ ရိုးမား

ရိုးမားအသင်းဟာ ပရီးမီးယားလိဂ်ထိပ်သီး မန်ယူအသင်းက ပစ်မှတ်ထားနေတဲ့ နယ်သာလန်လူငယ်ကြယ်ပွင့် ဂျက်စတင်ကလွိုက်ဗက် Justin Kluivert ကို လက်ဦးမှုရယူပြီး ခေါ်ယူနိုင်ခဲ့ပါပြီ။ နယ်သာလန်ဂန္ထဝင် ပက်ထရစ်ကလွိုက်ဗက် Patrick Kluivert ရဲ့ သား(၃)ဦးထဲကတစ်ဦးဖြစ်တဲ့ ဂျက်စတင်ကလွိုက်ဗက်ဟာ မန်ယူကို ပြောင်းရွှေ့ဖို့ နီးစပ်နေပြီလို့ သတင်းတွေထွက်ပေါ်ခဲ့ပေမယ့်လည်း အမှန်တကယ်ဖြစ်လာတာကတော့ ရိုးမားအသင်းဆီ ပြောင်းရွှေ့ခဲ့တာပါပဲ။

Roma-Fan-takes-Picture-with-Justin-Kluivert-

Roma-Fan-takes-Picture-with-Justin-Kluivert-

ရိုးမားအသင်းဟာ အသက်(၁၉)နှစ်အရွယ်သာရှိသေးတဲ့ ဂျက်စတင်ကလွိုက်ဗက်အတွက် အေဂျက်စ်အသင်းကို ပြောင်းရွှေ့ကြေး ပေါင်(၁၅.၈၅)သန်း ပေးချေခဲ့ပြီး တနင်္လာနေ့က ရောမမြို့ကို ရောက်ရှိလာခဲ့ချိန်မှာ ပရိသတ်(၅၀၀)နီးပါး သူ့ကို ကြိုဆိုခဲ့ကြတယ်။ ဂျက်စတင်ကလွိုက်ဗက်ဟာ ဒီနေ့(အင်္ဂါနေ့)မှာ ရိုးမားအသင်းနဲ့ ဆေးစစ်မှုခံယူမှာဖြစ်ပြီး ပရိသတ်နဲ့မိတ်ဆက်ပွဲအခမ်းအနားကိုလည်း တစ်ပါတည်း ကျင်းပသွားမှာပါ။ ဥရောပ လူငယ်ကြယ်ပွင့်တွေထဲမှာ တစ်ဦးအပါအဝင်အဖြစ် သတ်မှတ်ခံထားရတဲ့ ဂျက်စတင်ကလွိုက်ဗက်ဟာ ပြီးခဲ့တဲ့ရာသီက အေဂျက်စ်အသင်းအတွက် (၁၀)ဂိုးသွင်းယူခဲ့သလို ဂိုးဖန်တီးမှုတွေလည်း ပြုလုပ်နိုင်ခဲ့တယ်။ ဖခင်ရဲ့ခြေရာကို အမီလိုက်နိုင်ဖို့ ကြိုးစားနေတဲ့ ဂျက်စတင်ကလွိုက်ဗက်ကို ဥရောပထိပ်သီးအသင်းတွေက ခေါ်ယူလိုခဲ့ပေမယ့်လည်း သူကတော့ ပုံမှန်ကစားခွင့်ပေးနိုင်မယ့် ရိုးမားအသင်းကိုသာ ရွေးချယ်ခဲ့တာပါ။

REF:Daily Mail
Photo: AS Roma Twitter
Naing Linn(Akhayar)
www.akhayar.com