[Zawgyi]

ေျခစြမ္းမေကာင္းေပမယ့္လည္း လုိအပ္တဲ့ အႏုိင္(၃)မွတ္ ရယူခဲ့တဲ့ မန္ယူ

မန္ယူအသင္းရဲ႕ ေျခစြမ္းက အခုရာသီမွာလည္း ထင္သေလာက္ ေကာင္းမြန္ျခင္း မရွိေသးပါဘူး။ ေမာ္ရင္ဟုိ Mourinho ရဲ႕ နည္းဗ်ဴဟာေတြကုိ ကစားသမားေတြ နားမလည္ေသးတာလား၊ ကစားသမားေတြၾကားမွာ အခုအခ်ိန္အထိ နားလည္မႈမရေသးတာလားေတာ့ မေျပာတတ္ဘူး။ Normal Pass ေတြကုိေတာင္ မွန္ေအာင္ မေပးႏုိင္တာ၊ ၿပိဳင္ဘက္အသင္းကုိ လႊမ္းမုိးမထားႏုိင္တာေတြက ဒီရာသီအထိ ဆက္ျမင္ေနရဆဲပဲ။ အိမ္ကြင္းမွာ ကစားရေပမယ့္ လက္စတာအသင္းက ေဘာလုံးပုိင္ဆုိင္မႈ အသာရခဲ့သလုိ Pressing လုပ္တဲ့အပုိင္းမွာလည္း မန္ယူထက္ ပုိေကာင္းခဲ့တယ္။

Pogba-Scores-From-Penalty

Pogba-Scores-From-Penalty

မန္ယူအသင္း ပဲြစစခ်င္းမွာ ဂုိးရခဲ့တာက ကံေကာင္းခဲ့တယ္လုိ႔ ဆုိရမယ္။ (၂)မိနစ္ေက်ာ္ေလာက္မွာ လက္စတာ ေနာက္ခံလူ အမာေတ Amartey ပယ္နယ္တီဧရိယာအတြင္း လက္ထိေဘာျဖစ္ခဲ့လုိ႔ မန္ယူ ပယ္နယ္တီ ကန္ခြင့္ရခဲ့ၿပီး အသင္းေခါင္းေဆာင္အျဖစ္ ကစားခြင့္ရခဲ့တဲ့ ေပ့ါဘာ Pogba က အမွားအယြင္းမရွိ ကန္သြင္းခဲ့တယ္။ ဒီဂုိးဟာ ပရီးမီးယားလိဂ္သမုိင္းတစ္ေလွ်ာက္ ရာသီအဖြင့္ပဲြမွာ အျမန္ဆုံးဂုိးလည္းျဖစ္ခဲ့တယ္။ အဲဒီေနာက္ပုိင္း မန္ယူရဲ႕ ကစားပုံက လဲြေခ်ာ္မႈေတြမ်ားေနၿပီး ကစားသမားသစ္ ဖရက္ဒ္ Fred ဟာ ေျခစြမ္း မဆုိးေပမယ့္ ပရီးမီးယားလိဂ္မွာ အံ၀င္ဖုိ႔ အခ်ိန္ယူရဦးမယ္။

Pogba-and-Team-Mates-Celebration

Pogba-and-Team-Mates-Celebration

ပထမပုိင္းတစ္ပုိင္းလုံး လက္စတာက မန္ယူကုိ ဖိအားေပးႏုိင္ခဲ့ၿပီး ဒီဂီယာ De Gea သာ မေကာင္းရင္ ေခ်ပဂုိး ျပန္ေပးရမယ့္ အေနအထားျဖစ္ခဲ့တယ္။ ဒီပဲြမွာ ေမာ္ရင္ဟုိက (၄-၃-၃)ပုံစံနဲ႔ကစားခဲ့ၿပီး ေပါ့ဘာကုိ သူကစားခ်င္တဲ့ ကြင္းလယ္ဘယ္ျခမ္းမွာ ထားကစားခဲ့တယ္။ ဒါေပမဲ့ မန္ယူကြင္းလယ္နဲ႔ တိုက္စစ္ပုိင္းက ခ်ိတ္ဆက္မႈ မရွိခဲ့သလုိ လက္စတာ ကြင္းလယ္လူေတြျဖစ္တဲ့ အမ္ဒီဒီ Ndidi ၊ အက္ဒရီယန္ေဆးလ္ဗား Adrien Silva တို႔ရဲ႕ ဖ်က္အားေၾကာင့္ မန္ယူတိုက္စစ္က အလုပ္မျဖစ္ခဲ့ဘူး။

Luke-Shaw-against-Ricardo

Luke-Shaw-against-Ricardo

ဒုတိယပုိင္းမွာလည္း မန္ယူကစားပုံက ထင္သေလာက္ မဟုတ္ခဲ့ဘူး။ (၈၂)မိနစ္မွာ မာတာ Mata ရဲ႕ ေပးပုိ႔မႈကေန လုခ္ေရွာ Luke Shaw က မန္ယူကစားသမားဘ၀ ပထမဆုံးဂုိးကုိ သြင္းယူခဲ့တယ္။ လက္စတာအသင္းရဲ႕ ေခ်ပဂုိးကုိေတာ့ အခုမွ စာခ်ဳပ္သက္တမ္းတိုးထားတဲ့ တိုက္စစ္မွဴး ဗာဒီ Vardy က (၉၂)မိနစ္မွာ သြင္းခဲ့တာျဖစ္ပါတယ္။

Manchester-United-Players-Celebrate1

Manchester-United-Players-Celebrate

မန္ယူ-လက္စတာပဲြနဲ႔ ပတ္သက္တဲ့ထူးျခားခ်က္မ်ား
-ေပါ့ဘာဟာ ပရီးမီးယားလိဂ္(၁၁)ပဲြမွာ ဂုိးသြင္းခဲ့ၿပီး သူဂုိးသြင္းတုိင္း မန္ယူအသင္းႏုိင္ပဲြရခဲ့တာေၾကာင့္ လီဗာပူးလ္ကစားသမားေဟာင္း ဘာဘယ္လ္ Babel ရဲ႕မွတ္တမ္းနဲ႔ တူညီသြားပါၿပီ။
-ေမာ္ရင္ဟုိရဲ႕ နည္းျပဘ၀တစ္ေလွ်ာက္ ရာသီအဖြင့္ပဲြ(၁၈)ပဲြမွာ ႐ႈံးပဲြလုံး၀မရွိဘဲ (၁၁)ပဲြႏုိင္၊ (၇)ပဲြသေရက်ခဲ့တယ္။
-လုခ္ေရွာဟာ မန္ယူအသင္းအတြက္ ၿပိဳင္ပဲြစုံ(၆၇)ပဲြကစားၿပီးခ်ိန္မွ ပထမဆုံးဂုိးသြင္းယူႏုိင္ခဲ့တာပါ။
-လက္စတာအသင္းဟာ ပရီးမီးယားလိဂ္(၃)ရာသီဆက္ ရာသီအဖြင့္ဂုိးေပးခ့ဲရတဲ့ မွတ္တမ္းဆုိးကုိ ပုိင္ဆုိင္ခဲ့တယ္။

Photo:Manchester United Twitter
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ခြေစွမ်းမကောင်းပေမယ့်လည်း လိုအပ်တဲ့ အနိုင်(၃)မှတ် ရယူခဲ့တဲ့ မန်ယူ

မန်ယူအသင်းရဲ့ ခြေစွမ်းက အခုရာသီမှာလည်း ထင်သလောက် ကောင်းမွန်ခြင်း မရှိသေးပါဘူး။ မော်ရင်ဟို Mourinho ရဲ့ နည်းဗျူဟာတွေကို ကစားသမားတွေ နားမလည်သေးတာလား၊ ကစားသမားတွေကြားမှာ အခုအချိန်အထိ နားလည်မှုမရသေးတာလားတော့ မပြောတတ်ဘူး။ Normal Pass တွေကိုတောင် မှန်အောင် မပေးနိုင်တာ၊ ပြိုင်ဘက်အသင်းကို လွှမ်းမိုးမထားနိုင်တာတွေက ဒီရာသီအထိ ဆက်မြင်နေရဆဲပဲ။ အိမ်ကွင်းမှာ ကစားရပေမယ့် လက်စတာအသင်းက ဘောလုံးပိုင်ဆိုင်မှု အသာရခဲ့သလို Pressing လုပ်တဲ့အပိုင်းမှာလည်း မန်ယူထက် ပိုကောင်းခဲ့တယ်။

Pogba-Scores-From-Penalty

Pogba-Scores-From-Penalty

မန်ယူအသင်း ပွဲစစချင်းမှာ ဂိုးရခဲ့တာက ကံကောင်းခဲ့တယ်လို့ ဆိုရမယ်။ (၂)မိနစ်ကျော်လောက်မှာ လက်စတာ နောက်ခံလူ အမာတေ Amartey ပယ်နယ်တီဧရိယာအတွင်း လက်ထိဘောဖြစ်ခဲ့လို့ မန်ယူ ပယ်နယ်တီ ကန်ခွင့်ရခဲ့ပြီး အသင်းခေါင်းဆောင်အဖြစ် ကစားခွင့်ရခဲ့တဲ့ ပေ့ါဘာ Pogba က အမှားအယွင်းမရှိ ကန်သွင်းခဲ့တယ်။ ဒီဂိုးဟာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ရာသီအဖွင့်ပွဲမှာ အမြန်ဆုံးဂိုးလည်းဖြစ်ခဲ့တယ်။ အဲဒီနောက်ပိုင်း မန်ယူရဲ့ ကစားပုံက လွဲချော်မှုတွေများနေပြီး ကစားသမားသစ် ဖရက်ဒ် Fred ဟာ ခြေစွမ်း မဆိုးပေမယ့် ပရီးမီးယားလိဂ်မှာ အံဝင်ဖို့ အချိန်ယူရဦးမယ်။

Pogba-and-Team-Mates-Celebration

Pogba-and-Team-Mates-Celebration

ပထမပိုင်းတစ်ပိုင်းလုံး လက်စတာက မန်ယူကို ဖိအားပေးနိုင်ခဲ့ပြီး ဒီဂီယာ De Gea သာ မကောင်းရင် ချေပဂိုး ပြန်ပေးရမယ့် အနေအထားဖြစ်ခဲ့တယ်။ ဒီပွဲမှာ မော်ရင်ဟိုက (၄-၃-၃)ပုံစံနဲ့ကစားခဲ့ပြီး ပေါ့ဘာကို သူကစားချင်တဲ့ ကွင်းလယ်ဘယ်ခြမ်းမှာ ထားကစားခဲ့တယ်။ ဒါပေမဲ့ မန်ယူကွင်းလယ်နဲ့ တိုက်စစ်ပိုင်းက ချိတ်ဆက်မှု မရှိခဲ့သလို လက်စတာ ကွင်းလယ်လူတွေဖြစ်တဲ့ အမ်ဒီဒီ Ndidi ၊ အက်ဒရီယန်ဆေးလ်ဗား Adrien Silva တို့ရဲ့ ဖျက်အားကြောင့် မန်ယူတိုက်စစ်က အလုပ်မဖြစ်ခဲ့ဘူး။

Luke-Shaw-against-Ricardo

Luke-Shaw-against-Ricardo

ဒုတိယပိုင်းမှာလည်း မန်ယူကစားပုံက ထင်သလောက် မဟုတ်ခဲ့ဘူး။ (၈၂)မိနစ်မှာ မာတာ Mata ရဲ့ ပေးပို့မှုကနေ လုခ်ရှော Luke Shaw က မန်ယူကစားသမားဘ၀ ပထမဆုံးဂိုးကို သွင်းယူခဲ့တယ်။ လက်စတာအသင်းရဲ့ ချေပဂိုးကိုတော့ အခုမှ စာချုပ်သက်တမ်းတိုးထားတဲ့ တိုက်စစ်မှူး ဗာဒီ Vardy က (၉၂)မိနစ်မှာ သွင်းခဲ့တာဖြစ်ပါတယ်။

Manchester-United-Players-Celebrate1

Manchester-United-Players-Celebrate

မန်ယူ-လက်စတာပွဲနဲ့ ပတ်သက်တဲ့ထူးခြားချက်များ
-ပေါ့ဘာဟာ ပရီးမီးယားလိဂ်(၁၁)ပွဲမှာ ဂိုးသွင်းခဲ့ပြီး သူဂိုးသွင်းတိုင်း မန်ယူအသင်းနိုင်ပွဲရခဲ့တာကြောင့် လီဗာပူးလ်ကစားသမားဟောင်း ဘာဘယ်လ် Babel ရဲ့မှတ်တမ်းနဲ့ တူညီသွားပါပြီ။
-မော်ရင်ဟိုရဲ့ နည်းပြဘဝတစ်လျှောက် ရာသီအဖွင့်ပွဲ(၁၈)ပွဲမှာ ရှုံးပွဲလုံးဝမရှိဘဲ (၁၁)ပွဲနိုင်၊ (၇)ပွဲသရေကျခဲ့တယ်။
-လုခ်ရှောဟာ မန်ယူအသင်းအတွက် ပြိုင်ပွဲစုံ(၆၇)ပွဲကစားပြီးချိန်မှ ပထမဆုံးဂိုးသွင်းယူနိုင်ခဲ့တာပါ။
-လက်စတာအသင်းဟာ ပရီးမီးယားလိဂ်(၃)ရာသီဆက် ရာသီအဖွင့်ဂိုးပေးခဲ့ရတဲ့ မှတ်တမ်းဆိုးကို ပိုင်ဆိုင်ခဲ့တယ်။

Photo:Manchester United Twitter
Naing Linn(Akhayar)
www.akhayar.com