[Zawgyi]

အသင္းေတာ္ေတာ္မ်ားမ်ားရဲ႕ ပစ္မွတ္ထားျခင္းကို ခံေနရတဲ႔ မန္ယူေနာက္ခံလူ ႐ိုဟုိ Rojo

မန္ယူေနာက္ခံလူ ႐ိုဟုိ Rojo ကို အသင္းေတာ္ေတာ္မ်ားမ်ားက ေခၚယူဖို႔ ပစ္မွတ္ထားေနၾကပါတယ္ ။ ႐ိုဟုိRojo ကိုေခၚယူဖို႔အတြက္ PSG ၊ မာလ္ေဆးလ္ ၊ ဇင္းနစ္ နဲ႔ အဲဗာတန္အသင္းေတြက ပစ္မွတ္ထားေနၾကတာပါ။ မန္ယူအသင္းရဲ႕ နည္းျပေမာ္ရင္ဟို Mourinho ကလည္း သင္႔ေတာ္တဲ႔ေစ်းႏႈန္းရရင္ ႐ိုဟုိ Rojo ကိုေရာင္းခ်သြားဖို႔ရိွေနပါတယ္။

Rojo

Rojo

အဲဗာတန္အသင္းဟာ ဘယ္ျခမ္းဗဟိုေနာက္ခံကစားသမား ရွာေဖြေနတဲ႔အသင္းျဖစ္ျပီး အသင္းရဲ႕နည္းျပ မာကိုေဆးဗားလ္ Marco Silva ဟာလည္း ႐ိုဟုိ Rojo ကိုေခၚယူလိုေနတာပါ။ ႐ိုဟုိ Rojo ကိုေခၚယူႏိုင္ဖို႔ အတြက္ အဲဗာတန္အသင္းဟာအျခားအသင္းေတြနဲ႔ ယွဥ္ျပိဳင္သြားရဖို႔ရိွေနပါတယ္။ ႐ိုဟုိ Rojo ဟာလည္း သူ႔အေနနဲ႔ မန္ယူအသင္းကေနထြက္ခြာႏိုင္တယ္လို႔ ေျပာၾကားထားပါတယ္။

႐ိုဟုိ Rojo ဟာမန္ယူအသင္းကို (၂၀၁၄)ခုႏွစ္ထဲကေရာက္ရိွေနသူျဖစ္ျပီး ဒဏ္ရာအေျခအေနၾကံဳေတြ ႔လြယ္တဲ႔ကစားသမားတစ္ဦးလည္းျဖစ္ပါတယ္။

Rojo-and-Messi

Rojo-and-Messi

ျပီးခဲ႔တဲ႔ (၂၀၁၈) ကမၻာ႔ဖလားျပိဳင္ပြဲမွာေတာ႔ ႐ိုဟုိ Rojo ဟာ အာဂ်င္တီးနားအသင္းအတြက္ သြင္းဂိုး(၁)ဂိုးသြင္းယူေပးခဲ႔ပါတယ္။ အာဂ်င္တီးနားအသင္းဟာ ႏိုက္ဂ်ီးရီးယားအသင္းကို (၂ – ၁)နဲ႔ အႏိုင္ရရိွခဲ႔တဲ႔ ပြဲစဥ္မွာ အဖိုးတန္အႏိုင္ဂိုးကို သြင္းယူေပးခဲ႔တာျဖစ္ျပီး ႐ိုဟုိ Rojo ရဲ႕သြင္းဂိုးေၾကာင္႔ အာဂ်င္တီးနားအသင္းဟာ ရံႈးထြက္အဆင္႔ကိုတက္ေရာက္ႏိုင္ခဲ႔ပါတယ္။ (၂၀၁၈) ကမၻာ႔ဖလားျပိဳင္ပြဲအျပီးမွာေတာ႔ ႐ိုဟုိ Rojo ကိုေခၚယူလိုတဲ႔အသင္းေတြကမ်ားျပားလာခဲ႔တာျဖစ္ပါတယ္။

REF: The Sun
Photo: Portoalegre.travel , The New York Times , Mirror
Ko Kyue(Akhayar)
www.akhayar.com

[Unicode]

အသင်းတော်တော်များများရဲ့ ပစ်မှတ်ထားခြင်းကို ခံနေရတဲ့ မန်ယူနောက်ခံလူ ရိုဟို Rojo

မန်ယူနောက်ခံလူ ရိုဟို Rojo ကို အသင်းတော်တော်များများက ခေါ်ယူဖို့ ပစ်မှတ်ထားနေကြပါတယ် ။ ရိုဟိုRojo ကိုခေါ်ယူဖို့အတွက် PSG ၊ မာလ်ဆေးလ် ၊ ဇင်းနစ် နဲ့ အဲဗာတန်အသင်းတွေက ပစ်မှတ်ထားနေကြတာပါ။ မန်ယူအသင်းရဲ့ နည်းပြမော်ရင်ဟို Mourinho ကလည်း သင့်တော်တဲ့ဈေးနှုန်းရရင် ရိုဟို Rojo ကိုရောင်းချသွားဖို့ရှိနေပါတယ်။

Rojo

Rojo

အဲဗာတန်အသင်းဟာ ဘယ်ခြမ်းဗဟိုနောက်ခံကစားသမား ရှာဖွေနေတဲ့အသင်းဖြစ်ပြီး အသင်းရဲ့နည်းပြ မာကိုဆေးဗားလ် Marco Silva ဟာလည်း ရိုဟို Rojo ကိုခေါ်ယူလိုနေတာပါ။ ရိုဟို Rojo ကိုခေါ်ယူနိုင်ဖို့ အတွက် အဲဗာတန်အသင်းဟာအခြားအသင်းတွေနဲ့ ယှဉ်ပြိုင်သွားရဖို့ရှိနေပါတယ်။ ရိုဟို Rojo ဟာလည်း သူ့အနေနဲ့ မန်ယူအသင်းကနေထွက်ခွာနိုင်တယ်လို့ ပြောကြားထားပါတယ်။

ရိုဟို Rojo ဟာမန်ယူအသင်းကို (၂၀၁၄)ခုနှစ်ထဲကရောက်ရှိနေသူဖြစ်ပြီး ဒဏ်ရာအခြေအနေကြုံတွေ့လွယ်တဲ့ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။

Rojo-and-Messi

Rojo-and-Messi

ပြီးခဲ့တဲ့ (၂၀၁၈) ကမ္ဘာ့ဖလားပြိုင်ပွဲမှာတော့ ရိုဟို Rojo ဟာ အာဂျင်တီးနားအသင်းအတွက် သွင်းဂိုး(၁)ဂိုးသွင်းယူပေးခဲ့ပါတယ်။ အာဂျင်တီးနားအသင်းဟာ နိုက်ဂျီးရီးယားအသင်းကို (၂ – ၁)နဲ့ အနိုင်ရရှိခဲ့တဲ့ ပွဲစဉ်မှာ အဖိုးတန်အနိုင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပြီး ရိုဟို Rojo ရဲ့သွင်းဂိုးကြောင့် အာဂျင်တီးနားအသင်းဟာ ရှုံးထွက်အဆင့်ကိုတက်ရောက်နိုင်ခဲ့ပါတယ်။ (၂၀၁၈) ကမ္ဘာ့ဖလားပြိုင်ပွဲအပြီးမှာတော့ ရိုဟို Rojo ကိုခေါ်ယူလိုတဲ့အသင်းတွေကများပြားလာခဲ့တာဖြစ်ပါတယ်။

REF: The Sun
Photo: Portoalegre.travel , The New York Times , Mirror
Ko Kyue(Akhayar)
www.akhayar.com