[Zawgyi]

မန္ယူအသင္းရဲ႕ ရွယ္ယာတန္ဖုိးက စံခ်ိန္တင္ ပမာဏအထိ ျမင့္တက္ခဲ့ၿပီ

ကြင္းတြင္း၊ ကြင္းျပင္မွာ ျပႆနာေတြရွိေနတဲ့ မန္ယူအသင္းကေတာ့ စေတာ့ေစ်းကြက္မွာ ပန္းပန္ေနဆဲျဖစ္ၿပီး အခုဆိုရင္ သူတို႔ရဲ႕ ရွယ္ယာတန္ဖုိးက နယူးေယာက္စေတာ့ေစ်းကြက္အတြင္း စံခ်ိန္တင္ပမာဏ ျမင့္တက္ခဲ့ပါတယ္။ မန္ယူအသင္းရဲ႕ ရွယ္ယာတစ္ခုတန္ဖုိးက ေပါင္(၁၈.၅၀)အထိ ရွိေနၿပီး ဇူလုိင္လ ေနာက္ဆုံးပတ္ကထက္ (၁၄)ရာခုိင္ႏႈန္းအထိ ျမင့္တက္လာခဲ့တာပါ။ အဲဒီအတြက္ ပရီးမီးယားလိဂ္ဖလားကုိ ၂၀၁၃ ခုႏွစ္က ေနာက္ဆုံးရခဲ့တဲ့ မန္ယူအသင္းရဲ႕ လက္ရွိတန္ဖုိးက ေပါင္(၁.၃)ဘီလီယံအထိ ရွိေနၿပီလည္းျဖစ္ပါတယ္။

Uniteds-share-prices-have-continued-to-rise-higher-and-higher-over-the-last-few-years

Uniteds-share-prices-have-continued-to-rise-higher-and-higher-over-the-last-few-years

အတိအက်ေျပာရရင္ေတာ့ မန္ယူအသင္းကုိ ဂႏၳ၀င္နည္းျပ ဖာဂူဆန္ Sir Alex Ferguson ကုိင္တြယ္ေနတုန္းက အသင္းတန္ဖုိးထက္ အခုတန္ဖုိးက (၂)ဆေလာက္ ျမင့္တက္လာခ့ဲတာလည္း ျဖစ္ပါတယ္။ မန္ယူအသင္းအေနနဲ႔ ဖာဂူဆန္မရွိေတာ့တဲ့ ေနာက္ပုိင္းႏွစ္ေတြမွာ ႐ုန္းကန္ေနရၿပီး ဒီရာသီအစမွာလည္း ဘ႐ုိက္တန္ကုိ ႐ႈံးနိမ့္ခဲ့လုိ႔ နည္းျပေမာ္ရင္ဟုိ Mourinho ဖိအားေတြနဲ႔ ရင္ဆုိင္ေနရတယ္။ ဒါေပမဲ့ စီးပြားေရးက႑မွာေတာ့ မန္ယူအသင္းက ၿပိဳင္ဘက္ပရီးမီးယားလိဂ္ ကလပ္ေတြကုိ အသာရေနဆဲျဖစ္သလုိ လက္ေမာင္းတံဆိပ္ စပြန္ဆာအတြက္ နာမည္ႀကီး Kohler ကုမၸဏီနဲ႔ စံခ်ိန္တင္ပမာဏျဖစ္တ့ဲ ေပါင္(၁၉.၄)သန္းတန္ စာခ်ဳပ္ခ်ဳပ္ဆုိခဲ့ၿပီး Adidas ကုမၸဏီနဲ႔လည္း ေပါင္(၁)ဘီလီယံ တန္ဖုိးရွိတဲ့ (၁၀)ႏွစ္ စပြန္ဆာ စာခ်ဳပ္ခ်ဳပ္ဆုိခဲ့ပါတယ္။ မန္ယူအသင္းပုိင္ရွင္ ဂေလဇာမိသားစုဟာ ၂၀၀၅ ခုႏွစ္တုန္းက မန္ယူအသင္းကုိ ေပါင္သန္း(၇၉၀)နဲ႔ ၀ယ္ယူခဲ့ၿပီး အခုဆုိရင္ သူတို႔ ရင္းႏွီးျမႇပ္ႏွံခဲ့တာထက္ကုိ ဒီအသင္းက ပုိတန္ဖုိးရွိေနပါၿပီ။

REF:Daily Mail,The Sun
Photo:iNews,Daily Mail
Naing Linn(Akhayar)
www.akhayar.com

[Unicode]

မန်ယူအသင်းရဲ့ ရှယ်ယာတန်ဖိုးက စံချိန်တင် ပမာဏအထိ မြင့်တက်ခဲ့ပြီ

ကွင်းတွင်း၊ ကွင်းပြင်မှာ ပြဿနာတွေရှိနေတဲ့ မန်ယူအသင်းကတော့ စတော့ဈေးကွက်မှာ ပန်းပန်နေဆဲဖြစ်ပြီး အခုဆိုရင် သူတို့ရဲ့ ရှယ်ယာတန်ဖိုးက နယူးယောက်စတော့ဈေးကွက်အတွင်း စံချိန်တင်ပမာဏ မြင့်တက်ခဲ့ပါတယ်။ မန်ယူအသင်းရဲ့ ရှယ်ယာတစ်ခုတန်ဖိုးက ပေါင်(၁၈.၅၀)အထိ ရှိနေပြီး ဇူလိုင်လ နောက်ဆုံးပတ်ကထက် (၁၄)ရာခိုင်နှုန်းအထိ မြင့်တက်လာခဲ့တာပါ။ အဲဒီအတွက် ပရီးမီးယားလိဂ်ဖလားကို ၂၀၁၃ ခုနှစ်က နောက်ဆုံးရခဲ့တဲ့ မန်ယူအသင်းရဲ့ လက်ရှိတန်ဖိုးက ပေါင်(၁.၃)ဘီလီယံအထိ ရှိနေပြီလည်းဖြစ်ပါတယ်။

Uniteds-share-prices-have-continued-to-rise-higher-and-higher-over-the-last-few-years

Uniteds-share-prices-have-continued-to-rise-higher-and-higher-over-the-last-few-years

အတိအကျပြောရရင်တော့ မန်ယူအသင်းကို ဂန္ထဝင်နည်းပြ ဖာဂူဆန် Sir Alex Ferguson ကိုင်တွယ်နေတုန်းက အသင်းတန်ဖိုးထက် အခုတန်ဖိုးက (၂)ဆလောက် မြင့်တက်လာခဲ့တာလည်း ဖြစ်ပါတယ်။ မန်ယူအသင်းအနေနဲ့ ဖာဂူဆန်မရှိတော့တဲ့ နောက်ပိုင်းနှစ်တွေမှာ ရုန်းကန်နေရပြီး ဒီရာသီအစမှာလည်း ဘရိုက်တန်ကို ရှုံးနိမ့်ခဲ့လို့ နည်းပြမော်ရင်ဟို Mourinho ဖိအားတွေနဲ့ ရင်ဆိုင်နေရတယ်။ ဒါပေမဲ့ စီးပွားရေးကဏ္ဍမှာတော့ မန်ယူအသင်းက ပြိုင်ဘက်ပရီးမီးယားလိဂ် ကလပ်တွေကို အသာရနေဆဲဖြစ်သလို လက်မောင်းတံဆိပ် စပွန်ဆာအတွက် နာမည်ကြီး Kohler ကုမ္ပဏီနဲ့ စံချိန်တင်ပမာဏဖြစ်တဲ့ ပေါင်(၁၉.၄)သန်းတန် စာချုပ်ချုပ်ဆိုခဲ့ပြီး Adidas ကုမ္ပဏီနဲ့လည်း ပေါင်(၁)ဘီလီယံ တန်ဖိုးရှိတဲ့ (၁၀)နှစ် စပွန်ဆာ စာချုပ်ချုပ်ဆိုခဲ့ပါတယ်။ မန်ယူအသင်းပိုင်ရှင် ဂလေဇာမိသားစုဟာ ၂၀၀၅ ခုနှစ်တုန်းက မန်ယူအသင်းကို ပေါင်သန်း(၇၉၀)နဲ့ ဝယ်ယူခဲ့ပြီး အခုဆိုရင် သူတို့ ရင်းနှီးမြှပ်နှံခဲ့တာထက်ကို ဒီအသင်းက ပိုတန်ဖိုးရှိနေပါပြီ။

REF:Daily Mail,The Sun
Photo:iNews,Daily Mail
Naing Linn(Akhayar)
www.akhayar.com