[Zawgyi]

Forbes မဂၢဇင္းရဲ႕ တန္ဖုိးအရွိဆုံးအသင္းစာရင္းမွာ ဒုတိယေနရာေရာက္လာတဲ့ မန္ယူ

နာမည္ေက်ာ္ စီးပြားေရးမဂၢဇင္း Forbes က ထုတ္ျပန္တဲ့ ကမၻာ႔တန္ဖုိးအရွိဆုံးအားကစားအသင္းစာရင္းမွာ ပရီးမီးယားလိဂ္ထိပ္သီး မန္ယူ Manchester United အသင္းက ဒုတိယေနရာကုိ ေရာက္ရွိလာခဲ့တယ္။ မန္ယူအသင္းရဲ႕လက္ရွိတန္ဖုိးက အေမရိကန္ေဒၚလာ(၄.၁၂၃)ဘီလီယံအထိရွိခဲ့ၿပီး ၿပီးခဲ့တဲ့ရာသီကထက္ (၁၂)ရာခုိင္ႏႈန္းျမင့္တက္လာခဲ့တာေၾကာင့္ ကမၻာ႔တန္ဖုိးအရွိဆုံးအားကစားအသင္းစာရင္းမွာ ဒုတိယေနရာ တက္လွမ္းခဲ့တာပါ။ မန္ယူအသင္းထက္ တန္ဖုိးျမင့္မားတာက အေမရိကန္ရပ္ဘီၿပိဳင္ပဲြ NFL က Dallas Cowboys အသင္းျဖစ္ၿပီး သူတို႔ရဲ႕တန္ဖုိးက အေမရိကန္ေဒၚလာ (၄.၈)ဘီလီယံရွိခဲ့ပါတယ္။

Forbes-Rich-Club-List

Forbes-Rich-Club-List

၂၀၁၇-၁၈ ခ်န္ပီယံဖလားရရွိခဲ့ၿပီး ခ်န္ပီယံလိဂ္ၿပိဳင္ပဲြမွာ (၃)ႏွစ္ဆက္ဗုိလ္စဲြခဲ့တဲ့ ရီးယဲလ္အသင္းရဲ႕ တန္ဖုိးကအေမရိကန္ေဒၚလာ (၄.၀၉)ဘီလီယံအထိ ျမင့္တက္ခဲ့လုိ႔ သူတို႔ရဲ႕အဓိကၿပိဳင္ဘက္ ဘာစီလုိနာအသင္း မႏွစ္ကရပ္တည္ခဲ့တဲ့ တတိယကုိ လႊဲေျပာင္းရယူႏုိင္ခဲ့တယ္။

Real-Madrid

Real-Madrid

မႏွစ္က Forbes မဂၢဇင္းရဲ႕ တန္ဖုိးအရွိဆုံးအားကစားအသင္းစာရင္းမွာ ဒုတိယေနရာရခဲ့တဲ့ ေဘ့စ္ေဘာကလပ္ New York Yankees အသင္းဟာ ဒီႏွစ္မွာေတာ့ အဆင့္သတ္မွတ္ခ်က္ဆုိးဆုိးရြားရြားက်ဆင္းသြားၿပီး အဆင့္(၅)ေနရာကုိ ေရာက္သြားခဲ့တယ္။ ဥေရာပထိပ္သီးကလပ္ေတြျဖစ္တဲ့ မန္ယူ၊ ရီးယဲလ္၊ ဘာစီလုိနာတို႔ရဲ႕ ၀င္ေငြေတြ တိုးတက္လာမႈက ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြရဲ႕ အက်ိဳးသက္ေရာက္မႈလုိ႔ ဆုိရမယ္။

Bayern-Munich

Bayern-Munich

ဘာျဖစ္လုိ႔လဲဆုိေတာ့ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြမွာ နာမည္ေက်ာ္ကစားသမားေတြရဲ႕ အက်ႌေရာင္းခ်ရမႈ၊ စပြန္ဆာ၀င္ေငြေတြ ျမင့္မားလာခဲ့လုိ႔ပါပဲ။ Forbes မဂၢဇင္းက ထုတ္ျပန္ခဲ့တဲ့ တန္ဖုိးအရွိဆုံးအားကစားအသင္းစာရင္းရဲ႕ ထိပ္ဆုံး(၅၀)ထဲမွာ ဥေရာပကလပ္(၇)သင္းပါ၀င္ခဲ့ၿပီး ဂ်ာမန္ထိပ္သီး ဘုိင္ယန္ျမဴးနစ္(အေမရိကန္ေဒၚလာ ၃.၀၆၃) ဘီလီယံ-အဆင့္ ၁၂)၊ ပရီးမီးယားလိဂ္ နာမည္ေက်ာ္အသင္းေတြျဖစ္တဲ့ မန္စီးတီး(အေမရိကန္ေဒၚလာ ၂.၄၇၄ဘီလီယံ)၊ အာဆင္နယ္(အေမရိကန္ေဒၚလာ ၂.၂၃၈ဘီလီယံ)၊ ခ်ယ္လ္ဆီး(အေမရိကန္ေဒၚလာ ၂.၀၆၂ဘီလီယံ)တို႔က အဆင့္ ၃၀၊ ၃၉၊ ၄၆ ေတြမွာ အသီးသီးရပ္တည္ႏုိင္ခဲ့တယ္။

Manchester-City

Manchester-City

Forbes မဂၢဇင္းက ထုတ္ျပန္တဲ့ တန္ဖုိးအျမင့္ဆုံးထိပ္ဆုံး(၁၀)သင္း
Rank, Team, Value, 1-Yr change (Sport)

1. Dallas Cowboys, $4.8 billion, 14% (NFL)

2. Manchester United, $4.123 billion, 12% (Soccer)

3. Real Madrid, $4.09 billion, 14% (Soccer)

4. Barcelona, $4.064 billion, 12% (Soccer)

5. New York Yankees, $4 billion, 8% (MLB)

6. New England Patriots, $3.7 billion, 9% (NFL)

7. New York Knicks, $3.6 billion, 9% (NBA)

8. Los Angeles Lakers, $3.3 billion, 10% (NBA)

8. New York Giants, $3.3 billion, 6% (NFL)

10. Golden State Warriors, $3.1 billion, 19% (NBA)

Forbes မဂၢဇင္းက ထုတ္ျပန္ခဲ့တဲ့ တန္ဖုိးအျမင့္ဆုံးအသင္းစာရင္းအျပည့္အစုံ

REF:Forbes
Photo:Mirror,The Sun
Naing Linn(Akhayar)
www.akhayar.com

[Unicode]

Forbes မဂ္ဂဇင်းရဲ့ တန်ဖိုးအရှိဆုံးအသင်းစာရင်းမှာ ဒုတိယနေရာရောက်လာတဲ့ မန်ယူ

နာမည်ကျော် စီးပွားရေးမဂ္ဂဇင်း Forbes က ထုတ်ပြန်တဲ့ ကမ္ဘာ့တန်ဖိုးအရှိဆုံးအားကစားအသင်းစာရင်းမှာ ပရီးမီးယားလိဂ်ထိပ်သီး မန်ယူ Manchester United အသင်းက ဒုတိယနေရာကို ရောက်ရှိလာခဲ့တယ်။ မန်ယူအသင်းရဲ့လက်ရှိတန်ဖိုးက အမေရိကန်ဒေါ်လာ(၄.၁၂၃)ဘီလီယံအထိရှိခဲ့ပြီး ပြီးခဲ့တဲ့ရာသီကထက် (၁၂)ရာခိုင်နှုန်းမြင့်တက်လာခဲ့တာကြောင့် ကမ္ဘာ့တန်ဖိုးအရှိဆုံးအားကစားအသင်းစာရင်းမှာ ဒုတိယနေရာ တက်လှမ်းခဲ့တာပါ။ မန်ယူအသင်းထက် တန်ဖိုးမြင့်မားတာက အမေရိကန်ရပ်ဘီပြိုင်ပွဲ NFL က Dallas Cowboys အသင်းဖြစ်ပြီး သူတို့ရဲ့တန်ဖိုးက အမေရိကန်ဒေါ်လာ (၄.၈)ဘီလီယံရှိခဲ့ပါတယ်။

Forbes-Rich-Club-List

Forbes-Rich-Club-List

၂၀၁၇-၁၈ ချန်ပီယံဖလားရရှိခဲ့ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲမှာ (၃)နှစ်ဆက်ဗိုလ်စွဲခဲ့တဲ့ ရီးယဲလ်အသင်းရဲ့ တန်ဖိုးကအမေရိကန်ဒေါ်လာ (၄.၀၉)ဘီလီယံအထိ မြင့်တက်ခဲ့လို့ သူတို့ရဲ့အဓိကပြိုင်ဘက် ဘာစီလိုနာအသင်း မနှစ်ကရပ်တည်ခဲ့တဲ့ တတိယကို လွှဲပြောင်းရယူနိုင်ခဲ့တယ်။

Real-Madrid

Real-Madrid

မနှစ်က Forbes မဂ္ဂဇင်းရဲ့ တန်ဖိုးအရှိဆုံးအားကစားအသင်းစာရင်းမှာ ဒုတိယနေရာရခဲ့တဲ့ ဘေ့စ်ဘောကလပ် New York Yankees အသင်းဟာ ဒီနှစ်မှာတော့ အဆင့်သတ်မှတ်ချက်ဆိုးဆိုးရွားရွားကျဆင်းသွားပြီး အဆင့်(၅)နေရာကို ရောက်သွားခဲ့တယ်။ ဥရောပထိပ်သီးကလပ်တွေဖြစ်တဲ့ မန်ယူ၊ ရီးယဲလ်၊ ဘာစီလိုနာတို့ရဲ့ ဝင်ငွေတွေ တိုးတက်လာမှုက ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အကျိုးသက်ရောက်မှုလို့ ဆိုရမယ်။

Bayern-Munich

Bayern-Munich

ဘာဖြစ်လို့လဲဆိုတော့ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ နာမည်ကျော်ကစားသမားတွေရဲ့ အကျႌရောင်းချရမှု၊ စပွန်ဆာဝင်ငွေတွေ မြင့်မားလာခဲ့လို့ပါပဲ။ Forbes မဂ္ဂဇင်းက ထုတ်ပြန်ခဲ့တဲ့ တန်ဖိုးအရှိဆုံးအားကစားအသင်းစာရင်းရဲ့ ထိပ်ဆုံး(၅၀)ထဲမှာ ဥရောပကလပ်(၇)သင်းပါဝင်ခဲ့ပြီး ဂျာမန်ထိပ်သီး ဘိုင်ယန်မြူးနစ်(အမေရိကန်ဒေါ်လာ ၃.၀၆၃) ဘီလီယံ-အဆင့် ၁၂)၊ ပရီးမီးယားလိဂ် နာမည်ကျော်အသင်းတွေဖြစ်တဲ့ မန်စီးတီး(အမေရိကန်ဒေါ်လာ ၂.၄၇၄ဘီလီယံ)၊ အာဆင်နယ်(အမေရိကန်ဒေါ်လာ ၂.၂၃၈ဘီလီယံ)၊ ချယ်လ်ဆီး(အမေရိကန်ဒေါ်လာ ၂.၀၆၂ဘီလီယံ)တို့က အဆင့် ၃၀၊ ၃၉၊ ၄၆ တွေမှာ အသီးသီးရပ်တည်နိုင်ခဲ့တယ်။

Manchester-City

Manchester-City

Forbes မဂ္ဂဇင်းက ထုတ်ပြန်တဲ့ တန်ဖိုးအမြင့်ဆုံးထိပ်ဆုံး(၁၀)သင်း
Rank, Team, Value, 1-Yr change (Sport)

1. Dallas Cowboys, $4.8 billion, 14% (NFL)

2. Manchester United, $4.123 billion, 12% (Soccer)

3. Real Madrid, $4.09 billion, 14% (Soccer)

4. Barcelona, $4.064 billion, 12% (Soccer)

5. New York Yankees, $4 billion, 8% (MLB)

6. New England Patriots, $3.7 billion, 9% (NFL)

7. New York Knicks, $3.6 billion, 9% (NBA)

8. Los Angeles Lakers, $3.3 billion, 10% (NBA)

8. New York Giants, $3.3 billion, 6% (NFL)

10. Golden State Warriors, $3.1 billion, 19% (NBA)

Forbes မဂ္ဂဇင်းက ထုတ်ပြန်ခဲ့တဲ့ တန်ဖိုးအမြင့်ဆုံးအသင်းစာရင်းအပြည့်အစုံ

REF:Forbes
Photo:Mirror,The Sun
Naing Linn(Akhayar)
www.akhayar.com