[Zawgyi]

ဘုိင္ယန္ျမဴးနစ္ကြင္းလယ္လူ ဗီဒယ္လ္ Vidal ကုိ ေခၚယူလုိေနတဲ့ မန္ယူ

ဒီေႏြရာသီကာလမွာ ကစားသမားသစ္ေတြ ေခၚယူေနတဲ့ မန္ယူ Manchester United အသငး္ဟာ ဘုိင္ယန္ျမဴးနစ္ Bayern Munich ကြင္းလယ္လူ ဗီဒယ္လ္ Vidal ကုိ ေခၚယူဖုိ႔ ခ်ယ္လ္ဆီးနဲ႔အၿပိဳင္ စိတ္၀င္စားေနပါတယ္။ ဂ်ာမန္ နာမည္ေက်ာ္အားကစားသတင္းစာ Bild က ဘုိင္ယန္ျမဴးနစ္နည္းျပသစ္ ကုိဗက္ Kovac ဟာ အသင္းက ကစားသမားတခ်ိဳ႕ကုိ ေရာင္းခ်ဖုိ႔ ျပင္ဆင္ေနၿပီး အဲဒီစာရင္းထဲမွာ ဗီဒယ္လ္လည္း ပါ၀င္ေနတယ္လုိ႔ ေဖာ္ျပခဲ့တယ္။ မန္ယူနဲ႔ခ်ယ္လ္ဆီးအသင္းတို႔ဟာ ခ်ီလီ၀ါရင့္ကြင္းလယ္လူ ဗီဒယ္လ္ကုိ ေခၚဖုိ႔ ၿပီးခဲ့တဲ့ႏွစ္ေတြကတည္းက စိတ္၀င္စားခဲ့တာျဖစ္ၿပီး အခုအခ်ိန္မွာ ဘုိင္ယန္ျမဴးနစ္အသငး္က ဗီဒယ္လ္အတြက္ ယူ႐ုိသန္း(၃၀)ရမယ္ဆုိရင္ လက္လႊတ္ဖုိ႔ရွိေနတယ္။

Manchester-United-are-set-to-battle-Chelsea-for-the-signature-of-Arturo-Vidal

Manchester-United-are-set-to-battle-Chelsea-for-the-signature-of-Arturo-Vidal

ဗီဒယ္လ္ဟာ ၿပီးခဲ့တဲ့ရာသီေတြအတြင္း ဒဏ္ရာျပႆနာနဲ႔႐ုန္းကန္ခဲ့ရၿပီး ပုံမွန္ပြဲထြက္ခြင့္မရခဲ့ဘဲ သူ႔ရဲ႕အသက္က (၃၁)ႏွစ္အရြယ္ရွိလာၿပီျဖစ္တဲ့အျပင္ ဘုိင္ယန္ျမဴးနစ္အသင္းက ဂ်ာမန္လူငယ္ကြင္းလယ္လူ ဂုိဟက္ဇ္ကာ Goretzka ကုိ ေခၚယူခဲ့ၿပီးျဖစ္တာေၾကာင့္ ဗီဒယ္လ္ကုိ ေရာင္းခ်ဖုိ႔စီစဥ္ေနတာပါ။ ဗီဒယ္လ္ရဲ႕တန္ဖုိးက အရင္ႏွစ္ေတြကထက္စာရင္ က်ဆင္းလာေပမယ့္ လာမယ့္ႏွစ္ေတြမွာ ဒီထက္ပုိတန္ဖုိးက်ဖုိ႔ရွိေနတာေၾကာင့္ ဘုိင္ယန္ျမဴးနစ္အသငး္ကဒီေႏြရာသီကာလထဲမွာပဲ ေရာင္းခ်သြားမယ့္အေနအထားရွိေနတယ္။ ဗီဒယ္လ္ကုိ မန္ယူ၊ ခ်ယ္လ္ဆီးတို႔အျပင္ အက္သလက္တီကုိအသင္းကလည္း ေခၚယူလုိေနတယ္လုိ႔ သတင္းေတြထြက္ေနပါတယ္။ အခုေႏြရာသီမွာ ဘုိင္ယန္ျမဴးနစ္အသင္းက ကစားသမားတခ်ိဳ႕အသင္းနဲ႔လမ္းခဲြဖုိ႔ရွိေနၿပီး ဗီဒယ္လ္အျပင္ သီယာဂို Thiago ၊ ဘားနက္ Bernat ၊ ဘုိတန္ Boateng တို႔လည္း အသင္းကထြက္ခြာဖုိ႔ ရွိေနတယ္။

REF:Manchester Evening News,Sports
Photo:Youtube,ESPN
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ ဗီဒယ်လ် Vidal ကို ခေါ်ယူလိုနေတဲ့ မန်ယူ

ဒီနွေရာသီကာလမှာ ကစားသမားသစ်တွေ ခေါ်ယူနေတဲ့ မန်ယူ Manchester United အသင်းဟာ ဘိုင်ယန်မြူးနစ် Bayern Munich ကွင်းလယ်လူ ဗီဒယ်လ် Vidal ကို ခေါ်ယူဖို့ ချယ်လ်ဆီးနဲ့အပြိုင် စိတ်ဝင်စားနေပါတယ်။ ဂျာမန် နာမည်ကျော်အားကစားသတင်းစာ Bild က ဘိုင်ယန်မြူးနစ်နည်းပြသစ် ကိုဗက် Kovac ဟာ အသင်းက ကစားသမားတချို့ကို ရောင်းချဖို့ ပြင်ဆင်နေပြီး အဲဒီစာရင်းထဲမှာ ဗီဒယ်လ်လည်း ပါဝင်နေတယ်လို့ ဖော်ပြခဲ့တယ်။ မန်ယူနဲ့ချယ်လ်ဆီးအသင်းတို့ဟာ ချီလီဝါရင့်ကွင်းလယ်လူ ဗီဒယ်လ်ကို ခေါ်ဖို့ ပြီးခဲ့တဲ့နှစ်တွေကတည်းက စိတ်ဝင်စားခဲ့တာဖြစ်ပြီး အခုအချိန်မှာ ဘိုင်ယန်မြူးနစ်အသင်းက ဗီဒယ်လ်အတွက် ယူရိုသန်း(၃၀)ရမယ်ဆိုရင် လက်လွှတ်ဖို့ရှိနေတယ်။

Manchester-United-are-set-to-battle-Chelsea-for-the-signature-of-Arturo-Vidal

Manchester-United-are-set-to-battle-Chelsea-for-the-signature-of-Arturo-Vidal

ဗီဒယ်လ်ဟာ ပြီးခဲ့တဲ့ရာသီတွေအတွင်း ဒဏ်ရာပြဿနာနဲ့ရုန်းကန်ခဲ့ရပြီး ပုံမှန်ပွဲထွက်ခွင့်မရခဲ့ဘဲ သူ့ရဲ့အသက်က (၃၁)နှစ်အရွယ်ရှိလာပြီဖြစ်တဲ့အပြင် ဘိုင်ယန်မြူးနစ်အသင်းက ဂျာမန်လူငယ်ကွင်းလယ်လူ ဂိုဟက်ဇ်ကာ Goretzka ကို ခေါ်ယူခဲ့ပြီးဖြစ်တာကြောင့် ဗီဒယ်လ်ကို ရောင်းချဖို့စီစဉ်နေတာပါ။ ဗီဒယ်လ်ရဲ့တန်ဖိုးက အရင်နှစ်တွေကထက်စာရင် ကျဆင်းလာပေမယ့် လာမယ့်နှစ်တွေမှာ ဒီထက်ပိုတန်ဖိုးကျဖို့ရှိနေတာကြောင့် ဘိုင်ယန်မြူးနစ်အသင်းကဒီနွေရာသီကာလထဲမှာပဲ ရောင်းချသွားမယ့်အနေအထားရှိနေတယ်။ ဗီဒယ်လ်ကို မန်ယူ၊ ချယ်လ်ဆီးတို့အပြင် အက်သလက်တီကိုအသင်းကလည်း ခေါ်ယူလိုနေတယ်လို့ သတင်းတွေထွက်နေပါတယ်။ အခုနွေရာသီမှာ ဘိုင်ယန်မြူးနစ်အသင်းက ကစားသမားတချို့အသင်းနဲ့လမ်းခွဲဖို့ရှိနေပြီး ဗီဒယ်လ်အပြင် သီယာဂို Thiago ၊ ဘားနက် Bernat ၊ ဘိုတန် Boateng တို့လည်း အသင်းကထွက်ခွာဖို့ ရှိနေတယ်။

REF:Manchester Evening News,Sports
Photo:Youtube,ESPN
Naing Linn(Akhayar)
www.akhayar.com