[Zawgyi]

ဘိုတန္ Boateng ေခၚယူဖို႔ ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔ ေဆြးေႏြခဲ့တဲ့ မန္ယူ

ပရီးမီးယားလိဂ္ကလပ္ မန္ယူအသင္းဟာ ဂ်ာမနီေနာက္ခံလူ ဘိုတန္ Boateng ကို ေခၚယူဖို႔ ဘိုင္ယန္ျမဴးနစ္အသင္းနဲ႔ ေဆြးေႏြးမႈေတြ ျပဳလုပ္ခဲ့ပါတယ္။ အသက္ (၂၉)ႏွစ္အရြယ္ရွိ ဘိုတန္ Boateng ကို ေခၚယူဖို႔ ျပင္သစ္လီဂူးထိပ္သီး PSG အသင္းကလည္း ပစ္မွတ္ထားေနၿပီး မန္ယူအသင္းက လက္ဦးမႈရယူဖို႔ ႀကိဳးပမ္းခဲ့တာျဖစ္ပါတယ္။ ၿမိဳ႕ခံၿပိဳင္ဘက္ မန္စီးတီးအသင္းမွာ ကစားဖူးတဲ့ ေနာက္ခံလူ ဘိုတန္ Boateng အတြက္ ဘိုင္ယန္ျမဴးနစ္အသင္းက ေပါင္ (၄၅)သန္းခန္႔ အလိုရွိေနၿပီး မန္ယူအသင္းက ေျပာင္းေရႊ႕ေၾကး ေလ်ာ႔ခ်ေပးဖို႔ ညွိႏႈိင္းမႈေတြ ျပဳလုပ္ေနတယ္လို႔ သိရပါတယ္။ မန္ယူနည္းျပ ေမာ္ရင္ဟို Mourinho က အသင္းခံစစ္ေၾကာင္းကို အင္အားျဖည့္တင္းဖို႔ ဆႏၵရွိေနၿပီး အသင္းတာဝန္ရွိသူေတြကို အေျပာင္းအေရႊ႕ေစ်းကြက္မပိတ္ခင္ ေနာက္ခံလူတစ္ဦး ေခၚယူေပးဖို႔ ေတာင္းဆိုမႈေတြ ျပဳလုပ္ထားတယ္လို႔ သတင္းေတြ ထြက္ေပၚေနခဲ့ပါတယ္။

Manchester-United-have-held-talks-with-Bayern-Munich-over-a-deal-for-Jerome-Boateng

Manchester-United-have-held-talks-with-Bayern-Munich-over-a-deal-for-Jerome-Boateng

မန္ယူအသင္းရဲ႕ ဒုတိယအမႈေဆာင္ခ်ဳပ္ Ed Woodward က ေမာ္ရင္ဟို Mourinho အလိုရွိေနတဲ့ ထိပ္တန္းခံစစ္မွဴးတစ္ဦးကို ေခၚယူေပးဖို႔ ျပင္ဆင္ေနၿပီး ဘိုတန္ Boateng ကို ေခၚယူသြားဖို႔ စီစဥ္ေနတာျဖစ္ပါတယ္။ အေစာပိုင္းက လက္စတာေနာက္ခံလူ မက္ဂြိဳင္းေယး Maguire ကို ေခၚယူဖို႔ စီစဥ္ခဲ့ေပမယ့္ ကစားသမားရဲ႕ ေျပာင္းေရႊ႕ေၾကးက မ်ားျပားေနတာေၾကာင့္ လက္ေလ်ာ႔ခဲ့ၿပီး ဘိုတန္ Boateng ကို ေျပာင္းလဲႀကိဳးပမ္းခဲ့တာပါ။ မန္ယူအသင္းက ဘိုတန္ Boateng ရဲ႕ ေျပာင္းေရႊ႕ေၾကးကို ေပါင္သန္း (၄၀)အထိ ေလ်ာ႔ခ်ႏိုင္ဖို႔ ဆႏၵရွိေနၿပီး ဘိုင္ယန္အသင္းနဲ႔ တရားဝင္ေဆြးေႏြးမႈေတြ ျပဳလုပ္ေနခဲ့တာျဖစ္ပါတယ္။

REF:Daily Mail
Photo:Fussball.com, Melody Travers
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

ဘိုတန် Boateng ခေါ်ယူဖို့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဆွေးနွေခဲ့တဲ့ မန်ယူ

ပရီးမီးယားလိဂ်ကလပ် မန်ယူအသင်းဟာ ဂျာမနီနောက်ခံလူ ဘိုတန် Boateng ကို ခေါ်ယူဖို့ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ပါတယ်။ အသက် (၂၉)နှစ်အရွယ်ရှိ ဘိုတန် Boateng ကို ခေါ်ယူဖို့ ပြင်သစ်လီဂူးထိပ်သီး PSG အသင်းကလည်း ပစ်မှတ်ထားနေပြီး မန်ယူအသင်းက လက်ဦးမှုရယူဖို့ ကြိုးပမ်းခဲ့တာဖြစ်ပါတယ်။ မြို့ခံပြိုင်ဘက် မန်စီးတီးအသင်းမှာ ကစားဖူးတဲ့ နောက်ခံလူ ဘိုတန် Boateng အတွက် ဘိုင်ယန်မြူးနစ်အသင်းက ပေါင် (၄၅)သန်းခန့် အလိုရှိနေပြီး မန်ယူအသင်းက ပြောင်းရွှေ့ကြေး လျော့ချပေးဖို့ ညှိနှိုင်းမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။ မန်ယူနည်းပြ မော်ရင်ဟို Mourinho က အသင်းခံစစ်ကြောင်းကို အင်အားဖြည့်တင်းဖို့ ဆန္ဒရှိနေပြီး အသင်းတာဝန်ရှိသူတွေကို အပြောင်းအရွှေ့ဈေးကွက်မပိတ်ခင် နောက်ခံလူတစ်ဦး ခေါ်ယူပေးဖို့ တောင်းဆိုမှုတွေ ပြုလုပ်ထားတယ်လို့ သတင်းတွေ ထွက်ပေါ်နေခဲ့ပါတယ်။

Manchester-United-have-held-talks-with-Bayern-Munich-over-a-deal-for-Jerome-Boateng

Manchester-United-have-held-talks-with-Bayern-Munich-over-a-deal-for-Jerome-Boateng

မန်ယူအသင်းရဲ့ ဒုတိယအမှုဆောင်ချုပ် Ed Woodward က မော်ရင်ဟို Mourinho အလိုရှိနေတဲ့ ထိပ်တန်းခံစစ်မှူးတစ်ဦးကို ခေါ်ယူပေးဖို့ ပြင်ဆင်နေပြီး ဘိုတန် Boateng ကို ခေါ်ယူသွားဖို့ စီစဉ်နေတာဖြစ်ပါတယ်။ အစောပိုင်းက လက်စတာနောက်ခံလူ မက်ဂွိုင်းယေး Maguire ကို ခေါ်ယူဖို့ စီစဉ်ခဲ့ပေမယ့် ကစားသမားရဲ့ ပြောင်းရွှေ့ကြေးက များပြားနေတာကြောင့် လက်လျော့ခဲ့ပြီး ဘိုတန် Boateng ကို ပြောင်းလဲကြိုးပမ်းခဲ့တာပါ။ မန်ယူအသင်းက ဘိုတန် Boateng ရဲ့ ပြောင်းရွှေ့ကြေးကို ပေါင်သန်း (၄၀)အထိ လျော့ချနိုင်ဖို့ ဆန္ဒရှိနေပြီး ဘိုင်ယန်အသင်းနဲ့ တရားဝင်ဆွေးနွေးမှုတွေ ပြုလုပ်နေခဲ့တာဖြစ်ပါတယ်။

REF:Daily Mail
Photo:Fussball.com, Melody Travers
Aung Kyaw Wai (Akhayar)
www.akhayar.com