[Zawgyi]

(၂၆)ႏွစ္အတြင္း အဆုိးရြားဆုံး ရာသီအစမွတ္တမ္းကုိ ပုိင္ဆုိင္ခဲ့တဲ့ မန္ယူ

ဖိအားေတြရွိေနတဲ့ မန္ယူအသင္းနည္းျပ ေမာ္ရင္ဟုိ Mourinho ရဲ႕ ၂၀၁၈-၁၉ ရာသီကေတာ့ အေျခအေန မေကာင္းတာကေန ပုိဆုိးရြားတဲ့ အေနအထားကုိ ေရာက္ရွိလာခဲ့ပါၿပီ။ ၿပီးခဲ့တဲ့တနလၤာေန႔က အုိးလ္ထရက္ဖုိ႔ဒ္မွာ စပါးအသင္းကုိ (၃)ဂုိးျပတ္ ႐ႈံးနိမ့္ခဲ့တဲ့အတြက္ (၂၆)ႏွစ္အတြင္း အဆုိးရြားဆုံး ရာသီအစအျဖစ္ မွတ္တမ္း၀င္ခဲ့ပါတယ္။ မန္ယူအသင္းဟာ ရာသီအဖြင့္ပဲြမွာ လက္စတာကုိ (၂-၁)ဂုိးနဲ႔ အႏုိင္ရခဲ့ေပမယ့္လည္း ဘ႐ုိက္တန္၊ စပါးတို႔ကုိ ဆက္တိုက္႐ႈံးနိမ့္ခဲ့ၿပီး ပရီးမီးယားလိဂ္လုိ႔ အမည္စတင္ေျပာင္းလဲခဲ့တဲ့ ၁၉၉၂-၉၃ ေနာက္ပုိင္း အဆုိးရြားဆုံး ရာသီအစရလဒ္ေတြ ပုိင္ဆုိင္ခဲ့တာပါ။

Mourinho-launches-astonishing-defence-of-credentials-and-demands-respect-

Mourinho-launches-astonishing-defence-of-credentials-and-demands-respect-

စပါးအသင္းနဲ႔ပဲြအၿပီး သတင္းစာရွင္းလင္းပဲြမွာ ေမာ္ရင္ဟုိ ေဒါသေပါက္ကဲြခဲ့ၿပီး သူဟာ ၿပိဳင္ဘက္ (၁၉)သင္းရဲ႕ နည္းျပေတြထက္ ေအာင္ျမင္မႈ ပုိမ်ားတဲ့သူျဖစ္တယ္လုိ႔ မီဒီယာေတြကုိ တုံ႔ျပန္ေျပာဆုိခဲ့တယ္။ ေမာ္ရင္ဟုိက “ပဲြရလဒ္က ဘယ္လုိထြက္ေပၚခဲ့လဲဆုိတာ ခင္ဗ်ား(မီဒီယာတစ္ဦး)သိတယ္မလား။ ၃-၀ ဟုတ္ၿပီေနာ္။ (လက္ ၃ေခ်ာင္းေထာင္ျပလ်က္) အဲဒီအဓိပၸါယ္က ဘာလဲဆုိတာေရာ သိလား။ ပရီးမီးယားလိဂ္ ခ်န္ပီယံ(၃)ႀကိမ္ကုိ ဆုိလုိတာကြ။ က်န္တဲ့ နည္းျပ(၁၉)ေယာက္ထက္ ငါက ပရီးမီးယားလိဂ္ဖလားကုိ အႀကိမ္အမ်ားဆုံးရယူႏုိင္ခဲ့တယ္။ ငါက (၃)ႀကိမ္၊ က်န္တဲ့သူ အားလုံးက (၂)ႀကိမ္ပဲရွိတယ္။ ဒါေၾကာင့္ ငါ့ကုိ ေလးစားမႈေတာ့ရွိသင့္တယ္ (Rerespect, Respect, Respect)ဆုိၿပီး ေဒါသတႀကီးတုံ႔ျပန္ခဲ့ပါတယ္။

He-pointed-out-he-has-won-three-Premier-League-titles-more-than-other-19-bosses-combined

He-pointed-out-he-has-won-three-Premier-League-titles-more-than-other-19-bosses-combined

မန္ယူအသင္းဟာ ၁၉၉၂-၉၃ ရာသီက ရွက္ဖီးယူႏုိက္တက္ကုိ (၂-၁)ဂုိး၊ အဲဗာတန္ကုိ (၀-၃)ဂုိးနဲ႔ ႐ႈံးနိမ့္ခဲ့ၿပီး အစ္ဆြစ္ခ်္အသင္းနဲ႔ (၁)ဂုိးစီ သေရက်ခဲ့တယ္။ ဒါေပမဲ့ အဲဒီရာသီတုန္းက မန္ယူအသင္း လမ္းေၾကာင္းမွန္ေပၚ ျပန္ေရာက္ခဲ့ၿပီး အမွတ္ေပးဖလားကုိ ဆြတ္ခူးႏုိင္ခဲ့ပါတယ္။ အခု စပါးအသင္းကုိ ႐ႈံးနိမ့္ခဲ့တာဟာ ပရီးမီးယားလိဂ္ သမုိင္းတစ္ေလွ်ာက္ အိမ္ကြင္း ပဲြ(၅၀)ေျမာက္ ႐ႈံးပဲြျဖစ္ခဲ့ၿပီး အမွတ္ေပးဇယားမွာ အဆင့္(၁၃)အထိ က်ဆင္းသြားပါၿပီ။ ဒါေၾကာင့္ ေမာ္ရင္ဟုိရဲ႕ အနာဂတ္နဲ႔ပတ္သက္တဲ့ သတင္းေတြကလည္း က်ယ္က်ယ္ေလာင္ေလာင္ ထြက္ေပၚေနသလုိ ရီးယဲလ္နည္းျပေဟာင္း ဇီဒန္း Zidane ကုိ နည္းျပသစ္ခန္႔မယ္ဆုိၿပီး ၿဗိတိန္မီဒီယာေတြက ေဖာ္ျပေနၾကတယ္။ ေမာ္ရင္ဟုိအေနနဲ႔ ၁၉၉၂-၉၃ ရာသီက မန္ယူဂႏၳ၀င္နည္းျပ ဖာဂူဆန္ Ferguson စြမ္းေဆာင္ခဲ့သလုိ ရာသီအစပုိင္းမွာ ဆုိးရြားခဲ့ေပမယ့္ ေနာက္ပုိင္းပဲြေတြမွာ ရလဒ္ေကာင္း ျပန္ယူၿပီး အမွတ္ေပးဖလားကုိ ရယူႏုိင္မလား ဒါမွမဟုတ္ ရာသီကုန္အထိေတာင္ မခံဘဲ ရာသီ၀က္မွာတင္ လက္ျပ ႏႈတ္ဆက္သြားမလားဆုိတာကေတာ့ . . .

REF:Goal.com
Photo:Sports Illustrated,Evening Standard,bbci.co.uk
Naing Linn(Akhayar)
www.akhayar.com

[Unicode]

(၂၆)နှစ်အတွင်း အဆိုးရွားဆုံး ရာသီအစမှတ်တမ်းကို ပိုင်ဆိုင်ခဲ့တဲ့ မန်ယူ

ဖိအားတွေရှိနေတဲ့ မန်ယူအသင်းနည်းပြ မော်ရင်ဟို Mourinho ရဲ့ ၂၀၁၈-၁၉ ရာသီကတော့ အခြေအနေ မကောင်းတာကနေ ပိုဆိုးရွားတဲ့ အနေအထားကို ရောက်ရှိလာခဲ့ပါပြီ။ ပြီးခဲ့တဲ့တနင်္လာနေ့က အိုးလ်ထရက်ဖို့ဒ်မှာ စပါးအသင်းကို (၃)ဂိုးပြတ် ရှုံးနိမ့်ခဲ့တဲ့အတွက် (၂၆)နှစ်အတွင်း အဆိုးရွားဆုံး ရာသီအစအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ မန်ယူအသင်းဟာ ရာသီအဖွင့်ပွဲမှာ လက်စတာကို (၂-၁)ဂိုးနဲ့ အနိုင်ရခဲ့ပေမယ့်လည်း ဘရိုက်တန်၊ စပါးတို့ကို ဆက်တိုက်ရှုံးနိမ့်ခဲ့ပြီး ပရီးမီးယားလိဂ်လို့ အမည်စတင်ပြောင်းလဲခဲ့တဲ့ ၁၉၉၂-၉၃ နောက်ပိုင်း အဆိုးရွားဆုံး ရာသီအစရလဒ်တွေ ပိုင်ဆိုင်ခဲ့တာပါ။

Mourinho-launches-astonishing-defence-of-credentials-and-demands-respect-

Mourinho-launches-astonishing-defence-of-credentials-and-demands-respect-

စပါးအသင်းနဲ့ပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ မော်ရင်ဟို ဒေါသပေါက်ကွဲခဲ့ပြီး သူဟာ ပြိုင်ဘက် (၁၉)သင်းရဲ့ နည်းပြတွေထက် အောင်မြင်မှု ပိုများတဲ့သူဖြစ်တယ်လို့ မီဒီယာတွေကို တုံ့ပြန်ပြောဆိုခဲ့တယ်။ မော်ရင်ဟိုက “ပွဲရလဒ်က ဘယ်လိုထွက်ပေါ်ခဲ့လဲဆိုတာ ခင်ဗျား(မီဒီယာတစ်ဦး)သိတယ်မလား။ ၃-၀ ဟုတ်ပြီနော်။ (လက် ၃ချောင်းထောင်ပြလျက်) အဲဒီအဓိပ္ပါယ်က ဘာလဲဆိုတာရော သိလား။ ပရီးမီးယားလိဂ် ချန်ပီယံ(၃)ကြိမ်ကို ဆိုလိုတာကွ။ ကျန်တဲ့ နည်းပြ(၁၉)ယောက်ထက် ငါက ပရီးမီးယားလိဂ်ဖလားကို အကြိမ်အများဆုံးရယူနိုင်ခဲ့တယ်။ ငါက (၃)ကြိမ်၊ ကျန်တဲ့သူ အားလုံးက (၂)ကြိမ်ပဲရှိတယ်။ ဒါကြောင့် ငါ့ကို လေးစားမှုတော့ရှိသင့်တယ် (Rerespect, Respect, Respect)ဆိုပြီး ဒေါသတကြီးတုံ့ပြန်ခဲ့ပါတယ်။

He-pointed-out-he-has-won-three-Premier-League-titles-more-than-other-19-bosses-combined

He-pointed-out-he-has-won-three-Premier-League-titles-more-than-other-19-bosses-combined

မန်ယူအသင်းဟာ ၁၉၉၂-၉၃ ရာသီက ရှက်ဖီးယူနိုက်တက်ကို (၂-၁)ဂိုး၊ အဲဗာတန်ကို (ဝ-၃)ဂိုးနဲ့ ရှုံးနိမ့်ခဲ့ပြီး အစ်ဆွစ်ချ်အသင်းနဲ့ (၁)ဂိုးစီ သရေကျခဲ့တယ်။ ဒါပေမဲ့ အဲဒီရာသီတုန်းက မန်ယူအသင်း လမ်းကြောင်းမှန်ပေါ် ပြန်ရောက်ခဲ့ပြီး အမှတ်ပေးဖလားကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။ အခု စပါးအသင်းကို ရှုံးနိမ့်ခဲ့တာဟာ ပရီးမီးယားလိဂ် သမိုင်းတစ်လျှောက် အိမ်ကွင်း ပွဲ(၅၀)မြောက် ရှုံးပွဲဖြစ်ခဲ့ပြီး အမှတ်ပေးဇယားမှာ အဆင့်(၁၃)အထိ ကျဆင်းသွားပါပြီ။ ဒါကြောင့် မော်ရင်ဟိုရဲ့ အနာဂတ်နဲ့ပတ်သက်တဲ့ သတင်းတွေကလည်း ကျယ်ကျယ်လောင်လောင် ထွက်ပေါ်နေသလို ရီးယဲလ်နည်းပြဟောင်း ဇီဒန်း Zidane ကို နည်းပြသစ်ခန့်မယ်ဆိုပြီး ဗြိတိန်မီဒီယာတွေက ဖော်ပြနေကြတယ်။ မော်ရင်ဟိုအနေနဲ့ ၁၉၉၂-၉၃ ရာသီက မန်ယူဂန္ထဝင်နည်းပြ ဖာဂူဆန် Ferguson စွမ်းဆောင်ခဲ့သလို ရာသီအစပိုင်းမှာ ဆိုးရွားခဲ့ပေမယ့် နောက်ပိုင်းပွဲတွေမှာ ရလဒ်ကောင်း ပြန်ယူပြီး အမှတ်ပေးဖလားကို ရယူနိုင်မလား ဒါမှမဟုတ် ရာသီကုန်အထိတောင် မခံဘဲ ရာသီဝက်မှာတင် လက်ပြ နှုတ်ဆက်သွားမလားဆိုတာကတော့ . . .

REF:Goal.com
Photo:Sports Illustrated,Evening Standard,bbci.co.uk
Naing Linn(Akhayar)
www.akhayar.com