This Football update is proudly sponsored by Telenor Myanmar.
[Zawgyi]
REF:The Sun
Photo:The Sun
Naing Linn(Akhayar)
www.akhayar.com
အခုနောက်ဆုံးထွက် ဘောလုံးသတင်းတွေကို Telenor Myanmar က ကူညီထောက်ပံ့ပေးထားပါတယ်။
[Unicode]
ဘရာဇီးလ်အသင်းရဲ့ လေ့ကျင့်ရေးကွင်းမှာ ဒဏ်ရာရရှိခဲ့တဲ့ မန်ယူကစားသမားသစ် ဖရက်ဒ် Fred
မန်ယူအသင်း ကစားသမားသစ် ဖရက်ဒ် Fred ဟာ ဘရာဇီးလ်အသင်းရဲ့ လေ့ကျင့်ရေးကွင်းမှာ ခြေချင်းဝတ် ဒဏ်ရာရရှိခဲ့ပြီး ဘယ်လောက်အနားယူရမလဲဆိုတာ ဘရာဇီးလ်အသင်းက မကြာခင် ထုတ်ပြန်ကြေညာသွားမှာပါ။ ဖရက်ဒ်ဟာ လက်ရွေးစင်အသင်းဖော် ကတ်စမဲရိုး Casemiro ရဲ့ ဖျက်ထုတ်မှုကြောင့် ညာဘက် ခြေချင်းဝတ် ဒဏ်ရာရရှိခဲ့တာဖြစ်ပြီး သူ့ဒဏ်ရာအနေအထားက နည်းနည်းပြင်းထန်တဲ့ပုံပါပဲ။
Fred-could-be-seen-immediately-screaming-out-in-pain-after-the-tackle-from-Casemiro
Fred-could-be-seen-immediately-screaming-out-in-pain-after-the-tackle-from-Casemiro
ဘရာဇီးလ် အသင်းရဲ့ ဆရာဝန်ဖြစ်သူ ရိုဒရီဂိုလက်စ်မာ Rodrigo Lasmar က ဖရက်ဒ်ရဲ့ ဒဏ်ရာကို Scan နဲ့ စမ်းသပ်စစ်ဆေးမှုလုပ်သွားမှာဖြစ်ပြီး (၂၄)နာရီအတွင်း ထုတ်ပြန်ကြေညာသွားမယ်လို့ ဆိုခဲ့ပါတယ်။
Fred-was-taken-off-the-side-and-could-be-seen-with-his-head-in-his-hands
Fred-was-taken-off-the-side-and-could-be-seen-with-his-head-in-his-hands
ဘရာဇီးလ်အသင်းဟာ လက်ရှိအချိန်မှာ လန်ဒန်မြို့က စပါးအသင်းရဲ့ Enfield လေ့ကျင့်ရေးကွင်းမှာ အခြေစိုက် လေ့ကျင့်ခန်းဆင်းနေပြီး မကြာခင် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲအကြို နောက်ဆုံးခြေစမ်းပွဲအဖြစ် သြစတြီးယားအသင်းနဲ့ ကစားဖို့အတွက် ဗီယင်နာမြို့ကို သွားမှာဖြစ်ပါတယ်။ ဖရက်ဒ်အနေနဲ့ အဲဒီခြေစမ်းပွဲမှာ ပါဝင်ကစားနိုင်ဖို့ မသေချာသလို ၂၀၁၈ ကမ္ဘာ့ဖလားအုုပ်စုအဖွင့်ပွဲအဖြစ် ဇွန်လ (၁၇)ရက်မှာ ဆွစ်ဇာလန်နဲ့ကစားမယ့်ပွဲမတိုင်ခင် ဒဏ်ရာက ပြန်သက်သာလာအောင် ရုန်းကန်ရမယ့်အနေအထားပါ။
REF:The Sun
Photo:The Sun
Naing Linn(Akhayar)
www.akhayar.com