[Zawgyi]

အိမ္ကြင္းမွာ မျဖစ္မေန ႏုိင္ပဲြျပန္ရွာရေတာ့မယ့္ မန္ယူ

ပရီးမီးယားလိဂ္ပဲြစဥ္(၈) စေနေန႔ပဲြေတြမွာေတာ့ အသင္းႀကီးအခ်င္းခ်င္း ထိပ္တိုက္ေတြ႕ဆုံတဲ့ပဲြ မပါေပမယ့္ ရလဒ္ေတြ ဆုိးေနတဲ့ မန္ယူနဲ႔ နယူးကာဆယ္တို႔ ထိပ္တုိက္ေတြ႕မယ့္ ပဲြေကာင္းတစ္ပဲြ ရွိေနတယ္။ မန္ယူအသင္းက ၿပိဳင္ပဲြစုံ (၄)ပဲြဆက္ ႏုိင္ပဲြေပ်ာက္ေနသလုိ နယူးကာဆယ္အသင္းက ဒီရာသီ ၿပိဳင္ပဲြစုံမွာ ႏုိင္ပဲြတစ္ပဲြမွ မရေသးပါဘူး။ ရလဒ္ဆုိးေတြနဲ႔ ဒီႏွစ္သင္း ဆုံေတြ႕မႈမွာ ဘယ္အသင္းက ရလဒ္ေကာင္း ရယူသြားမလဲဆုိတာာ . .

ဘန္ေလ – ဟတ္ဒါဖီးလ္ (စေန ည ၈း၃၀)
ဘန္ေလအသင္း ရလဒ္ေတြ ျပန္ေကာင္းလာၿပီး ဘုန္းေမာက္၊ ကာဒစ္ဖ္တို႔ကုိ ဆက္တိုက္ အႏုိင္ယူခဲ့တယ္။ ဟတ္ဒါဖီးလ္ရဲ႕ အေျခအေနကေတာ့ ေတာ္ေတာ္ဆုိးဆုိးရြားရြားပါ။ အခုအခ်ိန္အထိ ႏုိင္ပဲြမရေသးသလုိ ရမွတ္(၂)မွတ္နဲ႔ အမွတ္ေပးဇယားေအာက္ေျခမွာ ရပ္တည္ေနရတယ္။ ေျခတက္ေနတဲ့ ဘန္ေလ အိမ္ကြင္းမွာ ႐ႈံးဖုိ႔ မရွိပါဘူး.

ပဲေလ့စ္ – ၀ုလ္ဗ္ (စေန ည ၈း၃၀)
ဒီရာသီမွာ တန္းတက္လာတဲ့ ၀ုလ္ဗ္အသင္းရဲ႕ ေျခစြမ္းမာေက်ာမႈကုိ အသိအမွတ္ျပဳရမယ္။ (၇)ပဲြကစားၿပီးခ်ိန္မွာ (၁)ပဲြပဲ ႐ႈံးထားသလုိ မန္ခ်က္စတာၿမိဳ႕ခံ (၂)သင္းစလုံးကုိ သေရကစားႏုိင္ခဲ့တယ္။ ပဲေလ့စ္ကေတာ့ ဒီရာသီမွာ ေျခစြမ္း မတည္ၿငိမ္ဘူး။ ႏုိင္ပဲြေတြ႕လုိက္ ျပန္ေပ်ာက္လုိက္ျဖစ္ေနတယ္။ အိမ္ကြင္းကစားပုံေတာ့ သိပ္မဆုိးပါဘူး။ ဒါေပမဲ့ အေ၀းကြင္းမွာ သေရတစ္မွတ္ ရယူႏုိင္စြမ္းရွိေနတဲ့ ၀ုလ္ဗ္ကို ပုိႀကိဳက္တယ္။

လက္စတာ – အဲဗာတန္ (စေန ည ၈း၃၀)

leicester-vs-everton

leicester-vs-everton

ကစားသမားေကာင္းေတြ ရွိေပမယ့္ အဲဗာတန္ ႐ုန္းကန္ေနရဆဲပဲ။ (၄)ပဲြဆက္ ႏုိင္ပဲြေပ်ာက္ခဲ့ၿပီးမွ ၿပီးခဲ့တဲ့တစ္ပတ္က ဖူလ္ဟမ္နဲ႔ပဲြမွာ ႏုိင္ပဲြ ျပန္ေတြ႕ခဲ့တယ္။ လက္စတာအသင္းဟာ ကစားသမားေကာင္းေတြကုိ (၁)ႏွစ္ (၁)ေယာက္ လက္လႊတ္ခဲ့ရေပမယ့္ ဆုိးဆုိးရြားရြားႀကီး မျဖစ္သြားဘူး။ ႏုိင္သင့္တဲ့ပဲြမွာ ရလဒ္ေကာင္း ရယူေလ့ရွိၿပီး အထူးသျဖင့္ အိမ္ကြင္းဆုိ ေျခစြမ္း ပုိေကာင္းတယ္။ သေရေမွ်ာ္လင့္ခြင့္ရွိေနတဲ့ လက္စတာကုိပဲ ေရြးခ်ယ္ခ်င္တယ္။

စပါး – ကာဒစ္ဖ္ (စေန ည ၈း၃၀)
ဒီရာသီ စပါးအသင္းရဲ႕ ေျခစြမ္းက မႏွစ္ကေလာက္ အားရစရာ မရွိဘူးျဖစ္ေနတယ္။ ဒါေပမဲ့ အဓိက တိုက္စစ္မွဴး ဟာရီကိန္း Harry Kane ဂုိးေပါက္ ျပန္ေတြ႕လာမႈနဲ႔အတူ ရလဒ္ေကာင္းေတြ ျပန္ရေနပါတယ္။ ကာဒစ္ဖ္ရဲ႕ အေနအထားကေတာ့ ထူးထူးျခားျခား ေျပာစရာမရွိဘဲ တန္းမဆင္းရေအာင္ ႐ုန္းကန္ရဖုိ႔ပဲ ရွိတယ္။ စပါးအသင္း အႏုိင္ေသခ်ာၿပီး (၂)ဂုိးေလာက္နဲ႔ အႏုိင္ရသြားဖုိ႔ ရွိတယ္။

၀က္ဖုိ႔ဒ္ – ဘုန္းေမာက္ (စေန ည ၈း၃၀)
ရာသီအစ (၄)ပဲြဆက္ အႏုိင္ရခဲ့တဲ့ ၀က္ဖုိ႔ဒ္ အရွိန္ျပန္က်သြားပါၿပီ။ ေနာက္ဆုံး(၃)ပဲြဆက္ ႏုိင္ပဲြေပ်ာက္ခဲ့သလုိ (၁)မွတ္ပဲ ရခဲ့တယ္။ ဘုန္းေမာက္ကေတာ့ ႏုိင္တစ္ခါ၊ ႐ႈံးတစ္လွည့္နဲ႔ ေရွ႕ဆက္ေနတယ္။ ႏွစ္သင္းစလုံး ေျခစြမ္း မကြာေပမယ့္ အိမ္ကြင္းအားသာခ်က္ရွိတဲ့ ၀က္ဖုိ႔ဒ္ကုိ ေရြးခ်ယ္ခ်င္တယ္။

မန္ယူ – နယူးကာဆယ္ (စေန ည ၁၁း၀၀)

Manchester-united-vs-Newcastle

Manchester-united-vs-Newcastle

မန္ယူအသင္းရဲ႕ အေနအထားက ေတာ္ေတာ္ေလး ဆုိးရြားေနတယ္။ ၿပိဳင္ပဲြစုံ ေနာက္ဆုံး(၄)ပဲြဆက္ ႏုိင္ပဲြေပ်ာက္ခဲ့သလုိ အိမ္ကြင္း(၄)ပဲြဆက္လည္း ႏုိင္ပဲြ မရွိခဲ့ဘူး။ စီနီယာကစားသမားေတြနဲ႔ နည္းျပ ေမာ္ရင္ဟုိ Mourinho ၾကား စည္းလုံးမႈ မရွိသလုိ၊ သူကုိယ္တိုင္လည္း အနာဂတ္ မေသခ်ာျဖစ္ေနတယ္။ နယူးကာဆယ္ကေတာ့ မန္ယူထက္ ပုိဆုိးတယ္။ ဒီရာသီ ၿပိဳင္ပဲြစုံ (၈)ပဲြ ကစားၿပီးခ်ိန္မွာ တစ္ပဲြမွ အႏုိင္မရခဲ့ဘူး။ အုိးလ္ထရက္ဖုိ႔ဒ္မွာ မန္ယူ မျဖစ္မေနအႏုိင္ ျပန္ရွာရမွာျဖစ္ေပမယ့္ ျပတ္သားတဲ့ရလဒ္ထြက္ေပၚလာဖုိ႔ မရွိဘဲ ဂုိးနည္းနည္းနဲ႔ အႏုိင္ရသြားမယ္လုိ႔ ထင္တယ္။

Photo:TSJ101 Sports,Goal,Premier League
Naing Linn(Akhayar)
www.akhayar.com

[Unicode]

အိမ်ကွင်းမှာ မဖြစ်မနေ နိုင်ပွဲပြန်ရှာရတော့မယ့် မန်ယူ

ပရီးမီးယားလိဂ်ပွဲစဉ်(၈) စနေနေ့ပွဲတွေမှာတော့ အသင်းကြီးအချင်းချင်း ထိပ်တိုက်တွေ့ဆုံတဲ့ပွဲ မပါပေမယ့် ရလဒ်တွေ ဆိုးနေတဲ့ မန်ယူနဲ့ နယူးကာဆယ်တို့ ထိပ်တိုက်တွေ့မယ့် ပွဲကောင်းတစ်ပွဲ ရှိနေတယ်။ မန်ယူအသင်းက ပြိုင်ပွဲစုံ (၄)ပွဲဆက် နိုင်ပွဲပျောက်နေသလို နယူးကာဆယ်အသင်းက ဒီရာသီ ပြိုင်ပွဲစုံမှာ နိုင်ပွဲတစ်ပွဲမှ မရသေးပါဘူး။ ရလဒ်ဆိုးတွေနဲ့ ဒီနှစ်သင်း ဆုံတွေ့မှုမှာ ဘယ်အသင်းက ရလဒ်ကောင်း ရယူသွားမလဲဆိုတာာ . .

ဘန်လေ – ဟတ်ဒါဖီးလ် (စနေ ည ၈း၃၀)
ဘန်လေအသင်း ရလဒ်တွေ ပြန်ကောင်းလာပြီး ဘုန်းမောက်၊ ကာဒစ်ဖ်တို့ကို ဆက်တိုက် အနိုင်ယူခဲ့တယ်။ ဟတ်ဒါဖီးလ်ရဲ့ အခြေအနေကတော့ တော်တော်ဆိုးဆိုးရွားရွားပါ။ အခုအချိန်အထိ နိုင်ပွဲမရသေးသလို ရမှတ်(၂)မှတ်နဲ့ အမှတ်ပေးဇယားအောက်ခြေမှာ ရပ်တည်နေရတယ်။ ခြေတက်နေတဲ့ ဘန်လေ အိမ်ကွင်းမှာ ရှုံးဖို့ မရှိပါဘူး.

ပဲလေ့စ် – ဝုလ်ဗ် (စနေ ည ၈း၃၀)
ဒီရာသီမှာ တန်းတက်လာတဲ့ ဝုလ်ဗ်အသင်းရဲ့ ခြေစွမ်းမာကျောမှုကို အသိအမှတ်ပြုရမယ်။ (၇)ပွဲကစားပြီးချိန်မှာ (၁)ပွဲပဲ ရှုံးထားသလို မန်ချက်စတာမြို့ခံ (၂)သင်းစလုံးကို သရေကစားနိုင်ခဲ့တယ်။ ပဲလေ့စ်ကတော့ ဒီရာသီမှာ ခြေစွမ်း မတည်ငြိမ်ဘူး။ နိုင်ပွဲတွေ့လိုက် ပြန်ပျောက်လိုက်ဖြစ်နေတယ်။ အိမ်ကွင်းကစားပုံတော့ သိပ်မဆိုးပါဘူး။ ဒါပေမဲ့ အဝေးကွင်းမှာ သရေတစ်မှတ် ရယူနိုင်စွမ်းရှိနေတဲ့ ဝုလ်ဗ်ကို ပိုကြိုက်တယ်။

လက်စတာ – အဲဗာတန် (စနေ ည ၈း၃၀)

leicester-vs-everton

leicester-vs-everton

ကစားသမားကောင်းတွေ ရှိပေမယ့် အဲဗာတန် ရုန်းကန်နေရဆဲပဲ။ (၄)ပွဲဆက် နိုင်ပွဲပျောက်ခဲ့ပြီးမှ ပြီးခဲ့တဲ့တစ်ပတ်က ဖူလ်ဟမ်နဲ့ပွဲမှာ နိုင်ပွဲ ပြန်တွေ့ခဲ့တယ်။ လက်စတာအသင်းဟာ ကစားသမားကောင်းတွေကို (၁)နှစ် (၁)ယောက် လက်လွှတ်ခဲ့ရပေမယ့် ဆိုးဆိုးရွားရွားကြီး မဖြစ်သွားဘူး။ နိုင်သင့်တဲ့ပွဲမှာ ရလဒ်ကောင်း ရယူလေ့ရှိပြီး အထူးသဖြင့် အိမ်ကွင်းဆို ခြေစွမ်း ပိုကောင်းတယ်။ သရေမျှော်လင့်ခွင့်ရှိနေတဲ့ လက်စတာကိုပဲ ရွေးချယ်ချင်တယ်။

စပါး – ကာဒစ်ဖ် (စနေ ည ၈း၃၀)
ဒီရာသီ စပါးအသင်းရဲ့ ခြေစွမ်းက မနှစ်ကလောက် အားရစရာ မရှိဘူးဖြစ်နေတယ်။ ဒါပေမဲ့ အဓိက တိုက်စစ်မှူး ဟာရီကိန်း Harry Kane ဂိုးပေါက် ပြန်တွေ့လာမှုနဲ့အတူ ရလဒ်ကောင်းတွေ ပြန်ရနေပါတယ်။ ကာဒစ်ဖ်ရဲ့ အနေအထားကတော့ ထူးထူးခြားခြား ပြောစရာမရှိဘဲ တန်းမဆင်းရအောင် ရုန်းကန်ရဖို့ပဲ ရှိတယ်။ စပါးအသင်း အနိုင်သေချာပြီး (၂)ဂိုးလောက်နဲ့ အနိုင်ရသွားဖို့ ရှိတယ်။

ဝက်ဖို့ဒ် – ဘုန်းမောက် (စနေ ည ၈း၃၀)
ရာသီအစ (၄)ပွဲဆက် အနိုင်ရခဲ့တဲ့ ဝက်ဖို့ဒ် အရှိန်ပြန်ကျသွားပါပြီ။ နောက်ဆုံး(၃)ပွဲဆက် နိုင်ပွဲပျောက်ခဲ့သလို (၁)မှတ်ပဲ ရခဲ့တယ်။ ဘုန်းမောက်ကတော့ နိုင်တစ်ခါ၊ ရှုံးတစ်လှည့်နဲ့ ရှေ့ဆက်နေတယ်။ နှစ်သင်းစလုံး ခြေစွမ်း မကွာပေမယ့် အိမ်ကွင်းအားသာချက်ရှိတဲ့ ဝက်ဖို့ဒ်ကို ရွေးချယ်ချင်တယ်။

မန်ယူ – နယူးကာဆယ် (စနေ ည ၁၁း၀၀)

Manchester-united-vs-Newcastle

Manchester-united-vs-Newcastle

မန်ယူအသင်းရဲ့ အနေအထားက တော်တော်လေး ဆိုးရွားနေတယ်။ ပြိုင်ပွဲစုံ နောက်ဆုံး(၄)ပွဲဆက် နိုင်ပွဲပျောက်ခဲ့သလို အိမ်ကွင်း(၄)ပွဲဆက်လည်း နိုင်ပွဲ မရှိခဲ့ဘူး။ စီနီယာကစားသမားတွေနဲ့ နည်းပြ မော်ရင်ဟို Mourinho ကြား စည်းလုံးမှု မရှိသလို၊ သူကိုယ်တိုင်လည်း အနာဂတ် မသေချာဖြစ်နေတယ်။ နယူးကာဆယ်ကတော့ မန်ယူထက် ပိုဆိုးတယ်။ ဒီရာသီ ပြိုင်ပွဲစုံ (၈)ပွဲ ကစားပြီးချိန်မှာ တစ်ပွဲမှ အနိုင်မရခဲ့ဘူး။ အိုးလ်ထရက်ဖို့ဒ်မှာ မန်ယူ မဖြစ်မနေအနိုင် ပြန်ရှာရမှာဖြစ်ပေမယ့် ပြတ်သားတဲ့ရလဒ်ထွက်ပေါ်လာဖို့ မရှိဘဲ ဂိုးနည်းနည်းနဲ့ အနိုင်ရသွားမယ်လို့ ထင်တယ်။

Photo:TSJ101 Sports,Goal,Premier League
Naing Linn(Akhayar)
www.akhayar.com