[Zawgyi]

ခ႐ုိေအးရွားတိုက္စစ္ကစားသမား ရီဘစ္ Rebic ကုိ ေခၚဖုိ႔ စိတ္၀င္စားေနတဲ့ မန္ယူ

ပရီးမီးယားလိဂ္ထိပ္သီးကလပ္ မန္ယူ Manchester United အသင္းဟာ ၂၀၁၈ ကမၻာ႔ဖလားၿပိဳင္ပဲြတုန္းက ခ႐ုိေအးရွားအသင္းအတြက္ ေျခစြမ္းျပကစားခဲ့တဲ့ ေတာင္ပံတိုက္စစ္ကစားသမား ရီဘစ္ Rebic ကုိ ေပါင္(၄၄)သန္းနဲ႔ ေခၚယူဖုိ႔ ျပင္ဆင္ေနတယ္ဆုိၿပီး ၿဗိတိန္သတင္းစာ Mirror က ေဖာ္ျပခဲ့တယ္။ အသက္(၂၄)ႏွစ္အရြယ္ရွိၿပီျဖစ္တဲ့ ရီဘစ္ဟာ အခုေလာေလာဆယ္ ဂ်ာမန္ကလပ္ ဖရန္႔ဖတ္အသင္းမွာ ကစားေနသူျဖစ္ၿပီး ၂၀၁၈ ကမၻာ႔ဖလားမွာ ျပသခဲ့တဲ့ေျခစြမ္းေၾကာင့္ မန္ယူနည္းျပေမာ္ရင္ဟုိ Mourinho က သူ႔ကုိ ေခၚယူလုိေနတာျဖစ္ပါတယ္။

Rebic

Rebic

ရီဘစ္ဟာ ၂၀၁၆ ေႏြရာသီတုန္းက ဖီအုိရင္တီးနားအသင္းကေန ဖရန္႔ဖတ္အသငး္ကုိ တစ္ရာသီအငွားနဲ႔ ေျပာင္းေရႊ႕ခဲ့သူျဖစ္ၿပီး ေျခစြမ္းျပကစားႏုိင္ခဲ့တာေၾကာင့္ ဖရန္႔ဖတ္အသင္းက သူ႔ကုိ ေနာက္ထပ္တစ္ရာသီ အငွားစာခ်ဳပ္ခ်ဳပ္ဆုိခဲ့သလုိ အၿပီးသတ္ေခၚယူဖို႔အထိ စီစဥ္ေနတယ္။ ၿပီးခဲ့တဲ့ရာသီက ဖရန္႔ဖတ္အသင္းအတြက္ ၿပိဳင္ပဲြစုံ(၂၈)ပဲြကစားခဲ့သူ ရီဘစ္ဟာ (၉)ဂုိးသြင္း ဂုိးဖန္တီးမႈ(၃)ႀကိမ္ျပဳလုပ္ခဲ့ၿပီး ဂ်ာမန္ထိပ္သီး ဘုိင္ယန္ျမဴးနစ္နဲ႔ ဆုံေတြ႕ခဲ့တဲ့ ဂ်ာမန္ဖလားဗုိလ္လုပဲြမွာ (၂)ဂုိးသြင္းယူခဲ့သလုိ အသင္းအတြက္ ခ်န္ပီယံဆုဖလားရရွိေအာင္ စြမ္းေဆာင္ခဲ့သူပါ။ ရီဘစ္အေနနဲ႔ ကလပ္အသင္းက ေျခစြမ္းေကာင္းကုိ ႏုိင္ငံအသင္းမွာလည္း ဆက္လက္ျပသခဲ့ၿပီး ၂၀၁၈ ကမၻာ႔ဖလားမွာ ခ႐ုိေအးရွားအသင္း ဗုိလ္လုပဲြတက္ေရာက္ႏုိင္ေအာင္ အဓိက ေနရာက ပါ၀င္ေျခစြမ္းျပခဲ့တဲ့အျပင္ ၿပိဳင္ဘက္ခံစစ္ကုိလည္း အေကာင္းဆုံးဒုကၡေပးခဲ့သူျဖစ္ပါတယ္။ မန္ယူအသင္းနည္းျပေမာ္ရင္ဟုိဟာ အခုေႏြရာသီအတြင္း ဒါေလာ့ Dalot ၊ ဘရာဇီးလ္ကြင္းလယ္တိုက္စစ္ကစားသမား ဖရက္ဒ္ Fred တို႔ကုိ ေခၚယူခဲ့ၿပီးျဖစ္ေပမယ့္ ညာေတာင္ပံတိုက္စစ္ေနရာကုိ အားျဖည့္ဖုိ႔ ဆႏၵရွိေနတာေၾကာင့္ ရီဘစ္ကုိ ေခၚယူလုိေနတာပဲျဖစ္ပါတယ္။

REF:Mirror
Photo:YouTube,The Sun
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ခရိုအေးရှားတိုက်စစ်ကစားသမား ရီဘစ် Rebic ကို ခေါ်ဖို့ စိတ်ဝင်စားနေတဲ့ မန်ယူ

ပရီးမီးယားလိဂ်ထိပ်သီးကလပ် မန်ယူ Manchester United အသင်းဟာ ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲတုန်းက ခရိုအေးရှားအသင်းအတွက် ခြေစွမ်းပြကစားခဲ့တဲ့ တောင်ပံတိုက်စစ်ကစားသမား ရီဘစ် Rebic ကို ပေါင်(၄၄)သန်းနဲ့ ခေါ်ယူဖို့ ပြင်ဆင်နေတယ်ဆိုပြီး ဗြိတိန်သတင်းစာ Mirror က ဖော်ပြခဲ့တယ်။ အသက်(၂၄)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရီဘစ်ဟာ အခုလောလောဆယ် ဂျာမန်ကလပ် ဖရန့်ဖတ်အသင်းမှာ ကစားနေသူဖြစ်ပြီး ၂၀၁၈ ကမ္ဘာ့ဖလားမှာ ပြသခဲ့တဲ့ခြေစွမ်းကြောင့် မန်ယူနည်းပြမော်ရင်ဟို Mourinho က သူ့ကို ခေါ်ယူလိုနေတာဖြစ်ပါတယ်။

Rebic

Rebic

ရီဘစ်ဟာ ၂၀၁၆ နွေရာသီတုန်းက ဖီအိုရင်တီးနားအသင်းကနေ ဖရန့်ဖတ်အသင်းကို တစ်ရာသီအငှားနဲ့ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး ခြေစွမ်းပြကစားနိုင်ခဲ့တာကြောင့် ဖရန့်ဖတ်အသင်းက သူ့ကို နောက်ထပ်တစ်ရာသီ အငှားစာချုပ်ချုပ်ဆိုခဲ့သလို အပြီးသတ်ခေါ်ယူဖို့အထိ စီစဉ်နေတယ်။ ပြီးခဲ့တဲ့ရာသီက ဖရန့်ဖတ်အသင်းအတွက် ပြိုင်ပွဲစုံ(၂၈)ပွဲကစားခဲ့သူ ရီဘစ်ဟာ (၉)ဂိုးသွင်း ဂိုးဖန်တီးမှု(၃)ကြိမ်ပြုလုပ်ခဲ့ပြီး ဂျာမန်ထိပ်သီး ဘိုင်ယန်မြူးနစ်နဲ့ ဆုံတွေ့ခဲ့တဲ့ ဂျာမန်ဖလားဗိုလ်လုပွဲမှာ (၂)ဂိုးသွင်းယူခဲ့သလို အသင်းအတွက် ချန်ပီယံဆုဖလားရရှိအောင် စွမ်းဆောင်ခဲ့သူပါ။ ရီဘစ်အနေနဲ့ ကလပ်အသင်းက ခြေစွမ်းကောင်းကို နိုင်ငံအသင်းမှာလည်း ဆက်လက်ပြသခဲ့ပြီး ၂၀၁၈ ကမ္ဘာ့ဖလားမှာ ခရိုအေးရှားအသင်း ဗိုလ်လုပွဲတက်ရောက်နိုင်အောင် အဓိက နေရာက ပါဝင်ခြေစွမ်းပြခဲ့တဲ့အပြင် ပြိုင်ဘက်ခံစစ်ကိုလည်း အကောင်းဆုံးဒုက္ခပေးခဲ့သူဖြစ်ပါတယ်။ မန်ယူအသင်းနည်းပြမော်ရင်ဟိုဟာ အခုနွေရာသီအတွင်း ဒါလော့ Dalot ၊ ဘရာဇီးလ်ကွင်းလယ်တိုက်စစ်ကစားသမား ဖရက်ဒ် Fred တို့ကို ခေါ်ယူခဲ့ပြီးဖြစ်ပေမယ့် ညာတောင်ပံတိုက်စစ်နေရာကို အားဖြည့်ဖို့ ဆန္ဒရှိနေတာကြောင့် ရီဘစ်ကို ခေါ်ယူလိုနေတာပဲဖြစ်ပါတယ်။

REF:Mirror
Photo:YouTube,The Sun
Naing Linn(Akhayar)
www.akhayar.com