[Zawgyi]




www.akhayarmedia.com


[Unicode]

လုပ်ပွဲကစားမှုကြောင့် တရားရင်ဆိုင်ရမယ့် မန်ယူကွင်းလယ်လူ ဟာရဲရား(Herrera)

မန်ယူအသင်းရဲ့ကွင်းလယ်ကစားသမား ဟာရဲရား(Herrera)ဟာ ၂၀၁၁ ခုနှစ်က လာလီဂါပွဲစဉ်တစ်ပွဲ လုပ်ပွဲကစားမှုကို စွဲချက်တင်ခံရတာကြောင့် တရားရင်ဆိုင်ရဖို့ ရှိနေပါတယ်။ အဆိုပါလုပ်ပွဲအရှုပ်တော်ပုံဟာ ၂၀၁၁ ခုနှစ်က ဟာရဲရား(Herrera)က အသင်းဟောင်းဇာရာဂိုဇာနဲ့ လီဗန်တေးတို့ စပိန်လာလီဂါပွဲစဉ်မှာ ဇာရာဂိုဇာအသင်းဟာ လီဗန်တေးအသင်းကို အနိုင်ရစေဖို့ ငွေကြေးလာဘ်ထိုးခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။

ဇာရာဂိုဇာအသင်းဟာ အဆိုပါနိုင်ပွဲကြောင့် လာလီဂါမှာဆက်လက်ရှိနေခဲ့ပြီး လီဗန်တေးအသင်းမှာ တန်းဆင်းသွားခဲ့ရပြီး အဆိုပါဖြစ်ရပ်ကို စပိန်အာဏာပိုင်တွေက စုံစမ်းစစ်ဆေးပြီး လုပ်ပွဲအဖြစ် သံသယရှိနေတာပါ။ ၂၀၁၄ ခုနှစ်က ဟာရဲရားဟာ အဆိုပါစွပ်စွဲချက်နဲ့ပတ်သတ်ပြီး ငြင်းဆန်ခဲ့ပါသေးတယ်။ ဟာရဲရား(Herrera)က “ပွဲရလဒ်တွေကို ကြိုးကိုင်တာနဲ့ပတ်သတ်တာမျိုး ကျွန်တော် တစ်ခါမှမလုပ်ဆောင်ခဲ့သလို နောက်လည်း လုပ်ဆောင်မှာမဟုတ်ပါဘူး”လို့ ဆိုခဲ့ပါတယ်။ အဆိုပါလုပ်ပွဲနဲ့ပတ်သတ်ပြီး အက်သလက်တီကိုကွင်းလယ်လူ ဂါဘီအပါအဝင် အခြားကစားသမား (၃၃) ယောက်ထိ မျက်မြင်သက်သေအဖြစ် စွဲချက်တင်ခဲ့လို့ ဟာရဲရားအနေနဲ့ တရားရင်ဆိုင်ရဖို့ ရှိနေပါတယ်။

www.akhayarmedia.com

Facebook လူမှုကွန်ရက်ပေါ်တွင်တင်ဆက်နေသည့် စာမျက်နှာများတွင် အခရာမှတင်ဆက်ထားသည့် ဆောင်းပါးများ၊ သတင်းများကို ခွင့်ပြုချက် တစ်စုံတစ်ရာ ရယူထားခြင်းမရှိဘဲ စီးပွားဖြစ် ကူးယူသုံးစွဲနေသည်များကို တွေ့ရှိနေရပါသည်။ အခရာစာမျက်နှာအား တစ်ဦးတစ်ယောက်ချင်း ဝေမျှသည်ကို အသိအမှတ်ပြုကျေးဇူးတင်သော်လည်း စီပွားဖြစ်တည်ထောင်ထားသည့် စာမျက်နှာများ၊ ဝက်ဘ်ဆိုက်များတွင် ကူးယူတင်ဆက်နေသည်များကိုမူ ပြင်းထန်စွာကန့်ကွက်ပါသည်။ သို့ဖြစ်ပါ၍ အခရာမီဒီယာမှတင်ဆက်နေသည့် အကြောင်းအရာများထဲမှ စာသားအချို့ကိုဖြစ်စေ ၊ အပုဒ်လိုက်ဖြစ်စေ ၊ တစ်ပိုဒ်ခြင်းဖြစ်စေ ကူးယူသုံးစွဲခြင်းမပြုရန်နှင့် ဆက်လက်ပြုလုပ်ပါက ခိုးယူသုံးစွဲနေသည့် စာမျက်နှာများကို အမည်နှင့်တကွ အများသိစေရန်ကြေညာသွားမည်ဖြစ်ပြီး ဥပဒေအရ အရေးယူမည်ဖြစ်ကြောင်း သတိပေးကြေညာအပ်ပါသည်။