[Zawgyi]

ကြင္းလယ္လူ ဟာရဲရား Herrera ကုိ (၂)ႏွစ္စာခ်ဳပ္သက္တမ္းတိုးမယ့္ မန္ယူ

မန္ယူအသင္းဟာ စပိန္ကြင္းလယ္လူ ဟာရဲရား Herrera ကုိ (၂)ႏွစ္စာခ်ဳပ္သက္တမ္းတိုးဖုိ႔ စီစဥ္ေနတာေၾကာင့္ မန္ယူအသင္းမွာ ဆက္ကစားလုိေနတဲ့ ဟာရဲရားရဲ႕ ဆႏၵေတြ ျပည့္ေျမာက္ေတာ့မွာျဖစ္ပါတယ္။ မန္ယူအသင္း ဘုတ္အဖြဲ႕က ႏုိင္ငံတကာပဲြစဥ္ေတြ ယွဥ္ၿပိဳင္မယ့္ လာမယ့္တစ္ပတ္က်ရင္ ဟာရဲရားနဲ႔ ေတြ႕ဆုံၿပီး စာခ်ဳပ္သစ္ကိစၥအတြက္ ေဆြးေႏြးသြားဖုိ႔ စီစဥ္ေနပါၿပီ။ အသက္(၂၉)ႏွစ္အရြယ္ရွိၿပီျဖစ္တ့ဲ ဟာရဲရားက ေမာ္ရင္ဟုိ Mourinho ရဲ႕ လက္ေအာက္မွာ ပုံမွန္ပဲြထြက္ခြင့္ရဖုိ႔ ႐ုန္းကန္ေနရေပမယ့္လည္း ဒီအသင္းမွာပဲ ဆက္ကစားဖုိ႔ ဆႏၵရွိေနတယ္လုိ႔ ဖြင့္ဟေျပာဆုိခဲ့ဖူးပါတယ္။

Herrera-and-mourinho

Herrera-and-mourinho

ဟာရဲရားရဲ႕ လက္ရွိစာခ်ဳပ္က လာမယ့္ ၂၀၁၉ ခုႏွစ္က်ရင္ သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္လုိ႔ မန္ယူအသင္းကလည္း သူ႔ကုိ အလြတ္နဲ႔ လက္မလႊတ္ရဖုိ႔အတြက္ စာခ်ဳပ္သက္တမ္းတိုးဖုိ႔ စီစဥ္ေနတာပါ။ ၂၀၁၄ ခုႏွစ္တုန္းက ဘီလ္ဘာအုိအသင္းကေန ေပါင္(၂၈.၈)သန္းနဲ႔ ေျပာင္းေရႊ႕ခဲ့တဲ့ ဟာရဲရားဟာ ၂၀၁၆ ခုႏွစ္တုန္းက မန္ယူအသင္းရဲ႕ တစ္ႏွစ္တာအေကာင္းဆုံး ကစားသမားဆုကို ဆြတ္ခူးခဲ့သူျဖစ္ပါတယ္။ မန္ယူပရိသတ္ေတြ ႀကိဳက္ႏွစ္သက္တဲ့ ကစားသမားထဲမွာ တစ္ဦးအပါအ၀င္ျဖစ္တဲ့ ဟာရဲရားကုိ လာလီဂါကလပ္ တခ်ိဳ႕က ေခၚယူဖုိ႔ စိတ္၀င္စားေနေပမယ့္ ဟာရဲရားက မန္ယူကေန ထြက္ခြာဖုိ႔ ဆႏၵမရွိတာေၾကာင့္ အသငး္နဲ႔ စာခ်ဳပ္သက္တမ္းတုိးဖုိ႔ ေမွ်ာ္လင့္ေနတာလည္းျဖစ္ပါတယ္။

REF:The Sun
Photo:Reddit,AS
Naing Linn(Akhayar)
www.akhayar.com

[Unicode]

ကွင်းလယ်လူ ဟာရဲရား Herrera ကို (၂)နှစ်စာချုပ်သက်တမ်းတိုးမယ့် မန်ယူ

မန်ယူအသင်းဟာ စပိန်ကွင်းလယ်လူ ဟာရဲရား Herrera ကို (၂)နှစ်စာချုပ်သက်တမ်းတိုးဖို့ စီစဉ်နေတာကြောင့် မန်ယူအသင်းမှာ ဆက်ကစားလိုနေတဲ့ ဟာရဲရားရဲ့ ဆန္ဒတွေ ပြည့်မြောက်တော့မှာဖြစ်ပါတယ်။ မန်ယူအသင်း ဘုတ်အဖွဲ့က နိုင်ငံတကာပွဲစဉ်တွေ ယှဉ်ပြိုင်မယ့် လာမယ့်တစ်ပတ်ကျရင် ဟာရဲရားနဲ့ တွေ့ဆုံပြီး စာချုပ်သစ်ကိစ္စအတွက် ဆွေးနွေးသွားဖို့ စီစဉ်နေပါပြီ။ အသက်(၂၉)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဟာရဲရားက မော်ရင်ဟို Mourinho ရဲ့ လက်အောက်မှာ ပုံမှန်ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရပေမယ့်လည်း ဒီအသင်းမှာပဲ ဆက်ကစားဖို့ ဆန္ဒရှိနေတယ်လို့ ဖွင့်ဟပြောဆိုခဲ့ဖူးပါတယ်။

Herrera-and-mourinho

Herrera-and-mourinho

ဟာရဲရားရဲ့ လက်ရှိစာချုပ်က လာမယ့် ၂၀၁၉ ခုနှစ်ကျရင် သက်တမ်းကုန်ဆုံးတော့မှာဖြစ်လို့ မန်ယူအသင်းကလည်း သူ့ကို အလွတ်နဲ့ လက်မလွှတ်ရဖို့အတွက် စာချုပ်သက်တမ်းတိုးဖို့ စီစဉ်နေတာပါ။ ၂၀၁၄ ခုနှစ်တုန်းက ဘီလ်ဘာအိုအသင်းကနေ ပေါင်(၂၈.၈)သန်းနဲ့ ပြောင်းရွှေ့ခဲ့တဲ့ ဟာရဲရားဟာ ၂၀၁၆ ခုနှစ်တုန်းက မန်ယူအသင်းရဲ့ တစ်နှစ်တာအကောင်းဆုံး ကစားသမားဆုကို ဆွတ်ခူးခဲ့သူဖြစ်ပါတယ်။ မန်ယူပရိသတ်တွေ ကြိုက်နှစ်သက်တဲ့ ကစားသမားထဲမှာ တစ်ဦးအပါအဝင်ဖြစ်တဲ့ ဟာရဲရားကို လာလီဂါကလပ် တချို့က ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် ဟာရဲရားက မန်ယူကနေ ထွက်ခွာဖို့ ဆန္ဒမရှိတာကြောင့် အသင်းနဲ့ စာချုပ်သက်တမ်းတိုးဖို့ မျှော်လင့်နေတာလည်းဖြစ်ပါတယ်။

REF:The Sun
Photo:Reddit,AS
Naing Linn(Akhayar)
www.akhayar.com