[Zawgyi]

အေျပာင္းအေရႊ႕ေစ်းကြက္မပိတ္ခင္ ကစားသမားသစ္ မေခၚႏုိင္ခဲ့လုိ႔ ေဒါသေပါက္ကဲြေနတဲ့ Mourinho

မန္ယူအသင္းနည္းျပ ေမာ္ရင္ဟုိ Mourinho ဟာ ေႏြရာသီအေျပာင္းအေရႊ႕ ေနာက္ဆုံးရက္မွာ ကစားသမားသစ္တစ္ဦး မေခၚႏုိင္ခဲ့တဲ့အတြက္ အသင္းတာ၀န္ရွိသူေတြကုိ မေက်မနပ္ျဖစ္ေနတယ္။ မန္ယူအသငး္ဟာ အေျပာင္းအေရႊ႕ေနာက္ဆုံးေန႔မွာ အက္သလက္တီကုိအသင္းရဲ႕ ဥ႐ုေဂြး ေနာက္ခံလူ ဂုိဒင္ Godin ကုိ ေပါင္(၁၈)သန္းနဲ႔ ကမ္းလွမ္းခဲ့ေပမယ့္လည္း အဲဒီမတိုင္ခင္ကတည္းက ဂုိဒင္နဲ႔ အက္သလက္တီကုိအသင္းက စာခ်ဳပ္သက္တမ္းတိုးဖုိ႔ သေဘာတူညီမႈရခဲ့ၿပီးျဖစ္ပါတယ္။

Diego-Godin

Diego-Godin

ေမာ္ရင္ဟုိက မန္ယူအသင္းအေနနဲ႔ ကစားသမားသစ္ အနည္းဆုံးတစ္ဦးေလာက္ ထပ္မေခၚခဲ့ရင္ ဒီရာသီမွာ အခက္ေတြ႕ရလိမ့္မယ္လုိ႔ အရင္ကတည္းက သတိေပးခဲ့ဖူးပါတယ္။ မန္ယူအသင္းဟာ ဒီေႏြရာသီမွာ ဖရက္ဒ္ Fred ၊ ဒါေလာ့တ္ Dalot ၊ လီဂရန္႔ Lee Grant တို႔ကုိ ေခၚယူခဲ့ၿပီး ေမာ္ရင္ဟုိက ေနာက္ခံလူတစ္ဦးကုိ ကမၻာ႔စံခ်ိန္တင္ေျပာင္းေရႊ႕ေၾကးေပးၿပီး ေခၚယူဖုိ႔ ဆႏၵရွိေပမယ့္ မန္ယူအသင္း ဒုအမႈေဆာင္ခ်ဳပ္ျဖစ္တဲ့ အက္ဒ္၀ုဒ္၀ပ္ Ed Woodward က ေမာ္ရင္ဟုိရဲ႕ ဆႏၵကုိ မျဖည့္ဆည္းႏုိင္ခဲ့ပါဘူး။ ဒီေႏြရာသီမွာ မန္ယူအသင္းနဲ႔ သတင္းထြက္ခဲ့တဲ့ ေနာက္ခံလူေတြ အမ်ားႀကီးရွိခဲ့ၿပီး မက္ဂြိဳင္းေယး Maguire ၊ ဘုိတန္ Boateng ၊ ယဲလ္ရီမီနာ Yerry Mina တို႔ကုိ ပစ္မွတ္ထားခဲ့ေပမယ့္ တစ္ေယာက္မေခၚႏုိင္ခ့ဲတာေၾကာင့္ ေမာ္ရင္ဟုိက ေဒါသေပါက္ကဲြေနတာလည္း ျဖစ္ပါတယ္။

REF:Daily Mail
Photo:Evening Standard,Getty Images,The Busby Babe
Naing Linn (Akhayar)
www.akhayar.com

[Unicode]

အပြောင်းအရွှေ့ဈေးကွက်မပိတ်ခင် ကစားသမားသစ် မခေါ်နိုင်ခဲ့လို့ ဒေါသပေါက်ကွဲနေတဲ့ Mourinho

မန်ယူအသင်းနည်းပြ မော်ရင်ဟို Mourinho ဟာ နွေရာသီအပြောင်းအရွှေ့ နောက်ဆုံးရက်မှာ ကစားသမားသစ်တစ်ဦး မခေါ်နိုင်ခဲ့တဲ့အတွက် အသင်းတာဝန်ရှိသူတွေကို မကျေမနပ်ဖြစ်နေတယ်။ မန်ယူအသင်းဟာ အပြောင်းအရွှေ့နောက်ဆုံးနေ့မှာ အက်သလက်တီကိုအသင်းရဲ့ ဥရုဂွေး နောက်ခံလူ ဂိုဒင် Godin ကို ပေါင်(၁၈)သန်းနဲ့ ကမ်းလှမ်းခဲ့ပေမယ့်လည်း အဲဒီမတိုင်ခင်ကတည်းက ဂိုဒင်နဲ့ အက်သလက်တီကိုအသင်းက စာချုပ်သက်တမ်းတိုးဖို့ သဘောတူညီမှုရခဲ့ပြီးဖြစ်ပါတယ်။

Diego-Godin

Diego-Godin

မော်ရင်ဟိုက မန်ယူအသင်းအနေနဲ့ ကစားသမားသစ် အနည်းဆုံးတစ်ဦးလောက် ထပ်မခေါ်ခဲ့ရင် ဒီရာသီမှာ အခက်တွေ့ရလိမ့်မယ်လို့ အရင်ကတည်းက သတိပေးခဲ့ဖူးပါတယ်။ မန်ယူအသင်းဟာ ဒီနွေရာသီမှာ ဖရက်ဒ် Fred ၊ ဒါလော့တ် Dalot ၊ လီဂရန့် Lee Grant တို့ကို ခေါ်ယူခဲ့ပြီး မော်ရင်ဟိုက နောက်ခံလူတစ်ဦးကို ကမ္ဘာ့စံချိန်တင်ပြောင်းရွှေ့ကြေးပေးပြီး ခေါ်ယူဖို့ ဆန္ဒရှိပေမယ့် မန်ယူအသင်း ဒုအမှုဆောင်ချုပ်ဖြစ်တဲ့ အက်ဒ်ဝုဒ်ဝပ် Ed Woodward က မော်ရင်ဟိုရဲ့ ဆန္ဒကို မဖြည့်ဆည်းနိုင်ခဲ့ပါဘူး။ ဒီနွေရာသီမှာ မန်ယူအသင်းနဲ့ သတင်းထွက်ခဲ့တဲ့ နောက်ခံလူတွေ အများကြီးရှိခဲ့ပြီး မက်ဂွိုင်းယေး Maguire ၊ ဘိုတန် Boateng ၊ ယဲလ်ရီမီနာ Yerry Mina တို့ကို ပစ်မှတ်ထားခဲ့ပေမယ့် တစ်ယောက်မခေါ်နိုင်ခဲ့တာကြောင့် မော်ရင်ဟိုက ဒေါသပေါက်ကွဲနေတာလည်း ဖြစ်ပါတယ်။

REF:Daily Mail
Photo:Evening Standard,Getty Images,The Busby Babe
Naing Linn (Akhayar)
www.akhayar.com