မန်ယူအသင်းကတော့ အရင်လို စိတ်ပျက်စရာကစားပုံနဲ့ အိမ်ကွင်းမှာ ပဲလေ့စ်ကို အရှုံးပေးခဲ့ရပါတယ်။ တစ်ပွဲလုံးမှာ မန်ယူအသင်းရဲ့ ခြေစွမ်းက အလွဲလွဲအချော်ချော်ဖြစ်ခဲ့ပြီး ပိုဆိုးတာက ရပ်ရှ်ဖို့ဒ် Rashford ပယ်နယ်တီ လွဲခဲ့တာပါပဲ။ အဓိက ကွင်းလယ်လူ ပေါ့ဘာ Paul Pogba ကလည်း တိုက်စစ်ကို ပံ့ပိုးနိုင်မှု မရှိသလို ခံစစ်ကိုလည်း Cove မလုပ်နိုင်ခဲ့ဘူး။ ဆိုးလ်ရှား Ole Gunnar Solskjaer ရဲ့ နည်းဗျူဟာတွေက အလုပ်မဖြစ်ခဲ့ဘဲ တိုက်စစ်မှာ လူပိုလိုဖြစ်နေတဲ့ မာစီယဲလ် Anthony Martial ၊ Out Of Form ဖြစ်နေတဲ့ ပေါ့ဘာ Paul Pogba တို့ကို လူစားလဲပြီး အပြောင်းအလဲလုပ်သင့်ပေမယ့် ဘာလုပ်ပြမလဲဆိုတာကို ထိုင်စောင့်နေရင် အချိန်ကုန်ခဲ့ရတယ်။ လင်ဂတ် Jesse Lingard ကတော့ နောက်ပွဲတွေမှာ Line Up Out သင့်နေပါပြီ။

ပဲလေ့စ်အသင်းက ဘာမှထွေထွေထူးထူး နည်းဗျူဟာ သုံးသွားတာ မဟုတ်ပါဘူး။ ခံစစ်ကိုပဲ ဦးစားပေးပြီး တန်ပြန်တိုက်စစ်တွေနဲ့သာ မန်ယူကို ထိုးဖောက်ခဲ့တာပါ။ မန်ယူပေးလိုက်ရတဲ့ ဂိုးက လင်ဒီလော့ဖ် Victor Lindelof ကြောင့်ဖြစ်သလို မက်ဂွိုင်းယား Harry Maguire ရဲ့ တွက်ဆမှု မှားယွင်းမှုကြောင့်လို့လည်း ပြောရမယ်။ လင်ဒီလော့ဖ်ဟာ ရှာလော့ပ် Schlupp ရဲ့ Physical ကို မယှဉ်နိုင်ခဲ့သလို မက်ဂွိုင်းယားက Marking လွတ်နေတဲ့ ဂျော်ဒန်အာယူး Jordan Ayew ကို Mark လုပ်သင့်ပေမယ့် တွေဝေနေတာကြောင့် သူတို့နှစ်ဦးကြား လွတ်နေတဲ့ Space ကနေ ဂျော်ဒန်အာယူးက လွတ်လွတ်ကျွတ်ကျွတ် ဆွဲယူကန်သွင်းခဲ့တာဖြစ်ပါတယ်။ မာစီယဲလ်၊ ရပ်ရှ်ဖို့ဒ်တို့က တွဲလုံးတွေနဲ့ ကစားရမယ့်အစား တစ်ယောက်ချင်း ကျော်ဖြတ်ဖို့ ကြိုးစားနေတာကြောင့် မန်ယူတိုက်စစ်က အပျက်များနေခဲ့တယ်။

မိနစ်(၇၀)မှာ မန်ယူ အခွင့်အရေးကောင်းအဖြစ် ပယ်နယ်တီကန်ခွင့်ရပေမယ့် ဒီတစ်ကြိမ် ကံဆိုးသူမောင်ရှင်ဖြစ်ခဲ့တဲ့ ရပ်ရှ်ဖို့ဒ်ရဲ့ကန်ချက် တိုင်ထိထွက်ခဲ့ပြန်ပါတယ်။ မန်ယူအတွက် ချေပဂိုးကိုတော့ (၈၉)မိနစ်မှာ ဒန်နီယဲလ်ဂျိမ်းစ် Daniel James က ဂိုးဧရိယာထဲကနေ လှလှပပကန်သွင်းယူခဲ့ဖြစ်ပြီး လက်ကျန်(၅)မိနစ်လောက်ကျန်ချိန်မှာ ဂိုးရဖို့ တင်ကစားဖို့ လိုနေပေမယ့် မန်ယူတစ်သင်းလုံး အာရုံစူးစိုက်မှု လျော့ကျသွားတာကတော့ စိတ်ပျက်စရာပါပဲ။ (၉၃)မိနစ်မှာ ပေါ့ဘာဆီက ပျက်သွားတဲ့ဘောလုံးကနေ ဗန်အန်းဟော့ Patrick Van Aanholt က အပြင်းကန်သွင်းခဲ့ပြီး ဒီဂိုးက ဒီဂီယာ De Gea ရဲ့ အမှားမကင်းပါဘူး။ ဒီရှုံးပွဲကြောင့် မန်ယူအသင်းဟာ ပရီးမီးယားလိဂ်သမိုင်းတစ်လျှောက် ပဲလေ့စ်ကို ပထမဆုံးရှုံးခဲ့တဲ့ မှတ်တမ်းဆိုးကို ပိုင်ဆိုင်ခဲ့ပါပြီ။

Photo:Manchester United Facebook
Naing Linn(Akhayar)
www.akhayar.com