[Zawgyi]

အေမရိကန္ Online Store မွာ နာမည္စာလံုးေပါင္း မွားယြင္းေဖာ္ျပခံခဲ့ရတဲ့ လူကာကူ Lukaku

မန္ယူအသင္းရဲ႕ အေမရိကန္ Online Store မွာ တိုက္စစ္မွဴး လူကာကူ Lukaku ရဲ႕ နာမည္စာလံုးေပါင္းကို မွားယြင္းေဖာ္ျပခံခဲ့ရပါတယ္။ ရာသီႀကိဳ ေျခစမ္းကစားဖို႔ အေမရိကန္ႏိုင္ငံကုိ မန္ယူအသင္း ေရာက္ရွိေနခ်ိန္မွာ လူကာကူ Lukaku ရဲ႕ နာမည္ကို အေမရိကန္ Online Store က မွားယြင္းေဖာ္ျပခဲ့တာျဖစ္ပါတယ္။ အရည္အေသြးအနည္းငယ္ နိမ့္က်တဲ့ Replica ဂ်ာစီမွာ ေရးထိုးထားတဲ့ လူကာကူ Lukaku ရဲ႕ နာမည္က ‘LAKAKU’ လို႔မွားယြင္းခဲ့တာျဖစ္ပါတယ္။ နာမည္မွားယြင္းမႈ ျဖစ္ပြားၿပီး နာရီပိုင္းအၾကာမွာပဲ အေမရိကန္ Online Store က အမွားျပန္လည္ျပင္ဆင္ခဲ့ၿပီး ပံုအသစ္ကို အစားထိုးခဲ့ပါတယ္။ အခ်ိန္မီျပင္ဆင္ခဲ့ေပမယ့္ အေမရိကန္ Online Store ရဲ႕ ျဖစ္ရပ္က ဟာသတစ္ခုျဖစ္ခဲ့ၿပီး လူမႈကြန္ရက္စာမ်က္ႏွာေတြထက္မွာ Troll ျပဳလုပ္ခံခဲ့ရပါတယ္။ အေမရိကန္ႏိုင္ငံကို ထြက္ခြာလာတဲ့ မန္ယူအသင္းရဲ႕ ရာသီႀကိဳေျခစမ္းပြဲ လူစာရင္းမွာ ကမၻာ႔ဖလားၿပိဳင္ပြဲအၿပီး အားလပ္ရက္ရထားတဲ့ တိုက္စစ္မွဴး လူကာကူ Lukaku ပါဝင္ခဲ့ျခင္းမရွိပါဘူး။

US-store-spells-Romelu-Lukaku-incorrectly

US-store-spells-Romelu-Lukaku-incorrectly

လာမယ့္ေဘာလံုးရာသီမွာ အသံုးျပဳမယ့္ မန္ယူအသင္းရဲ႕ အားကစားဝတ္စံုေတြကို အသင္းပိုင္ ဝက္ဘ္ဆိုက္မွာ စတင္ေရာင္းခ်ေနၿပီး အစစ္အမွန္ Authentic အိမ္ကြင္းဂ်ာစီတစ္စံုကို (၁၉၂)ေပါင္နဲ႔ ေရာင္းခ်ေနတာျဖစ္ပါတယ္။ အရည္အေသြးအနည္းငယ္ နိမ့္က်တဲ့ Replica ဂ်ာစီတစ္စံုကိုေတာ့ (၁၂၆)ေပါင္နဲ႔ ေရာင္းခ်ေနခဲ့ပါတယ္။ အစစ္အမွန္ Authentic ဂ်ာစီက အရည္အေသြးအနည္းငယ္ အနည္းငယ္နိမ့္က်တဲ့ Replica ဂ်ာစီထက္ (၄၅)ေပါင္ခန္႔ ပိုမို က်သင့္မွာ ျဖစ္ပါတယ္။ မန္ယူအသင္းအပါအဝင္ ပရီးမီးယားလိဂ္ကလပ္အသင္းေတြရဲ႕ ဂ်ာစီေရာင္းေစ်းေတြက အရင္ရာသီေတြထက္ မ်ားျပားေနခဲ့လို႔ ေဝဖန္မႈေတြနဲ႔ ရင္ဆိုင္ေနခဲ့ရပါတယ္။ ပရီးမီးယားလိဂ္ ထိပ္တန္းအသင္းေတြရဲ႕ ဂ်ာစီေစ်းႏႈန္းဟာ ဂ်ာမန္ဘြန္ဒစ္လီဂါထိပ္သီး ဘိုင္ယန္ျမဴးနစ္အသင္းရဲ႕ တစ္ရာသီစာ အိမ္ကြင္းလက္မွတ္ေစ်းႏႈန္းထက္ (၆၈)ေပါင္ခန္႔ ပိုမိုမ်ားျပားေနခဲ့ပါတယ္။ ဘိုင္ယန္ျမဴးနစ္အသင္းရဲ႕ တစ္ရာသီစာ အိမ္ကြင္းလက္မွတ္ေစ်းႏႈန္းက (၁၂၄)ေပါင္သာ က်သင့္မွာျဖစ္ပါတယ္။

Authentic-Man-United-kit-for-the-new-season

Authentic-Man-United-kit-for-the-new-season

မန္ယူအသင္းရဲ႕ အိမ္ကြင္းဂ်ာစီေစ်းႏႈန္း

Authentic – (၁၉၂.၈၅)ေပါင္
အက်ႌ – (၁၀၉.၉၅)ေပါင္
ေဘာင္းဘီ – (၄၂.၉၅)ေပါင္
ေျခအိတ္ – (၂၉.၉၅)ေပါင္
ေက်ာနံပါတ္ႏွင့္ နာမည္ စာလံုးရိုက္ႏွိပ္ခ – (၁၀)ေပါင္

Replica – (၁၂၆.၈၅)ေပါင္
အက်ႌ – (၆၄.၉၅)ေပါင္
ေဘာင္းဘီ – (၃၄.၉၅)ေပါင္
ေျခအိတ္ – (၁၆.၉၅)ေပါင္
ေက်ာနံပါတ္ႏွင့္ နာမည္ စာလံုးရိုက္ႏွိပ္ခ – (၁၀)ေပါင္

REF:The Sun
Photo:The Sun
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

အမေရိကန် Online Store မှာ နာမည်စာလုံးပေါင်း မှားယွင်းဖော်ပြခံခဲ့ရတဲ့ လူကာကူ Lukaku

မန်ယူအသင်းရဲ့ အမေရိကန် Online Store မှာ တိုက်စစ်မှူး လူကာကူ Lukaku ရဲ့ နာမည်စာလုံးပေါင်းကို မှားယွင်းဖော်ပြခံခဲ့ရပါတယ်။ ရာသီကြို ခြေစမ်းကစားဖို့ အမေရိကန်နိုင်ငံကို မန်ယူအသင်း ရောက်ရှိနေချိန်မှာ လူကာကူ Lukaku ရဲ့ နာမည်ကို အမေရိကန် Online Store က မှားယွင်းဖော်ပြခဲ့တာဖြစ်ပါတယ်။ အရည်အသွေးအနည်းငယ် နိမ့်ကျတဲ့ Replica ဂျာစီမှာ ရေးထိုးထားတဲ့ လူကာကူ Lukaku ရဲ့ နာမည်က ‘LAKAKU’ လို့မှားယွင်းခဲ့တာဖြစ်ပါတယ်။ နာမည်မှားယွင်းမှု ဖြစ်ပွားပြီး နာရီပိုင်းအကြာမှာပဲ အမေရိကန် Online Store က အမှားပြန်လည်ပြင်ဆင်ခဲ့ပြီး ပုံအသစ်ကို အစားထိုးခဲ့ပါတယ်။ အချိန်မီပြင်ဆင်ခဲ့ပေမယ့် အမေရိကန် Online Store ရဲ့ ဖြစ်ရပ်က ဟာသတစ်ခုဖြစ်ခဲ့ပြီး လူမှုကွန်ရက်စာမျက်နှာတွေထက်မှာ Troll ပြုလုပ်ခံခဲ့ရပါတယ်။ အမေရိကန်နိုင်ငံကို ထွက်ခွာလာတဲ့ မန်ယူအသင်းရဲ့ ရာသီကြိုခြေစမ်းပွဲ လူစာရင်းမှာ ကမ္ဘာ့ဖလားပြိုင်ပွဲအပြီး အားလပ်ရက်ရထားတဲ့ တိုက်စစ်မှူး လူကာကူ Lukaku ပါဝင်ခဲ့ခြင်းမရှိပါဘူး။

US-store-spells-Romelu-Lukaku-incorrectly

US-store-spells-Romelu-Lukaku-incorrectly

လာမယ့်ဘောလုံးရာသီမှာ အသုံးပြုမယ့် မန်ယူအသင်းရဲ့ အားကစားဝတ်စုံတွေကို အသင်းပိုင် ဝက်ဘ်ဆိုက်မှာ စတင်ရောင်းချနေပြီး အစစ်အမှန် Authentic အိမ်ကွင်းဂျာစီတစ်စုံကို (၁၉၂)ပေါင်နဲ့ ရောင်းချနေတာဖြစ်ပါတယ်။ အရည်အသွေးအနည်းငယ် နိမ့်ကျတဲ့ Replica ဂျာစီတစ်စုံကိုတော့ (၁၂၆)ပေါင်နဲ့ ရောင်းချနေခဲ့ပါတယ်။ အစစ်အမှန် Authentic ဂျာစီက အရည်အသွေးအနည်းငယ် အနည်းငယ်နိမ့်ကျတဲ့ Replica ဂျာစီထက် (၄၅)ပေါင်ခန့် ပိုမို ကျသင့်မှာ ဖြစ်ပါတယ်။ မန်ယူအသင်းအပါအဝင် ပရီးမီးယားလိဂ်ကလပ်အသင်းတွေရဲ့ ဂျာစီရောင်းဈေးတွေက အရင်ရာသီတွေထက် များပြားနေခဲ့လို့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေခဲ့ရပါတယ်။ ပရီးမီးယားလိဂ် ထိပ်တန်းအသင်းတွေရဲ့ ဂျာစီဈေးနှုန်းဟာ ဂျာမန်ဘွန်ဒစ်လီဂါထိပ်သီး ဘိုင်ယန်မြူးနစ်အသင်းရဲ့ တစ်ရာသီစာ အိမ်ကွင်းလက်မှတ်ဈေးနှုန်းထက် (၆၈)ပေါင်ခန့် ပိုမိုများပြားနေခဲ့ပါတယ်။ ဘိုင်ယန်မြူးနစ်အသင်းရဲ့ တစ်ရာသီစာ အိမ်ကွင်းလက်မှတ်ဈေးနှုန်းက (၁၂၄)ပေါင်သာ ကျသင့်မှာဖြစ်ပါတယ်။

Authentic-Man-United-kit-for-the-new-season

Authentic-Man-United-kit-for-the-new-season

မန်ယူအသင်းရဲ့ အိမ်ကွင်းဂျာစီဈေးနှုန်း

Authentic – (၁၉၂.၈၅)ပေါင်
အကျႌ – (၁၀၉.၉၅)ပေါင်
ဘောင်းဘီ – (၄၂.၉၅)ပေါင်
ခြေအိတ် – (၂၉.၉၅)ပေါင်
ကျောနံပါတ်နှင့် နာမည် စာလုံးရိုက်နှိပ်ခ – (၁၀)ပေါင်

Replica – (၁၂၆.၈၅)ပေါင်
အကျႌ – (၆၄.၉၅)ပေါင်
ဘောင်းဘီ – (၃၄.၉၅)ပေါင်
ခြေအိတ် – (၁၆.၉၅)ပေါင်
ကျောနံပါတ်နှင့် နာမည် စာလုံးရိုက်နှိပ်ခ – (၁၀)ပေါင်

REF:The Sun
Photo:The Sun
Aung Kyaw Wai (Akhayar)
www.akhayar.com