[Zawgyi]
REF:The Sun
Naing Linn(Akhayar)
www.akhayar.com
[Unicode]
ပဲလေ့စ်နဲ့ပွဲမတိုင်ခင် ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရတဲ့ မန်ယူ
လာမယ့်တစ်ပတ်ကျရင် ပဲလေ့စ်နဲ့ ပရီးမီးယားလိဂ်ကစားမယ့်ပွဲမတိုင် မန်ယူအသင်းမှာ ဒဏ်ရာပြဿနာတွေနဲ့ ရင်ဆိုင်နေရပါတယ်။ မန်ယူအသင်းရဲ့ အင်္ဂလန်လက်ရွေးစင် တိုက်စစ်မှူးရပ်ရှ်ဖို့ဒ် Marcus Rashford ဟာ နိုင်ငံအသင်းအတွက် ကစားရင်း ဒဏ်ရာရရှိခဲ့ပြီး သူအပါအဝင် အဓိက ကစားသမား(၇)ဦးဟာ ဒဏ်ရာပြဿနာရှိနေတယ်။ မန်ယူအသင်းဟာ မန်စီးတီးနဲပွဲမတိုင်ခင် ပြိုင်ပွဲစုံ (၃)ပွဲဆက်အနိုင်ရခဲ့ပေမယ့် မန်ချက်စတာဒါဘီပွဲမှာ ဂိုးပြတ်ခြေပြတ်နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် လာမယ့်တစ်ပတ် ပဲလေ့စ်နဲ့ဲပွဲကျရင် ရလဒ်ကောင်း ရယူဖို့ လိုအပ်နေပါပြီ။
Manchester-Uniteds-injuries-are-mounting
Manchester-Uniteds-injuries-are-mounting
မန်ယူအသင်းမှာ ဗလင်စီယာ Antonio Valencia (ပါးစပ်ခွဲစိတ်မှုခံထား)၊ ပေါ့ဘာ Paul Pogba (ပေါင်ဒဏ်ရာ)၊ မာစီယဲလ် Anthony Martial (တင်ပါးဒဏ်ရာ)၊ လူကာကူ Romelu Lukaku (ခြေသလုံးဒဏ်ရာ)၊ ဖယ်လေနီ Marouane Fellaini (ပေါင်ခြံဒဏ်ရာ)၊ လင်ဒီလော့ဖ် Victor Lindelof (အဖျားဝေဒနာ)၊ ရပ်ရှ်ဖို့ဒ် Marcus Rashford (ကြွက်သား) တို့ဟာ ဒဏ်ရာအသီးသီး ရှိနေတာဖြစ်ပါတယ်။ ဒီကစားသမားထဲက တချို့ဟာ ပဲလေ့စ်နဲ့ပွဲကို လွဲချော်ဖို့ရှိနေတာကြောင့် မန်ယူအသင်းနည်းပြ မော်ရင်ဟို Jose Mourinho အတွက် ကစားသမားရွေးချယ်မှုအပိုင်းမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရပါပြီ။
REF:The Sun
Photo:Aftonbladet,The Sun
Naing Linn(Akhayar)
www.akhayar.com