အဲဗာတန်အသင်းကို အရှက်တကွဲရှုံးနိမ့်ခဲ့တဲ့ပွဲအပြီးမှာ အ၀တ်လဲခန်းအတွင်း မန်ယူကစားသမားတွေအချင်းချင်း အကြီးအကျယ် စကားများခဲ့တာကြောင့် ရလဒ်တွေဆိုးရွားနေတဲ့ မန်ယူအသင်း စည်းလုံးမှုပါ ပျက်ပြားနေပြီလားလို့ မေးခွန်းထုတ်ရမှာဖြစ်ပါတယ်။ မန်ယူအသင်းဟာ ၂၀၁၆ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ် (၄)ဂိုးပြတ်ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတဲ့အပြင် တခြားမှတ်တမ်းဆိုးတွေလည်း ပိုင်ဆိုင်ခဲ့ပြီး ပွဲအပြီးမှာ ဆိုးလ်ရှား Ole Gunnar Solskjaer က အသင်းပရိသတ်တွေကေို တောင်းပန်စကားဆိုခဲ့ပါသေးတယ်။ ဒါပေမဲ့ ပွဲအပြီး အ၀တ်လဲခန်းအတွင်းမှာ မန်ယူကစားသမားတွေဟာ ရှုံးပွဲအတွက် တစ်ယောက်ကိုတစ်ယောက် လက်ညှိုးထိုး အပြစ်တင်စကားတွေဆိုခဲ့ကြသလို အပြန်အလှန်အချင်းများခဲ့ပြီး သူတို့အော်ဟစ်နေတဲ့အသံက အ၀တ်လဲခန်းအပြင်ကတောင် ကြားခဲ့ရတယ်လို့ ဗြိတိန်မီဒီယာတွေက ဖော်ပြခဲ့ပါတယ်။

ပွဲကစားချိန်အတွင်းမှာလည်း မန်ယူကစားသမားတွေ အချင်းချင်း ပြစ်တင်နေကြတဲ့ပုံရိပ်တွေကိုလည်း ပရိသတ်တွေ မြင်တွေ့ကြမှာပါ။ ဒါပေမဲ့ အ၀တ်လဲခန်းအတွင်းက အဖြစ်အပျက်နဲ့ပတ်သက်ပြီး ပေါ့ဘာ Paul Pogba က အခုလိုရှင်းပြခဲ့ပါတယ်။ “ကျွန်တော်တို့ဟာ ကိုယ့်ကိုယ်ကိုယ်ရော၊ ကလပ်အသင်းနဲ့ ပရိသတ်တွေကိုပါ လေးစားမှု မရှိသလိုလုပ်ခဲ့ပါတယ်။ ကွင်းတွင်းစွမ်းဆောင်ရည်က ပရိသတ်တွေ ကျေနပ်စရာမဖြစ်ခဲ့တာကြောင့် ကျွန်တော်တို့ ကိုယ့်ကိုယ်ကိုယ် ဒေါသထွက်မိတာပါ။ ဒီထက်ပိုကောင်းအောင် ကျွန်တော်တိုပ စွမ်းဆောင်ဖို့ လိုနေပါပြီ”လို့ ပြောကြားခဲ့ပါတယ်။ မန်ယူအသင်းဟာ ဗုဒ္ဓဟူးနေ့မှာ မန်စီးတီး၊ လာမယ့်တနင်္ဂနွေနေ့မှာ ချယ်လ်ဆီးအသင်းတို့နဲ့ ပွဲကျပ်တွေဆက်တိုက်ကစားရမှာဖြစ်ပြီး ခြေချော်ခဲ့ရင်တော့ ချန်ပီယံလိဂ်ဝင်ခွင့်မျှော်လင့်ချက်က အဆုံးသတ်သွားမှာဖြစ်ပါတယ်။

REF:Daily Mail
Photo:Getty Images,offside
Naing Linn(Akhayar)
www.akhayar.com