[Zawgyi]

နယူးကာဆယ္နဲ႔ပဲြမွာ ရလဒ္မေကာင္းရင္ ေမာ္ရင္ဟုိ Mourinho ရာထူးက ထုတ္ပယ္ခံရဖုိ႔ ရွိေနၿပီ

မန္ယူအသင္း ဘုတ္အဖဲြ႕ဟာ နည္းျပ ေမာ္ရင္ဟုိ Mourinho ကုိ ယုံၾကည္မႈ ေလ်ာ႔နည္းေနၿပီး တကယ္လုိ႔ ဒီတစ္ပတ္ကစားမယ့္ နယူးကာဆယ္နဲ႔ပဲြမွာသာ ႐ႈံးနိမ့္ခဲ့ရင္ ရာထူးက ထုတ္ပယ္ဖုိ႔ စီစဥ္ေနပါၿပီ။ မန္ယူအသင္းဟာ ၿပိဳင္ပဲြစုံ ေနာက္ဆုံး(၄)ပဲြဆက္ ႏုိင္ပဲြေပ်ာက္ခ့ဲၿပီး အိမ္ကြင္းမွာလည္း (၄)ပဲြဆက္ အႏုိင္မရခဲ့ပါဘူး။ ဒါေၾကာင့္ မန္ယူအသင္း ဘုတ္အဖဲြ႕က ေမာ္ရင္ဟုိကုိ စိတ္ရွည္သညး္ခံမႈ ေလ်ာ႔နည္းလာၿပီး နယူးကာဆယ္နဲ႔ပဲြမွာသာ ရလဒ္မေကာင္းရင္ ရာထူးက ထုတ္ဖုိ႔ ဆႏၵရွိေနတာပါ။

Mourinho-is-facing-the-sack-at-Manchester-United

Mourinho-is-facing-the-sack-at-Manchester-United

မန္ယူအသင္းဟာ ၁၉၈၉-၉၀ ရာသီ ေနာက္ပုိင္း လိဂ္ၿပိဳင္ပဲြမွာ အဆုိးရြားဆုံး ရာသီအစမွတ္တမ္းကုိ ပုိင္ဆုိင္ေနၿပီး ေမာ္ရင္ဟုိနဲ႔ အသင္းက ကစားသမားေတြၾကားမွာလည္း စညး္လုံးမႈ ၿပိဳကဲြေနတယ္။ ဒါေၾကာင့္ မန္ယူအသင္းနည္းျပသစ္ ဇီဒန္း Zidane ျဖစ္လာမယ္ဆုိတ့ဲ သတင္းေတြလည္း အခုရက္ပုိင္းအတြင္း ပုိၿပီးက်ယ္က်ယ္ျပန္႔ျပန္ ထြက္ေပၚေနပါတယ္။ ၂၀၁၆ ခုႏွစ္က မန္ယူအသင္းကုိ စတင္ကုိင္တြယ္ခဲ့တဲ့ ေမာ္ရင္ဟုိဟာ ပထမဆုံးရာသီမွာ လိဂ္ဖလား၊ ယူ႐ုိပါလိဂ္ဖလားေတြ ရယူခဲ့ေပမယ့္ ဒုတိယေျမာက္ရာသီမွာ ဖလားလက္မဲ့ျဖစ္ခဲ့ၿပီး အခုရာသီမွာေတာ့ အေျခအေနပိုဆုိးေနပါၿပီ။

REF:The Sun
Photo:The Sun
Naing Linn(Akhayar)
www.akhayar.com

[Unicode]

နယူးကာဆယ်နဲ့ပွဲမှာ ရလဒ်မကောင်းရင် မော်ရင်ဟို Mourinho ရာထူးက ထုတ်ပယ်ခံရဖို့ ရှိနေပြီ

မန်ယူအသင်း ဘုတ်အဖွဲ့ဟာ နည်းပြ မော်ရင်ဟို Mourinho ကို ယုံကြည်မှု လျော့နည်းနေပြီး တကယ်လို့ ဒီတစ်ပတ်ကစားမယ့် နယူးကာဆယ်နဲ့ပွဲမှာသာ ရှုံးနိမ့်ခဲ့ရင် ရာထူးက ထုတ်ပယ်ဖို့ စီစဉ်နေပါပြီ။ မန်ယူအသင်းဟာ ပြိုင်ပွဲစုံ နောက်ဆုံး(၄)ပွဲဆက် နိုင်ပွဲပျောက်ခဲ့ပြီး အိမ်ကွင်းမှာလည်း (၄)ပွဲဆက် အနိုင်မရခဲ့ပါဘူး။ ဒါကြောင့် မန်ယူအသင်း ဘုတ်အဖွဲ့က မော်ရင်ဟိုကို စိတ်ရှည်သည်းခံမှု လျော့နည်းလာပြီး နယူးကာဆယ်နဲ့ပွဲမှာသာ ရလဒ်မကောင်းရင် ရာထူးက ထုတ်ဖို့ ဆန္ဒရှိနေတာပါ။

Mourinho-is-facing-the-sack-at-Manchester-United

Mourinho-is-facing-the-sack-at-Manchester-United

မန်ယူအသင်းဟာ ၁၉၈၉-၉၀ ရာသီ နောက်ပိုင်း လိဂ်ပြိုင်ပွဲမှာ အဆိုးရွားဆုံး ရာသီအစမှတ်တမ်းကို ပိုင်ဆိုင်နေပြီး မော်ရင်ဟိုနဲ့ အသင်းက ကစားသမားတွေကြားမှာလည်း စည်းလုံးမှု ပြိုကွဲနေတယ်။ ဒါကြောင့် မန်ယူအသင်းနည်းပြသစ် ဇီဒန်း Zidane ဖြစ်လာမယ်ဆိုတဲ့ သတင်းတွေလည်း အခုရက်ပိုင်းအတွင်း ပိုပြီးကျယ်ကျယ်ပြန့်ပြန် ထွက်ပေါ်နေပါတယ်။ ၂၀၁၆ ခုနှစ်က မန်ယူအသင်းကို စတင်ကိုင်တွယ်ခဲ့တဲ့ မော်ရင်ဟိုဟာ ပထမဆုံးရာသီမှာ လိဂ်ဖလား၊ ယူရိုပါလိဂ်ဖလားတွေ ရယူခဲ့ပေမယ့် ဒုတိယမြောက်ရာသီမှာ ဖလားလက်မဲ့ဖြစ်ခဲ့ပြီး အခုရာသီမှာတော့ အခြေအနေပိုဆိုးနေပါပြီ။

REF:The Sun
Photo:The Sun
Naing Linn(Akhayar)
www.akhayar.com