[Zawgyi]

ေပၚတို လူငယ္ေနာက္ခံလူ ဒါေလာ့တ္ကို အၿပီးသတ္ ေခၚယူခဲ့တဲ့ မန္ယူအသင္း

အခုႏွစ္ေႏြရာသီ အေျပာင္းအေရႊ႕ကာလမွာ မန္ယူအသင္းရဲ႕ ဒုတိယေျမာက္ ေခၚယူမႈအျဖစ္ ေပၚတိုလူငယ္ ေနာက္ခံလူ ဒါေလာ့တ္ Dalot ကို အၿပီးသတ္ ေခၚယူႏိုင္ခဲ့ၿပီ ျဖစ္ပါတယ္။ မန္ယူအသင္းဟာ အသက္ (၁၉)ႏွစ္သာ ရွိေသးတဲ့ လူငယ္ေနာက္ခံလူ ဒါေလာ့တ္ Dalot အတြက္ ေပၚတိုအသင္းကို ေပါင္ (၁၇.၄)သန္း ေပးေခ်ခဲ့ရၿပီး (၅)ႏွစ္ စာခ်ဳပ္ ခ်ဳပ္ဆိုခဲ့ပါတယ္။ ၿပီးခဲ့တဲ့ အဂၤါေန႔က မန္ယူအသင္းနဲ႔ ေဆးစစ္မႈ ခံယူခဲ့ၿပီး စစ္ေဆးမႈေတြ ေအာင္ျမင္ခဲ့လို႔ အၿပီးသတ္ စာခ်ဳပ္ ခ်ဳပ္ဆိုႏိုင္ခဲ့တာ ျဖစ္ပါတယ္။ မန္ယူအသင္းဟာ ဘရာဇီးလ္ ကြင္းလယ္လူ ဖရက္ဒ္ Fred ကို ရွက္တာဒိုးနတ္အသင္းကေန ေပါင္သန္း (၅၀)ခန္႔နဲ႔ ေခၚယူခဲ့ၿပီး အခုႏွစ္ ေႏြရာသီရဲ႕ ဒုတိယေျမာက္ ေခၚယူမႈအျဖစ္ ေပၚတိုအသင္းရဲ႕ လူငယ္ၾကယ္ပြင့္ ေနာက္ခံလူ ဒါေလာ့တ္ Dalot ကို ေခၚယူႏိုင္ခဲ့တာ ျဖစ္ပါတယ္။

Diogo-Dalot-1

Diogo-Dalot-1

မန္ယူအသင္းနည္းျပ ေမာ္ရင္ဟို Mourinho ကေတာ့ “ဒါေလာ့တ္ Dalot က ပါရမီရွိတဲ့ လူငယ္ေနာက္ခံလူ တစ္ေယာက္ပါ။ အသင္းမွာ မၾကာခင္ကို ႀကီးက်ယ္ခမ္းနားတဲ့ ကစားသမားတစ္ေယာက္အျဖစ္ ေရာက္ရွိလာမွာပါ။ ေနာက္ခံအစြန္လူတစ္ေယာက္မွာ ရွိသင့္တဲ့ ႀကံ့ခိုင္မႈအပိုင္း၊ နည္းစနစ္ၾကြယ္ဝမႈ၊ နည္းစနစ္ပိုင္းေကာင္းမြန္မႈေတြနဲ႔ ျပည့္စံုတဲ့ လူငယ္ ကစားသမား တစ္ေယာက္ပါ။ ဥေရာပမွာရွိတဲ့ လူငယ္ ေနာက္ခံအစြန္လူေတြထဲမွာ အေကာင္းဆံုး ကစားသမား တစ္ေယာက္ပါ။ မန္ယူအသင္းမွာ သူ႔ရဲ႕ အနာဂတ္ေတြက ပိုမုိေတာက္ပ လာလိမ့္မယ္လို႔ ယံုၾကည္ပါတယ္”လို႔ ဒါေလာ့တ္ Dalot နဲ႔ ပတ္သက္ၿပီး ေျပာၾကားခဲ့ပါတယ္။

ဒါေလာ့တ္ Dalot ရဲ႕ ကိုယ္ေရးအက်ဥ္း

Full Name – José Diogo Dalot Teixeira
Date of Birth – 18 March 1999 (age 19)
Place of Birth – Braga, Portugal
Height – 1.84 m (6 ft 0 in)
Playing Position – Full-back
Current team
Manchester United
Youth career
2008–2017 Porto
2014–2015 → Padroense (loan)

REF:Sky Sports, Wikipedia
Photo:Manchester United’s Twitter
Aung Kyaw Wai (Akhayar)
www.akhayar.com

[Unicode]

ပေါ်တို လူငယ်နောက်ခံလူ ဒါလော့တ်ကို အပြီးသတ် ခေါ်ယူခဲ့တဲ့ မန်ယူအသင်း

အခုနှစ်နွေရာသီ အပြောင်းအရွှေ့ကာလမှာ မန်ယူအသင်းရဲ့ ဒုတိယမြောက် ခေါ်ယူမှုအဖြစ် ပေါ်တိုလူငယ် နောက်ခံလူ ဒါလော့တ် Dalot ကို အပြီးသတ် ခေါ်ယူနိုင်ခဲ့ပြီ ဖြစ်ပါတယ်။ မန်ယူအသင်းဟာ အသက် (၁၉)နှစ်သာ ရှိသေးတဲ့ လူငယ်နောက်ခံလူ ဒါလော့တ် Dalot အတွက် ပေါ်တိုအသင်းကို ပေါင် (၁၇.၄)သန်း ပေးချေခဲ့ရပြီး (၅)နှစ် စာချုပ် ချုပ်ဆိုခဲ့ပါတယ်။ ပြီးခဲ့တဲ့ အင်္ဂါနေ့က မန်ယူအသင်းနဲ့ ဆေးစစ်မှု ခံယူခဲ့ပြီး စစ်ဆေးမှုတွေ အောင်မြင်ခဲ့လို့ အပြီးသတ် စာချုပ် ချုပ်ဆိုနိုင်ခဲ့တာ ဖြစ်ပါတယ်။ မန်ယူအသင်းဟာ ဘရာဇီးလ် ကွင်းလယ်လူ ဖရက်ဒ် Fred ကို ရှက်တာဒိုးနတ်အသင်းကနေ ပေါင်သန်း (၅၀)ခန့်နဲ့ ခေါ်ယူခဲ့ပြီး အခုနှစ် နွေရာသီရဲ့ ဒုတိယမြောက် ခေါ်ယူမှုအဖြစ် ပေါ်တိုအသင်းရဲ့ လူငယ်ကြယ်ပွင့် နောက်ခံလူ ဒါလော့တ် Dalot ကို ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

Manchester-United-New-Player-Diogo-Dalot

Manchester-United-New-Player-Diogo-Dalot

မန်ယူအသင်းနည်းပြ မော်ရင်ဟို Mourinho ကတော့ “ဒါလော့တ် Dalot က ပါရမီရှိတဲ့ လူငယ်နောက်ခံလူ တစ်ယောက်ပါ။ အသင်းမှာ မကြာခင်ကို ကြီးကျယ်ခမ်းနားတဲ့ ကစားသမားတစ်ယောက်အဖြစ် ရောက်ရှိလာမှာပါ။ နောက်ခံအစွန်လူတစ်ယောက်မှာ ရှိသင့်တဲ့ ကြံ့ခိုင်မှုအပိုင်း၊ နည်းစနစ်ကြွယ်ဝမှု၊ နည်းစနစ်ပိုင်းကောင်းမွန်မှုတွေနဲ့ ပြည့်စုံတဲ့ လူငယ် ကစားသမား တစ်ယောက်ပါ။ ဥရောပမှာရှိတဲ့ လူငယ် နောက်ခံအစွန်လူတွေထဲမှာ အကောင်းဆုံး ကစားသမား တစ်ယောက်ပါ။ မန်ယူအသင်းမှာ သူ့ရဲ့ အနာဂတ်တွေက ပိုမိုတောက်ပ လာလိမ့်မယ်လို့ ယုံကြည်ပါတယ်”လို့ ဒါလော့တ် Dalot နဲ့ ပတ်သက်ပြီး ပြောကြားခဲ့ပါတယ်။

ဒါလော့တ် Dalot ရဲ့ ကိုယ်ရေးအကျဉ်း

Full Name – José Diogo Dalot Teixeira
Date of Birth – 18 March 1999 (age 19)
Place of Birth – Braga, Portugal
Height – 1.84 m (6 ft 0 in)
Playing Position – Full-back
Current team
Manchester United
Youth career
2008–2017 Porto
2014–2015 → Padroense (loan)

REF:Sky Sports, Wikipedia
Photo:Manchester United’s Twitter
Aung Kyaw Wai (Akhayar)
www.akhayar.com